သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၀)
diz_admin
November 23, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၉) အပိုင်း-၃- (အများသွားတောင်ကြားလမ်းက စစ်သည်တော်များ) အခန်း-၂၀- (၁) ကန်ချနဘူရီ (သို့) မြန်မာ့တော်လှန်ရေးသမိုင်းထဲက မြို့ ကန်ချနဘူရီမှာ ကျနော်တို့ တည်းခိုလေ့ရှိတဲ့နေရာက River Kwai ဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ V-Guest House ဖြစ်ပါတယ်။ ဘုရားသုံးဆူဘက်ကလာတဲ့ ကျောင်းသားတွေလည်း ဒီမှာတည်း လေ့ရှိတယ်လို့ ကြားရပေမယ့် ကျနော်နဲ့တော့ တခါမှမဆုံဖြစ်ပါဘူး။ ကန်ချနဘူရီမြို့ဟာ ကျနော်တို့ မင်းသမီးခစန်းရှိတဲ့ ထိုင်းနယ်စပ်က ဖုနန်းလွန် သို့မဟုတ် ရေပူရွာ (အခု ကန်ချနပူရီ-ထားဝယ် အဝေးပြေးကားလမ်းပေါ်က ထိုင်းနယ်စပ်ဂိတ်ရှိတဲ့ရွာ) နဲ့ တနာရီခွဲ ခရီးလောက်သာရှိပေမယ့် အဲဒီခေတ်က လမ်းသိပ်မကောင်းသေးပဲ မြေနီလမ်းအဆင့်ပဲ ရှိပါသေးတယ်။ နောက်တခါ ဖုနန်းလွန် နယ်စပ်ကနေ ထီးခီးကိုဝင်တဲ့လမ်း၊ အထူးသဖြင့် ထီးခီးကနေ ထီးထာ […]