အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 24, 2022အခန်း(၂၈) “ဘယ်လိုလဲ..ကြေးမုံ” “ဖလော်ရင့် ဟာ လူကောင်းပါ…လူဆိုးလူမိုက်လောကကလည်း မဟုတ်ရှာဘူး..နိုင်ငံရေးလည်းစိတ်ဝင်စားတာမဟုတ်ဘူး… သူ့မှာ နီနီနဲ့ ကြိုက်မိတာက သေလောက်အောင်ဖြစ်သွားခဲ့ပြီလား..ခင်ဗျားမှာလည်း သားသမီးတွေရှိတာပဲ..ကိုယ်ချင်းစာကြည့်သင့်တယ်” မျက်မှန်ကြီးက ကြေးမုံ၏ ပုခုံးကို ပုတ်လိုက်သည်။ “ငါတို့ဘဝတွေမှာ ကိုယ်ချင်းစာတာတွေ…စာနာတာတွေထက် အမိန့်ကိုပဲ တွေးတယ်ကွ..သူတော်ကောင်းလုပ်နေဖို့ အချိန်မရှိဘူး…နေပါဦး..မင်းမှာ ဘယ်တုန်းက ဒီလို သူတော်ကောင်းစိတ်တွေဝင်သွားတာလဲ..ကြေးမုံ..အေးလေ..မင်းစိတ်တွေ ပျော့ညံ့လာတာဟာ..မင်းကျဆုံးဖို့ ဖြစ်လာတာပဲ..မိုးကျော်က အခု လားရှိုးဘက်မှာရှိနေတယ်..တောင်ကြီးကို တစ်ရက်ခရီးဆိုရောက်ပြီကွ…ငါဒီက ကြေးနန်းလှမ်းရိုက်လိုက်ရုံပဲ..မင်းနဲ့ ငါတို့ကြား ဆက်ဆံရေးပြီးသွားပြီ” “ကျွန်တော်လည်း ဒီနေ့ကို စောင့်နေတာပါ..ကဲ..ဒါဆိုလည်း ကျွန်တော်ပြန်မယ်” ကြေးမုံက စားပွဲပေါ်တင်ထားသော ကားသော့ကို ယူကာ မတ်တပ်ရပ်လိုက်သည်။ အခန်းတွင်းသို့ သူဝင်လာစဥ်က အသိမ်းခံထားရသည့် သေနတ်ကို တံခါးဝတွင် ရပ်စောင့်နေသော အရာခံဗိုလ်ထံမှ တောင်းလိုက်သည်။ မျက်မှန်ကြီးက ခေါင်းခါပြလိုက်၏။ “ပြီးပြီ..ကြေးမုံ…ငါမင်းကို သေနတ်ပေးထားခဲ့တာဟာ..ငါ့အမိန့်ကိုနာခံမယ့်လူလို့ ယုံကြည်ခဲ့လို့ပဲ..အခုတော့ ပြီးသွားပြီ..မင်းပြန်တော့…မင်းလုပ်နေသမျှ မှောင်ခိုကိစ္စအားလုံးလည်း […]