သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၃)
diz_admin
December 26, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၅၃- (၁) မျောက်ပစ်မုဆိုးမှ သဘာဝပတ်ဝန်းကျင်သတင်းထောက် အဖြစ်သို့ အဲဒီလို သစ်ပင်ပေါ်က မျောက်တွေကို ပစ်စားခဲ့ဖူးတဲ့၊ အင်းအိုင်တွေထဲ လက်ဗစ်ဗုံး ပစ်ချပြီး ငါး ဖမ်းခဲ့ဖူးတဲ့၊ သဘာဝချောင်းရေထဲ စားကြွင်းစားကျန်နဲ့ ပလပ်စတစ်စတွေ ပစ်ချခဲ့ဖူးတဲ့ ကျနော် DVB သတင်းထောက်အဖြစ် ပေးပို့တဲ့ သတင်းတွေထဲမှာ ပထမဆုံး ပေါက်သွားတဲ့သတင်းက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအကြောင်း ဖြစ်နေတယ်ဆိုရင် စာဖတ်ပရိတ်သတ် ယုံပါ့မလား။ ၁၉၉၅ နှောင်းပိုင်းမှာ DVB သတင်းထောက် စဖြစ်လာတဲ့ ကျနော့်အတွက် ပထမဆုံး လိုက်ရတဲ့ သတင်းကြီးတခုက နတ်အိမ်တောင်-ကံပေါက်ဒေသမှာ စတင် ဖောက်လုပ်နေတဲ့ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက Total ကုမ္ပဏီ၊ အမေရိကန်က […]