BREAKING
December 23, 2024

ရသ

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

December 29, 2022

Princes in The Darkness 1990s အခန်း(၃) “ဒါနဲ့ပဲ အီဆာကြီး ကို မင်းက သတ်ခဲ့တာပေါ့” စိုးမြတ်၏ စကားအဆုံးတွင် ဗေဒါက နောက်ထပ်စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ထို့နောက် လေထုထဲသို့ ဖွာထုတ်လိုက်၏။ “ဟုတ်တယ်…သူ့ကို သတ်ပြီးတာနဲ့ ကျွန်တော် ရပ်ကွက်လူကြီးတွေကိုခေါ်ပြီး ကျောက်တံတားစခန်းမှူး ဉီးစောဟန်နီဆီမှာ သွားအဖမ်းခံခဲ့တယ်” “ရပ်ကွက်ကလည်း မင်းဘက်ရှိနေတာပဲ..ဒီကာလကြီး မင်းပြေးရင်လွတ်ရဲ့သားနဲ့..ဘာလို့မပြေးတာလဲ” “ပြေးတော့ရော..ဘာထူးမှာလဲဗျာ…တသက်လုံး ဝရမ်းပြေးဘဝနဲ့ မလွတ်မလပ်နေနေရမှာ” “မင်း..ကျောင်းရောတက်သေးလား” “ကျွန်တော် ဒုတိယနှစ်တက်မယ့်နှစ်မှာပဲ အရေးအခင်းဖြစ်တာလေဗျာ..ဒါနဲ့ တစ်နှစ်အောက်သွားတဲ့သဘောပဲ” စိုးမြတ်က ခွက်ထဲမှ လက်ဖက်ရည်လက်ကျန်ကို မော့ချလိုက်၏။ “ကိုအီဆာ လိုလူတွေ၊ ငါတို့လိုလူတွေက တနေ့နေ့ တချိန်ချိန် သူများသတ်လို့ပဲ သေကြမယ်ဆိုတာ ငါတွေးထားပြီးသားပါ..ဒါပေမယ့်..ကိုအီဆာကို သတ်တဲ့သူဟာ မင်းလို အရာရှိသားသမီး၊ ပညာတတ်ကလေးလို့တော့ ငါမတွေးထားမိဘူး..အင်း..အီဆာကြီးတန်ပါတယ်..ဟား..ဟား” စိုးမြတ်က […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၆)

diz_admin

December 29, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၆- (၁) မင်းသမီးစခန်း ခွာစစ်အတွက် ပြင်ဆင်ဖို့လိုအပ်လာခြင်း ကျနော့်ဘဝမှာ ခဏတာလို့ထင်ခဲ့ပြီး တသက်စာဖြစ်သွားတဲ့ အဖြစ်ပျက်တွေ သိပ်မနည်းလှတော့ပါဘူး။ အဲဒီထဲမှာ မင်းသမီးစခန်း ခွာစစ်လည်း တခုအပါဝင်ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး အဲဒီ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တောခိုလာတဲ့ ကျနော်တို့ဟာ တနင်္သာရီမြစ်ဘေး၊ တောကြီးမျက်မည်းထဲက ဒီစခန်းမှာ ဆယ်နှစ်-ဆယ်မိုးနေထိုင်ခဲ့ပါတယ်။ ကျောင်းသားဘဝက ၄-နှစ်လောက် တက်ခဲ့ဖူးတဲ့ တက္ကသိုလ်တွေကိုတောင် ဘဝတလျှောက်လုံး တမ်းတမ်းတတ ဖြစ်နေသူတွေရှိတယ်ဆိုရင် ဆယ်နှစ်-ဆယ်မိုး ကျဉ်းထဲကျပ်ထဲ၊ မိုးထဲ ရေထဲ၊ တိုက်ပွဲတွေကြားထဲ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့ နေခဲ့ဖူးတဲ့ တောတွင်းက ဘဝတက္ကသိုလ်ကို ကျနော်တို့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅)

diz_admin

December 28, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၅- (၁) ပေါင်းစည်းရေးညီလာခံမှ ရွေးချယ်လိုက်သော ဗဟိုကော်မီတီအသစ် ညီလာခံ နောက်ဆုံးနေ့ ရွေးချယ်တင်မြှောက်ပွဲကနေ တက်လာတဲ့ ဗဟိုကော်မတီ အသစ်ထဲမှာ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု-ဥက္ကဋ္ဌ၊ ကိုအောင်သူငြိမ်းက အထွေထွေအတွင်းရေးမှူး၊ ကိုစိုင်းမြင့်သူက အတွင်းရေးမှူး-၁၊ ကိုမျိုးဝင်းက အတွင်းရေးမှူး-၂ ဖြစ်လာပါတယ်။ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ၈-ဦးကတော့ ကိုဌေးအောင်။ ကိုကျော်ကျော်၊ ကိုဝင်းမင်း၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင်ဦး၊ ကိုဝင်းနိုင်ဦး၊ ကိုအောင်နိုင်နဲ့ ကိုအောင်ခိုင်တို့ ဖြစ်ပါတယ်။ ဗဟိုကော်မတီဝင် ၁၇-ဦးကတော့ ကိုကျော်ကိုကိုဝင်း၊ ကိုလွမ်းဏီ၊ ကိုဇော်မင်း၊ ကိုမောင်မောင်တိတ်၊ ကိုကျော်မိုး၊ ကိုဇော်ဝင်းလွင်၊ ကိုဝင်းချို၊ ကိုကျော်ထင်၊ ကိုဆလိုင်းယောအောင်၊ ကိုမောင်ဒီ၊ ကိုရဲလင်းထွန်း၊ […]

အမှောင်ထဲမှ မင်းသားများ  ၁၉၉၀

diz_admin

December 27, 2022

Princes in The Darkness 1990s အခန်း(၂) ဗေဒါ က ခေါင်းကို လက်ဖြင့် အုပ်ပြီး ဝိုင်းရိုက်နေသည့်ကြားမှ တိုးထွက်ရန်ပြင်သည်။ ချွဲပြစ်ပြစ်သွေးများ၏ ပူနွေးမှုကို သူ့ခေါင်းနှင့် လက်တွင် ထိတွေ့ခံစားနေရ၏။ ဗေဒါ မျက်လုံးတို့ကို အားယူဖွင့်ကြည့်လိုက်သောအခါ မျက်နှာတစ်ခု။ နဖူးပြောင်ပြောင်၊ မျက်တွင်းမှောင်မှောင်နှင့် သွားများက နီရဲနေသည်။ “ကိုအီဆာကြီးကို ရိုက်ခဲ့တာ..မှတ်မိလား..ဟေ့ကောင်..မင်းတသက်လုံးမှတ်မိနေအောင် အခုလို လာလုပ်ပေးတာ…မင်း လို ခွေးသားပေါက်အဆင့်နဲ့ အီဆာကြီးကို မထိနဲ့” ထို့နောက်…တုတ်ကိုယ်စီ ကိုင်ထားသော သူများက ဗေဒါ့ရှေ့မှ အလျှိုလျှိုပျောက်ကွယ်သွားသည်။ “ဗေဒါ ရရဲ့လား” လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေသော သူများက ပြေးထွက်လာပြီး ဆွဲထူကြ၏။ သူတို့က ဗေဒါကို ဝင်ကူချင်ကြသော်လည်း တဖက်က လူအုပ်တောင့်နေသည့်အပြင် နာမည်ကြီးလူမိုက် အီဆာ၏တပည့်များမှန်းသိနေကြသည့်အတွက် ချက်ချင်းဝင်မပါကြခြင်းပင်။ ဗေဒါ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄)

diz_admin

December 27, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၃) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း- ၅၄- (၁) ABSDF ပြန်လည်ပေါင်းစည်းရေး ညီလာခံကျင်းပခြင်း မြန်မာ့တော်လှန်ရေးသမိုင်းမှာ မကွဲဘူးတဲ့ နိုင်ငံရေးအဖွဲ့အစည်း မရှိသလောက် ရှားတယ်ဆိုတဲ့ စကားနဲ့အညီ ကျနော်တို့ ABSDF ဟာလည်း နယ်စပ်ဒေသ နိုင်ငံရေးအရှိန် အကောင်းဆုံးကာလ ၁၉၉၁ စက်တင်ဘာဝန်းကျင်မှာ စတင်ကွဲပြဲခဲ့ပါတယ်။ အဲဒီလို ကွဲပြဲချိန်ကစပြီး ဗဟို ၂-ခု ပြန်လည်ပေါင်းစည်းရေးအတွက် ကျနော်တို့ မင်းသမီးစခန်း ၂၀၁-တပ်ရင်း ဘက်မလိုက်အဖွဲ့ အပါအဝင် အဖွဲ့အစည်းတချို့၊ ပုဂ္ဂိုလ်တချို့က ကြားဝင် စေ့စပ်ပေးခဲ့ကြပေမယ့် အချိန်မတန်သေးလို့လား မသိပါဘူး၊ ဗဟို ၂-ဘက် ခေါင်းဆောင်ပိုင်းက ပေါင်းစည်းချင်တဲ့လက္ခဏာ မပြခဲ့ပါဘူး။ “အချိန်က စကားပြောလိမ့်မယ်” ဆိုတဲ့စကားကို ဒီနေရာမှာ သုံးသင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၃)

diz_admin

December 26, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၅၃- (၁) မျောက်ပစ်မုဆိုးမှ သဘာဝပတ်ဝန်းကျင်သတင်းထောက် အဖြစ်သို့ အဲဒီလို သစ်ပင်ပေါ်က မျောက်တွေကို ပစ်စားခဲ့ဖူးတဲ့၊ အင်းအိုင်တွေထဲ လက်ဗစ်ဗုံး ပစ်ချပြီး ငါး ဖမ်းခဲ့ဖူးတဲ့၊ သဘာဝချောင်းရေထဲ စားကြွင်းစားကျန်နဲ့ ပလပ်စတစ်စတွေ ပစ်ချခဲ့ဖူးတဲ့ ကျနော် DVB သတင်းထောက်အဖြစ် ပေးပို့တဲ့ သတင်းတွေထဲမှာ ပထမဆုံး ပေါက်သွားတဲ့သတင်းက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအကြောင်း ဖြစ်နေတယ်ဆိုရင် စာဖတ်ပရိတ်သတ် ယုံပါ့မလား။ ၁၉၉၅ နှောင်းပိုင်းမှာ DVB သတင်းထောက် စဖြစ်လာတဲ့ ကျနော့်အတွက် ပထမဆုံး လိုက်ရတဲ့ သတင်းကြီးတခုက နတ်အိမ်တောင်-ကံပေါက်ဒေသမှာ စတင် ဖောက်လုပ်နေတဲ့ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက Total ကုမ္ပဏီ၊ အမေရိကန်က […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

December 25, 2022

Princes in The Darkness 1990s အခန်း(၁) ၁၉၈၉ ခုနှစ်။ အောက်တိုဘာလ ၂၅ ရက်။ အင်းစိန်ဗဟိုအကျဉ်းထောင်။ ပုံစံခန်း။ “ဖောင်း” ပုံစံခန်းသို့ ဝင်ဝင်ချင်း။ သူ့နံကြားသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်လာသော ကန်ချက်တစ်ခု။ ကြမ်းပြင်ပေါ် ဘေးတစောင်း လဲကျသွားရာမှ သူမော့ကြည့်လိုက်သည်။ “ဟေ့ကောင်..ဘာကြည့်တာလဲ..ဝင်ဝင်လာချင်း..မင်းစောက်ချိုးကို ကြည့်မရလို့ကန်တယ်ကွာ. လီးဖြစ်လား” သူ့ကို ကန်ထည့်လိုက်သူက သူနှင့် ရွယ်တူခန့်ရှိမည့် လူတစ်ယောက်။ အသားမည်းမည်း၊ ဂင်တိုတိုဖြင့်။ အင်္ကျီဗလာကျင်းထားပြီး..ထောင်ပုံစံပုဆိုးကို ခပ်တိုတိုဝတ်ထားသည်။ ထိုသူက ပြောပြောဆိုဆိုဖြင့် ဖင်ထိုင်လျက်ဖြစ်နေသော သူ့ထံသို့ ပြေးဝင်လာပြန်၏။ သူ့ခန္ဓာကိုယ် တွင် ဖြစ်လာမည့် နာကြင်မှုကို နောက်တကြိမ်သူ ခွင့်မပြုနိုင်။ “ဖောင်း..ဖောင်း..ဖောင်း” လည်မြိုတည့်တည့်ကို ထိသွားသည့် လက်သီးချက်ကြောင့် ထိုသူမှာ ဖင်ထိုင်လျက် ကျသွားသည်။ ပုံစံခန်းအတွင်းရှိနေသော […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂)

diz_admin

December 25, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၁) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၅၂- (၁) မျောက်သားစားချင်ရင် အလှူရှင်မျက်နှာကိုမကြည့်နဲ့ “မျောက်သားစားချင်ရင် မျောက်မျက်နှာကို မကြည့်နဲ့” ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူတွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တောထဲမှာ ငတ်ပြတ်နေတဲ့ ကျနော်တို့ ကျိုးဖိုးတွေအဖို့ကတော့ မျောက်မျက်နှာ ကြည့်ရုံတင်မက၊ မျောက်တကောင်လုံးကို အသေချာကြည့်ပြီး စားနေကြသူတွေဆိုတော့ အဲဒီ ဆိုရိုးစကားက မမှန်တော့ပါဘူး။ ၁၉၉၄ နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလထဲမှာလို့ ထင်ပါတယ်။ ထောက်ပံ့ရေးတာဝန်နဲ့ ဟွာဟင်ဒေသက စခန်းသစ်ဆီ နိုင်ငံခြားသား NGO ဝန်ထမ်းတဦးကို ကျနော်ခေါ်သွားဖူးပါတယ်။ စခန်းသစ်တည်ဆောက်ကစ ABSDF အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိချင်လို့ဆိုပြီး လိုက်ကြည့်သူကတော့ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းထဲမှာ ရုံးခန်းဖွင့်ထားတဲ့ နာမည်ကြီး NGO […]