သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၂)
diz_admin
January 4, 2023<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၁) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၆၂- (၁) အကျအဆုံး များလွန်းတဲ့ မင်းသမီးစခန်းခွာစစ် စစ်တိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါ၊ သူသေကိုယ်သေ နွှဲရတဲ့ပွဲမှာ အတွက်အချက် တကွက်မှားတာနဲ့ ခံသွားရနိုင်ပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း မင်းသမီးစခန်းခွာစစ် လမ်း ၃-သွယ် စီမံကိန်းအရ ဖြန့်ခွဲလိုက်တဲ့ ကျနော်တို့ တပ်တွေဟာ တကွဲတပြားစီ ဖြစ်သွားပြီး နဝတ-တပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံလိုက်ရပါတယ်။ ပထမဆုံး ခံလိုက်ရတဲ့ အဖွဲ့ကတော့ စစ်ပွဲမဖြစ်ခင်လေးမှာတင် ပင်လယ်ပြင်ထဲ ဆင်းသွားတဲ့ တပ်ရင်းမှူး ကိုချစ်ကိုကိုတို့ စစ်ကြောင်းကနေ ရှေ့တန်းရွာမှာ ကျန်နေခဲ့တဲ့ တပ်စုမှူး စောပိုလို ဦးဆောင်တဲ့ တပ်စိပ်ဖြစ်ပါတယ်။ စစ်မဖြစ်ခင် တနင်္သာရီမြစ်အတိုင်း စုန်ဆင်းသွားတဲ့ ဒီအဖွဲ့ဟာ ကော့မပြင်း၊ […]