BREAKING
September 16, 2024

ရသ

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 10, 2024

[အခန်း ၁၉] ဇာတ်သိမ်း ၁၉၇၅ ခုနှစ်တွင် စစ်တပ်မှ ထားဝယ်ဒေသကို နောက်ထပ်တစ်ကြိမ် ရေပက်စစ်ဆင်ရေးအမည်ဖြင့် စစ်ဆင်ရေးကြီးဆင်နွှဲခဲ့သည်။ ထိုစစ်ဆင်ရေးတွင် တနင်္သာရီတိုင်း ကွန်မြူနစ်ပါတီ၏ တိုင်းအတွင်းရေးမှူး သခင်ဗစီ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ ထားဝယ်အမျိုးသမီးသမဂ္ဂအလုပ်အမှုဆောင် ဒေါ်ကျင်မယ်နှင့် ၇ နှစ်အရွယ်သမီး နီလာစိုးတို့ စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်သွန်းစိန်၊ ဒေါ်မြတ်သီအပါအဝင်အမျိုးသမီး ၄ ဦးကို စစ်တပ်မှ ဖမ်းဆီးမိကာ အဓမ္မပြုကျင့်ပြီး လှံစွပ်ဖြင့် ထိုးသတ်လိုက်ကြသည်။ ၁၉၈၁ ခုနှစ်တွင် ခလရ ၂၅ မှ ဗိုလ်ကြီးဝင်းနိုင်နှင့်အဖွဲ့သည် လောင်းလုံးမြို့နယ်၊ အနောက်ဘက်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်ယူစိန်၏ ဒုတိယဇနီး ဒေါ်မြတင်နှင့် တစ်နှစ်အရွယ်သားငယ်သေဆုံးခဲ့သည်။ ဗိုလ်ယူစိန်သည် ဒဏ်ရာဖြင့် လွတ်မြောက်သွားသဖြင့် ကျန်ရစ်ခဲ့သည့် သားဖြစ်သူ အသက် ၇ နှစ်အရွယ် […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၉) ဇာတ်သိမ်း]

Dawei Watch

August 10, 2024

ထားဝယ်ဒေသမှ လွတ်မြောက်ရေး ခရီးရှည်တက်ပွဲ။ အင်အား ၇၀၀ ကျော်ပါ လူတန်းရှည်ကြီး။ စစ်တပ်က တောက်လျှောက် လိုက်လံပိတ်ဆို့သည်။ နီနီရိန်က ဘာဘိုင်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း သူ့နောက်မှ လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်သည်။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 9, 2024

[အခန်း ၁၈] စစ်ဖိနပ်သံ ကြမ်းကြမ်းများ။ “ဪ . . . တပ်မတော်ကို ရဲရဲတောက်ခုခံတိုက်ခိုက်နေတာ . . . ဘယ်သူများလဲလို့ . . . တစ်ချိန်က နာမည်ကြီးခဲ့တဲ့ . . . အမေရိကန်ပြန် ဗိုလ်ကြီးကြည်ကြည်ဆွေ ပါလားဗျ” စစ်ကြောင်းမှူး ဗိုလ်မှူးဘစိန် က လဲကျနေသော ကြည်ကြည်၏ ခြေသလုံးမှ ဒဏ်ရာကို စစ်ဖိနပ်ဖြင့် ဖိနင်းပြီး ပြောလိုက်သည်။ “ဘယ်လိုလဲ . . . သစ္စာဖောက်မ . . . ကွန်မြူနစ်လုပ်ရတာ . . . တော်တော်မှ စိမ့်ရဲ့လား . .. ဟားဟား” ကြည်ကြည်က ဘာတစ်ခွန်းမှ မပြော။ […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၈)]

Dawei Watch

August 8, 2024

“ဪ . . . တပ်မတော်ကို ရဲရဲတောက်ခံပစ်နေတာ . . . အမေရိကန်ပြန် ဗိုလ်ကြီးပဲ” ဗိုလ်မှူးဘစိန်က မသတ်ဘဲ အခွင့်အရေး တစ်ခုပေးသည်။ ဗိုလ်ယူစိန် ဘယ်ရောက်သွားလဲ။ ကြည်ကြည်ဆွေ တစ်ခုခုပြောမည်ဆိုသဖြင့် ဗိုလ်မှူးဘစိန် ဒူးထောက်ရင်း အနားကပ်သွားလိုက်သည်။ ထိုမှသည် မထင်မှတ်သည့် အဖြစ်အပျက်များ။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 7, 2024

[အခန်း ၁၇] ယခင်က နီနီရိန်နှင့် စခန်းမှကလေးများ ဆင်းဆော့နေကျ စခန်းအနောက်မှ လျှိုမြောင်ကြီး။ အပေါ်စီးမှ ကြည့်လျှင် မတ်စောက်သော ကျောက်ဆောင်များ၊ သစ်ပင်အုပ်အုပ်များသာမြင်နေရသည်။ သစ်ပင်အုပ်များကြား လူတစ်ယောက်စာ ခက်ခက်ခဲခဲဆင်းရသော လမ်းကလေးလည်းရှိ၏။ ယခုတော့ သူတို့အတွက် ထိုနေရာသည် သေနတ်ကျည်ဆန်များကြားမှ ပုန်းခိုပြေးလွှားရာ။ အပေါ်ဘက်စခန်းဆီမှ ပစ်ခတ်သံများ၊ အော်ဟစ်ဆဲဆိုသံများ ကြားနေရ၏။ “ဒေါ်လေးဟို . . . အနောက်ဘက်မှာ လဲကျန်ခဲ့တာ . . . နီနီတွေ့လိုက်တယ် . . . မမမိုးကြည်” စခန်းအောက်ဘက် ချောင်းရိုးလေးရှိရာသို့ ပြေးနေသော မိုးကြည်မှာ နီနီရိန်စကားကြောင့် အနောက်သို့ လှည့်ကြည့်လိုက်၏။ လျှိုအဆင်းလမ်းတစ်နေရာတွင် လဲကျကျန်ရစ်‌သော ကိုယ်ဝန်ဆောင် မဟို။ “နီနီ . . . […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 4, 2024

[အခန်း ၁၆] “ရဲဘော်မောင်ရိန် ခေါ် သူရိန် မြေအောက်ထောက်လှမ်းရေးတာဝန်ခံ၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ထားဝယ်ခရိုင်) ဖက်ဆစ်အရင်းရှင်စနစ်ဆိုးကို ခုခံတွန်းလှန်ဖြိုဖျက်နေသည့် ငါတို့၏ တော်လှန်ရေးကြီးအတွက် သင့်အသက်နှင့် ခန္ဓာကို.ပေးဆပ်ခဲ့မှုအား၊ တော်လှန်သော ပါတီ၊ တော်လှန်သော ပြည်သူ့တပ်မတော်သားများနှင့် တော်လှန်သော ပြည်သူအပေါင်းက မမေ့မလျော့ ဂုဏ်ပြုအပ်ပါသည်။ သင့်အား ငါတို့ အလေးနီပြုပါ၏ ။ ပုံ ဗမာပြည်ကွန်မြူနစ်ပါတီ(တနင်္သာရီတိုင်း)” ဗိုလ်ယူစိန် ၏ စာဖတ်ပြသံ အဆုံး အားလုံး တိတ်ဆိတ်နေကြ၏။ “မကြည်ကြည်ဆွေရော” မဟို၏ အသံကခပ်တိုးတိုး။ “သူ ဒီအခမ်းအနားကို မတက်ဘူးလို့..သခင်ဗစီကို သတင်းပို့ထားပြီးသားတဲ့…မနက်အစောကြီးကတည်းက အာဏာနီ အမျိုးသမီးစခန်းကို သွားတဲ့ အဖွဲ့နဲ့ ပါသွားတယ်” နီနီရိန်ကို ပုဆိုးတစ်ထည်ဖြင့် စလွယ်သိုင်းချီပိုးထားသော မိုးကြည်က ခပ်တိုးတိုးပင် ပြန်ဖြေသည်။ …………………………………………….. ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ။ […]