အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
January 6, 2023Princes in The Darkness 1990s အခန်း(၇) ဗေဒါက မျက်လုံးတို့ကို အားယူဖွင့်လိုက်သည်။ မျက်နှာကျက် ခရမ်းရောင်။ နုံးချိနေသော ခန္ဓာကိုယ်ကို တံတောင်စစ်ဖြင့် အားယူကာ ထရန်ပြင်သည်။ ဘယ်ဘက်တံတောင်အောက်မှ စူးခနဲ။ ညာဘက်လက်ဖြင့် ထိုတံတောင်အောက်ကို နှိုက်လိုက်၏။ ကွန်ဒုံး ထည့်သည့် ပလပ်စတစ်အမာအိတ်တစ်ခု ထွက်လာသည်။ ကုတင်ခြေရင်းသို့ ခြေထောက်ချလိုက်ချိန်တွင်လည်း နောက်ထပ် ကွန်ဒုံးအိတ် နှစ်ခု ။ ညက အတော်များသွားသည်ပဲ။ စိုးမြတ်တို့အဖွဲ့နှင့်သူ တရုတ်တန်းတွင် အရက်ပြင်းသောက်ကြသည်။ ထူးထူးခြားခြား ကင်းမြီးကောက်များစိမ်ထားပြီး အားရှိပါသည်ဆိုသော အရက်။ နောက်တော့ စိုးမြတ်က အလုံလမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်းထောင့်မှ သူ့အပိုင် ကေတီဗွီသို့ ခေါ်သွားသည်။ ကေတီဗွီတွင် စိုးမြတ်ဖန်တီးပေးသော ဘိန်းဖြူကို အတူတူရှုကြ၏။ ထို့နောက်…သူတို့ တနေရာဆက်ကြပြန်သည်။ ဘယ်နေရာ၊ ဘယ်အရပ်မှန်းတော့ […]