BREAKING
January 22, 2025

အခန်းဆက် ဝတ္ထုရှည်

အမှောင်ထဲမှ မင်းသားများ  ၁၉၉၀

diz_admin

January 12, 2023

Princes in The Darkness 1990s အခန်း(၁၀) ဈာပနပွဲ ပြီးဆုံးခဲ့ပြီ။ တမူးဘက်သို့ ဗေဒါနှင့် ကိုနေဝင်းတို့ ချက်ချင်းပြန်ကူးခဲ့ကြသည်။ ကိုနေဝင်း၏ မိတ်ဆွေအိမ်တွင် တညတည်းခိုပြီး နောက်တစ်ရက်တွင် သူတို့ ချက်ချင်း ကလေးသို့ ပြန်ဆင်းကြရ၏။ သည်လောက် ခက်ခဲဝေးလံသည့် ခရီးလမ်းရှိသည့်  ဈာပနသို့ ကိုနေဝင်းဘာကြောင့် အရေးတကြီးတက်ရသလဲ ဗေဒါစိတ်ထဲ တနုံ့နုံ့ စဉ်းစားနေမိသည်။ စိန်ဓါးမြှောင်ဆိုသည့် အဘိုးကြီးကို လေးစားကြည်ညိုလွန်းသည့် အချက်တစ်ခုတည်းနှင့် မဟုတ်တန်ရာ။ ကလေးမြို့ လေဆိပ်သို့ ရောက်ပြီး လေယာဉ်စောင့်နေစဉ်အချိန်တွင်တော့ ဗေဒါမနေနိုင်တော့။ “ကိုနေဝင်း” ခရီးဆောင်အိတ်ကို ပြင်ဆင်နေသည့် ကိုနေဝင်းက “ပြော”ဆိုသည့် သဘောဖြင့် ဗေဒါကို ခေါင်းဆတ်ပြသည်။ “ဒီလောက စည်းမျဉ်းတွေကို ကျွန်တော်လည်း နားလည်သင့်သလောက်နားလည်နေပါပြီ..ဒါပေမယ့်.. အခု ဒီခရီးကို ခင်ဗျားနောက် ကျွန်တော်လိုက်လာတာက…စီးပွားရေးတွေမှ မပါပဲကိုး…ခင်ဗျားမှာတော့ စီးပွားရေး […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၉)

diz_admin

January 11, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၈) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၆၉- (၁) တခါက စခန်းကော်မီတီဥက္ကဌရဲ့ အမှားတော်ပုံများ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ဆယ်စုနှစ်တခုကျော် တိုက်ပွဲဝင်ခဲ့သူတဦးက အဲဒီတိုက်ပွဲ ကာလအတွင်း “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေများ လုပ်ခဲ့မိလေသလား” ဆိုပြီး ပြန်စဉ်းစားနေမိတယ်ဆိုရင် စာဖတ်ပရိသတ် ယုံပါ့မလား။ ဒါပေမယ့် စာရေးသူကျနော် အဲဒီလို စဉ်းစားခန်းဝင်နေမိတာ အမှန်ပဲဖြစ်ပါတယ်။ အသက် (၂၀) ဝန်းကျင် ငယ်ရွယ်စဉ်ကာလက ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ဘဝတွေဟာ ကြမ်းတမ်းလွန်းလှတဲ့အတွက် “တော်လှန်ရေးသာ အမိ၊ တော်လှန်ရေးသာ အဖ” ဆိုတာကို ဦးစားပေးလွန်းရာကနေ လူသားဆန်မှုတွေ၊ လူ့သဘာဝတွေကို မေ့လျော့ပြီး လူသားတွေကို စက်ရုပ်တွေအဖြစ် မြင်ခဲ့မိလေသလားလို့တောင် ကျနော်တွေးနေမိပါတယ်။ စိတ်ဓာတ်တက်ကြွလွန်းမှု၊ စေတနာ လွန်ကဲမှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ […]

အမှောင်ထဲမှ မင်းသားများ  ၁၉၉၀

diz_admin

January 10, 2023

Princes in The Darkness 1990s အခန်း(၉) ထိုနောက်ပိုင်းတွင်တော့ ဗေဒါ သည် ဂျာနူးအား တတ်နိုင်သမျှ ရှောင်လာခဲ့သည်။ အလုပ်ကိစ္စအရ ပြောဆိုဆက်ဆံသည်မှအပ အရင်ကလို စနောက်ခြင်း၊ ပြောဆိုခြင်းများပင် မရှိတော့။ သိင်္ဂီလင်းနှင့် တုန်းက..ခံစားခဲ့ရသည့် ခံစားချက်မျိုးကို သူနောက်ထပ်မလိုချင်။ ဂျာနူးအပေါ် တွယ်ငြိမိလုဆဲဆဲ သံယောဇဉ်ကို သူ ထိန်းချုပ်ရမည်။ ထိုအချိန်တွင် မစ္စတာလု ကလည်း သူ၏ စီးပွားရေးအင်ပါယာအတွက် နောက်ထပ် ခြေလှမ်းသစ်တစ်ခု ပြင်ဆင်နေသည်။ သူတို့နယ်မြေမှ ထွက်သော ဘိန်းစိမ်းများကို ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့တစ်ခု၏ အထူးဒေသတွင် အဖြူအဆင့်အထိ ရအောင်ချက်လုပ်ပြီးနောက် ရန်ကုန်ရှိ ဗိုလ်ချုပ်ကြီးတစ်ဉီး၏ သားထံ လက္ကားသွင်းရန်ပင်။ ထိုကိစ္စတစ်ခုလုံးကို မစ္စတာလုက ဗေဒါအား ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးလိုက်သည်။ ဗေဒါ အတွက် သီးသန့် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၈)

diz_admin

January 10, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၇) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၆၈- (၁) AK 47 တဖက်၊ ခွပ်ဒေါင်းအလံ တဖက်နဲ့ ကမ္ဘာကျော်သွားသူများ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ကိုဂျော်နီ (ကိုကျော်နီ)ဟာ သေကံမရောက် အသေက်မပျောက်ဆိုသလို အဲဒီနေ့နံနက် အောက်တိုဘာ (၂) ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေ အားလုံးအဆင်ပြေသွားပါတယ်။ ထိုင်း ဒု နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဓားစာခံတွေနဲ့ အစားထိုး လဲလှယ်ကာ သူတို့နဲ့အတူ တောထဲအထိ လိုက်သွားမယ်လို့ သဘောတူညီချက် ရလိုက်ပါတယ်။ သူပုန်လူထွက်ကာခါနီး သတင်းထောက်ပေါက်စ ကျနော်လည်း “ဒီလူတွေက အသက်နဲ့ရင်းပြီးလုပ်နေချိန်မှာ ငါက ရဲအဖမ်းခံရမှာစိုးလို့ သံရုံးရှေ့ မသွားရဲဘူးဆိုတာ မဟုတ်သေးပါဘူး” ဆိုပြီး ကိုယ်ဖာသာ ရဲဆေးတင်ကာ အဲဒီ ဒုတိယနေ့မှာတော့ သံရုံးရှေ့ကို […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၇)

diz_admin

January 9, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၆) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၆၇- (၁)  (၉-၉-၉၉ ) ကာလနှင့် ဘန်ကောက်သံရုံး စီးနင်းမှု  ဇလားဒုက္ခသည်စခန်းကနေပြန်လာတဲ့ ကျနော်ဟာ (၁၉၉၉) ခုနှစ် မတ်လ (၁၃) ရက်နေ့ (ဖုန်းမော်နေ့) မှာ ”An alert for the coming 9999 uprising” ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ဘန်ကောက်ထုတ် The Nation သတင်းစာမှာ ရေးလိုက်ပါတယ်။ ဇလားစခန်းမှာ အလွတ်သဘောဆွေးနွေးဖြစ်တဲ့ ဖုန်းမော်နေ့ (၁၁) နှစ်မြောက်နှစ်ပါတ်လည်အခမ်းအနား ဘယ်လိုလုပ်ကြမလဲ၊ ဒီနေ့ ပြည်တွင်းက ကျောင်းသားတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲဆိုတဲ့ ဆွေးနွေးချက်ကိုအခြေခံကာ ကိုမိုးသီးဇွန်ရဲ့ စကားလုံးတွေ၊ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေရဲ့ စကားလုံးတွေကို ကုတ်လုပ်ပြီး ရေးလိုက်တာပါ။ ဆိုလိုတာကတော့ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

January 8, 2023

Princes in The Darkness 1990s အခန်း(၈) “တီ..တီ..တီ..တီ” အိပ်ရာဝင်ရန် ပြင်ခါနီးတွင် ဝင်လာသော ဆယ်လူလာဖုန်းသံကြောင့် ဗေဒါ ကောက်ကိုင်လိုက်၏။ တခန်းတည်းအတူနေကြသော ဗေဒါ၏ လူ လေးယောက်ကလည်း အသင့်အနေအထား။ အချိန်မတော် မစ္စတာလု ဆက်ပြီဆိုတော့ တခုခုတော့ ထူးခြားနေသည်ဟု ဗေဒါ ထင်လိုက်မိသည်။ သို့သော် သူထင်ထားသလို မစ္စတာလုမဟုတ်။ “ဗေဒါ..ငါပါ..လောရှည်” “ကိုလောရှည်..ပြော..ဘာကိစ္စရှိလို့လဲ” “မင်းအိမ်မှာ အခု လူဘယ်နှစ်ယောက်လဲ” “ကျွန်တော်နဲ့ဆို လေးယောက်ပေါ့” “အခု အရမ်းရေးကြီးနေလို့..ပိုင်အိုနီးယားကလပ်ကို မင်းလူတွေ ခေါ်ပြီးလာခဲ့…တုတ်တွေ၊ ဓားတွေပါ ရသလောက်ယူခဲ့ကွာ..စိုးမြတ်ဆီဖုန်းဆက်ပြီး သူ့လူတွေကိုပါ လာခိုင်းလိုက်” “ဘာတွေဖြစ်နေတာလဲ..ကိုလောရှည်” “လာမှာသာလာပါကွာ..မင်းကြာနေရင်..ဒီမှာ ပြဿနာက ပိုဆိုးနေမယ်..ဟိုပြဿနာကောင်လေး..မွှေနေတာ” ပြဿနာကောင်လေးဆိုသည်နှင့် ဗေဒါ သဘောပေါက်လိုက်သည်။ တခါက မစ္စတာလု စိုးမြတ်အား အင်တာဗျူးစဉ် မစ္စတာလုဘေးနားမှ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၆)

diz_admin

January 8, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၅) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၆၆- (၁) ပဥမအကြိမ် ညီလာခံနှင့် ဗဟိုကော်မီတီအသစ်ရွေးချယ်ခြင်း အမှန်အတိုင်း ဝန်ခံရရင် သတင်းထောက်ရူး ရူးနေတဲ့ကျနော်ဟာ တခြားရဲဘော်တွေလို ဗဟိုကော်မတီတာဝန်နဲ့ စခန်းတာဝန်တွေကို သိပ်စိတ်မဝင်စားတော့ပါဘူး။ ဗဟိုကော်မတီ အစည်းဝေးအတွင်း လမ်း (၃) သွယ်ကိစ္စကို သူများတွေ အသည်းအသန် ငြင်းနေချိန်မှာ ကျနော်က အဲဒါတွေထက် ဘန်ကောက်ပို့စ်သတင်းစာဆီ ပို့ထားတဲ့ ရတနာဓာတ်ငွေ့ ပိုက်လိုင်းအကြောင်း ဆောင်းပါး ဒီတပတ် ပါ-မပါ၊  DVB အတွက် ပို့ထားတဲ့သတင်းတွေ ပုံမှန်ပါ-မပါဆိုတာတွေကို ပိုစိတ်ဝင်စားနေတဲ့အချိန် ဖြစ်ပါတယ်။ ကျနော်အပါဝင် ဒီလို ခေါင်းရှောင်ပြီး ထွက်သွားသူတွေကို ”အချောင်သမား” တွေအဖြစ် တချို့ ခေါင်းဆောင်တွေက အမြင်စောင်းမှုတွေ ရှိခဲ့ပါတယ်။ ”မင်းကတော့ အနေအစားချောင်တဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၅)

diz_admin

January 7, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၄) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၆၅- (၁) ပဉ္စမအကြိမ်ညီလာခံနှင့် ဟွာဟင်စခန်းသစ်မှာ လူပြန်စုခြင်း    ဒီလို ဒုက္ခသည်လျှောက်မှုကိစ္စတွေ အငြင်းပွားလို့ ကောင်းတုန်းမှာပဲ ပဉ္စမအကြိမ်ညီလာခံ ခေါ်ယူလာတဲ့အတွက် (၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလဆန်းမှာ) ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်စရိယန်းမြို့နယ်နဲ့ သံလွင်မြစ်ကြားရှိ ဇလားဒုက္ခသည် စခန်းဆီသွားဖို့ ကျနော်တို့ ပြင်ဆင်ရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကိုမင်းအောင်က ကိုယ်စားလှယ်အဖြစ် အရွေးမခံတော့ပါ။ ကျနော်ကတော့ တပ်ကိစ္စမလုပ်ပဲ သတင်းထောက်အလုပ်ချည်း နင်းကန်လုပ်နေလို့ ရဲဘော်တွေက ကျနော့်ကို ကိုယ်စားလှယ်အဖြစ် မရွေးတော့ပါ။ နောက်တခါ ကျဆုံး-နှုတ်ထွက် ဦးရေ အတော်များသွားတဲ့အတွက် တပ်ရင်း-(၁)  လူဦးရေဟာ (၇၀)- ဝန်းကျင်လောက်ပဲကျန်ပါတယ်။ ဒါကြောင့် အရင်က ကိုယ်စားလှယ် (၁၀) ကျော် ခွဲတမ်းရနေရာကနေ အခုတော့ […]