BREAKING
January 22, 2025

အခန်းဆက် ဝတ္ထုရှည်

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 15, 2023

Princes in The Darkness 1990s အခန်း(၁၆) “ရပြီ…မြောက်ဥက္ကလာအဝိုင်းနားမှာ ဆလွန်းကားအဖြူရောင်နဲ့ ကျုပ် တပည့်စောင့်နေလိမ့်မယ်…သူ့ဆီမှာ သိန်းနှစ်ရာပါလာတယ်…ကျုပ်ကို သူ့ဆီပို့ပေးတာနဲ့….ခင်ဗျားတို့တောင်းတဲ့.ငွေရမယ်” သားငယ်က ဖုန်းဆက်ပြီးနောက် အသံတုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။ ဗေဒါက သားငယ်၏ မျက်လုံများကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။ သားငယ်ပုံစံက လိမ်ညာသည့်ဟန်မရှိ။ “ဟုတ်ပြီလေ..ဒါဆိုလည်း” ဗေဒါက အပြင်တွင်ရပ်နေသော ကျားရွှင်တို့ကို အကျိုးအကြောင်းပြောပြလိုက်၏။ ကျားရွှင်တို့ကားပေါ်တွင် သားငယ်ကို တင်ပေးလိုက်ပြီး ဗေဒါက သူ့ကားဖြင့် ရှေ့မှ သွားသည်။ မြောက်ဥက္ကလာအဝိုင်းနားအရောက်တွင် သားငယ်ပြောသည့်အတိုင်း ဆလွန်းအဖြူရောင်ကားက အချက်ပြမီးကို ဖွင့်ကာရပ်ထား၏။ သိန်းနှစ်ရာလက်ထဲရပြီးသည်နှင့် သားငယ်ကို ကားပေါ်မှ ဆင်းခိုင်းကာ သူတို့ပြန်လာခဲ့ကြသည်။ ဗေဒါ့အတွက် မစ္စတာလု ခိုင်းသောအလုပ်တစ်ခု ပြီးမြောက်သွားခဲ့သဖြင့် ရင်ထဲ အပူတစ်ခုတော့ ကျသွား၏။ သို့သော်…သူနှလုံးသားမှ အပူကတော့ မကျသေး။ ဂျာနူးပေးသည့်အပူ။ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 14, 2023

Princes in The Darkness 1990s အခန်း(၁၅) ဗေဒါက ကားကူရှင်ကိုမှီကာ ဘောင်းဘီခါးပတ်ကို သေသေချာချာပြန်ပတ်လိုက်၏။ “အကို…ဂျာနူးကို ချစ်တယ်လို့ တခါမှ မပြောရသေးဘူးနော်” ဂျာနူး စကားကြောင့် ဗေဒါ ဘာ ပြန်ပြောရမည်မသိ။ “ကျွန်တော်..ဂျာနူးကို” “ရတယ်…ဆက်မပြောနဲ့တော့..အကို….ဂျာနူးကို.ချိတ်လေးသာ တစ်ချက်တပ်ပေးပါ…အလယ်ချိတ်နော်” ကိုယ်ဖြုတ်သောချိတ် ကိုယ်ပြန်တပ်ပေးရမည်။ ဒါက အမှန်တရား။ “အကို့ကို ဂျာနူး ပြောစရာကျန်သေးတယ်” ဗေဒါက ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သော်လည်း ဂျာနူးက အနောက်ခန်းမှာပင်။ “ရှေ့ကို လာလေ.ဂျာနူး” “ရတယ်..အကို..ဂျာနူး နောက်ခန်းကပဲ စီးလိုက်ပါတော့မယ်” “အကို့ ကို ပြောစရာရှိတယ်ဆိုတာက..ဘာလဲ..ဂျာနူး” “အကိုနဲ့ ဂျာနူး တွေ့တာဟာ..ဒီတကြိမ်က နောက်ဆုံးပဲ.ဖြစ်သွားနိုင်တယ်.အကို..နောက်ဘယ်တော့ကြာမှ ပြန်တွေ့ရမယ်..မသိနိုင်ဘူး” “ဟင်..ဘာဖြစ်လို့လဲ” ဗေဒါက နောက်ကြည့်မှန်မှတဆင့် ဂျာနူးကို ကြည့်လိုက်သည်။ ဂျာနူးက တည်တည်ငြိမ်ငြိမ်ပင်။ “လောမိသားစု […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 11, 2023

Princes in The Darkness 1990s အခန်း(၁၃) “နိုင်တီနိုင်းတီနိုင်း….ကိုကိုရေ အတူတူနေမယ်..နိုင်တီနိုင်းတီနိုင်း” ထိုသီချင်းသံလွှမ်းမိုးသော ခုနှစ်တစ်ခုလုံး ဗေဒါက တော့ မည်သူနှင့်မှ အတူမနေရပါ။ လောရှည်ကြီးသာ သူနှင့် တတွဲတွဲ။ တရုတ်နှစ်ကူး ဗေဒါ၏ မိန်းမလိုချင်သည် ဆိုသည့် ကိစ္စ ပြီးကတည်းက မစ္စတာလုက ဂျာနူး ကို ထိုင်ဝမ်နှင့် စင်္ကာပူရုံးခွဲများတွင်သာ အလှည့်ကျ ဉီးစီးခိုင်းထားတော့သည်။ ဂျာနူး ရှိစဉ်က ကိုင်တွယ်ခဲ့သော မြန်မာပြည်ရှိ လုပ်ငန်းများကို ဗေဒါနှင့် လောရှည်တို့က တာဝန်ခွဲယူရသည်။ ဗေဒါ ယခင်ဉီးဆောင်လုပ်ခဲ့သည့် ပို့ဆောင်ရေးကိစ္စများကို ကျားရွှမ်က လက်လွှဲယူ၏။ လုပ်ငန်းများမှာလည်း သူ့လူနှင့်သူ လည်ပတ်နေပြီဖြစ်သဖြင့် ဗေဒါနှင့် လောရှည်တို့က အလိုက်သင့် ထိန်းကျောင်းပေးရုံသာ။ ထူးခြားမှုတစ်ခုမှာ စစ်ထောက်လှမ်းရေးများနှင့် လောမိသားစုကြားမှာ ဆက်ဆံရေးမှာ အနည်းငယ် […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 10, 2023

Princes in The Darkness 1990s အခန်း(၁၂) အချိန်နှစ်လလောက်အတွင်း ရှမ်းပြည်မှ ကိစ္စရပ်များ ပြီးပြတ်သွားခဲ့သည်။ ဗိုလ်ကြီးအေးမြင့်နှင့် ဒေါ်ယုယုမော်တို့ အရောင်းအဝယ်ကိစ္စအတွက် ဗေဒါလည်းဝေစုတစ်ပုံရရှိခဲ့၏။ ဗေဒါက ထိုအကြောင်းကို မစ္စတာလုအား ဖုန်းဆက်ကာ ငွေများလွှဲပေးမည်ဖြစ်ကြောင်း အစီရင်ခံခဲ့သည်။ မစ္စတာလုက အခြေအနေအသေးစိတ်ကိုသာ မေးမြန်းပြီး…ဗေဒါရရှိသည့်ငွေကြေးမှာ ဗေဒါငွေများသာဖြစ်သဖြင့် သူနှင့် မဆိုင်ကြောင်း၊ ရန်ကုန်သို့ အေးအေးဆေးဆေးပြန်လာရန်သာ မှာကြား၏။ ဗေဒါတို့ကို စိတ်ခုသွားပြီဖြစ်သော ထောက်လှမ်းရေးမှ ဗိုလ်မှူးကြီးနှင့်အဖွဲ့မှာ လေယာဉ်ဖြင့် ပြန်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အပြန်ခရီးတွင် ဗေဒါနှင့် ကျားရွှမ် ကားကို တယောက်တလှည့်မောင်းကာ ပြန်လာခဲ့၏။ ထိုခရီးလမ်းတွင် ဗေဒါက ကျားရွှမ်ထံမှ ဂျာနူး အကြောင်းများကို တီးခေါက်ကြည့်မိသည်။ “အပါးကြီး”ဟု သူတို့ခေါ်ကြသော လောမိသားစု၏ ဖခင်ကြီးသည် ဂျာနူး ဟူသော အသက်(၈)နှစ်အရွယ်ကောင်မလေးကို […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

February 10, 2023

Princes in The Darkness 1990s အခန်း(၁၁) ဝီစကီ၏ အနွေးဓာတ်က လည်ချောင်းမှတဆင့်..တကိုယ်လုံးဆီသို့ ပျံ့နှံ့သွားသည်။ ဗေဒါ က ပန်းသီးတစ်စိတ်ကို ကောက်ယူဝါးလိုက်၏။ ညနေပိုင်းတွင် သူ့ကို လာခေါ်မည်ဆိုသည့် ဗိုလ်ကြီးအေးမြင့် ရောက်မလာ။ သူ့ကို တကယ်ခေါ်သည်က ကကလှမ်းမှ တပ်မှူးဗိုလ်မှူးကြီး။ ဗိုလ်မှူးကြီးက သူ့အား ဘာမှ မပြောသေးပဲ..သူ့လက်ထဲမှ ဖိုင်တွဲများကိုသာလှန်ဖတ်နေသည်။ ဗေဒါက နောက်ထပ် ဝီစကီတစ်ခွက် ထပ်ငှဲ့ရန် ပြင်လိုက်၏။ “ကဲ..နောက်လဆန်းဆို…အလင်းဝင်အခမ်းအနားက စတော့မှာ..အချိန်သိပ်မရှိဘူး….မင်းတို့ ဘက်က ပေးစရာရှိတာ..ငါတို့ကို ပေးတော့” ဗိုလ်မှူးကြီးက ဖိုင်တွဲကို ရှေ့သို့ချလိုက်ပြီး ဗေဒါကို ကြည့်ကာ ပြောလိုက်ခြင်း။ “အဘပြောတာ..ကျွန်တော် နားမလည်ဘူးဗျ” ဗေဒါက သူ၏ တပည့်များခေါ်သည့်အတိုင်းပင် “အဘ”ဟု ခေါ်လိုက်သည်။ “လက်နက်တွေအချိန်မီဝယ်ရမယ်ကွ….အဲ့ဒီအတွက် လိုတဲ့ ဒေါ်လာတွေ ပေးတော့..ကျန်တာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၂)

diz_admin

January 14, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၁) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၇၂- (နိဂုံး) (၁) အိမ်ပြန်ချိန်မှာ မိဘ-မောင်နှမတွေကို ဘယ်လိုရှင်းပြရမလဲ ဒီဖြစ်စဉ်တွေကို ပြန်ပြောနေခြင်းဟာ ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးသွားတဲ့ “ရဲဘော်သူငယ်ချင်း” တွေကို မမေ့ပျောက်စေပဲ သမိုင်းမှတ်တမ်း တခုအနေနဲ့ အသေချာရှိနေစေဖို့ ကျနော် ရည်ရွယ်ပါတယ်။ ကျန်တဲ့ အပိုင်းကတော့ ကာယကံရှင်တွေ၊ သက်ဆိုင်ရာအဖွဲ့စည်းတွေက ဆက်လက် တာဝန်ယူရမယ့်ကိစ္စလို့ ထင်ပါတယ်။ ကျနော်တဦးတည်း အမြင်ကတော့ ဒါတွေကို ပြန်လည်ဖော်ထုတ် အရေးယူရေးဆိုတာထက် တောင်အဖရိကနိုင်ငံမှာ လုပ်သလိုမျိုး အမှန်တရားဖော်ထုတ်ရေး ကော်မရှင်တခုဖွဲ့ပြီး အားလုံး အမှန်တိုင်းပြောကြဖို့၊ သမိုင်းမှတ်တမ်း တခုအနေနဲ့ ထိမ်းသိမ်းထားတာမျိုးကို ပိုလိုချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုဆိုရင် (၂၀၁၂ ခုနှစ်ဝန်းကျင်ကို ဆိုလို) ABSDF ဥက္ကဌဟောင်း (၃) […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၁)

diz_admin

January 13, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၀) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၇၁- (၁)   သေနေ့ရောက်လို့ သေသွားသူတွေချည်းတော့ မဟုတ်ပါ လူဆိုတာ သေနေ့ရောက်ရင်၊ သေကံစေ့ရင် သေရမှာဖြစ်တယ်လို့ ဆိုကြပေမယ့် နှစ် (၆၀) ကျော် ပြည်တွင်းစစ်ကာလအတွင်း သေဆုံးသွားသူ အားလုံးဟာ သေနေ့ရောက်လို့၊ သေကံစေ့လို့ သေသွားသူတွေချည်းတော့ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အလားတူပဲ (၈-၈-၈၈) ရှစ် လေးလုံး အရေးတော်ပုံကာလအတွင်း ကျဆုံးသွားတဲ့ ထောင်နဲ့ချီရှိတဲ့ ကျောင်းသားကျောင်းသူ၊ နောက်တခါ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားသူတွေဟာလည်း သေကံရောက်လို့ သေသွားသူတွေချည်း မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါဆိုရင် လွန်ခဲ့တဲ့နှစ် (၂၀) ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရင်းနဲ့ တောတောင်တွေကြားမှာ လူမသိသူမသိ ကျဆုံးသွားကျတဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၀)

diz_admin

January 12, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၉) အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ) အခန်း-၇၀- (၁) ကျနော် ကန်တော့ခွင့် မရလိုက်တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင် တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ပြီး ရန်-ငါ စည်းပြတ်ရမယ်ဆိုတဲ့ အယူဆတွေဟာ တောတွင်းကာလ ABSDF ခေါင်းဆောင်ငယ်တဦးအဖြစ် တာဝန်ယူခဲ့စဉ်မှာအပြင် သတင်းထောက်တဦးအဖြစ် မြို့ပြမှာ တာဝန်ယူတဲ့အထိ ကျနော်နဲ့အတူ ကပ်ပါလာခဲ့ပါတယ်။ ဒီအယူဆကို လက်တွေ့စမ်းသပ်လိုက်တဲ့ ဖြစ်စဉ်ကတော့ (၈-၈-၈၈) ရှစ်လေးလုံးကာလက ကျနော်တို့ မော်လမြိုင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်ခဲ့သူ၊ တနည်းအားဖြင့် (၁၉၈၇) စက်တင်ဘာလ ငွေစက္ကူ အရေးခင်း၊ (၁၉၈၈) မတ်လနဲ့ ဇွန်လအရေးအခင်းတွေမှာ ပါဝင်မှုနဲ့ ကျနော့်ကို သူ့ရုံးခန်းထဲခေါ်ပြီး သတိပေးခဲ့သူ၊ ဆရာ ဦးခင်မောင်တင့်ခေါ် တက္ကသိုလ် ဘုန်းနိုင်နဲ့ ဘန်ကောက်မြို့က ဆယ်မီနာတခုမှာ တွေ့ဆုံစဉ်က ဖြစ်ပါတယ်။ […]