အမှောင်ထဲမှ မင်းသားများ ၁၉၉၀
diz_admin
March 16, 2023Princes in The Darkness 1990s အခန်း(၂၄) ဗဟန်းရဲစခန်းရှေ့တွင် မိုးလေးက တဖွဲဖွဲကျနေ၏။ ည ခုနှစ်နာရီထိုးတော့မည်။ ဗေဒါက ဗဟန်းရဲစခန်းရှေ့တွင် ကားရပ်ရန် မလွယ်သဖြင့် ရဲစခန်းနှင့် ကပ်လျက် လမ်းကြားလေးထဲတွင် ကားကို ထိုးထားသည်။ ဖုန်းဝင်လာသဖြင့် ကိုင်လိုက်၏။ “ဟဲလို..ကိုဗေဒါလားခင်ဗျ” “ဟုတ်ပါတယ်” “ကျွန်တော် ဗဟန်းရဲစခန်းမှူး ရဲအုပ်ခင်မောင်ရီ ပါ” “ဟုတ်ကဲ့” “ကကလှမ်းက ဗိုလ်မှူးက ပြောထားလို့ခင်ဗျ…ကောင်မလေးကို ကျွန်တော်တို့ ဘယ်ကို ပို့ပေးရမလဲ” “ကျွန်တော် ရဲစခန်းဘေးက လမ်းကြားမှာ ကားရပ်ထားပါတယ်…ပါဂျဲရိုးအပြာရောင်ပါ” ခဏအကြာ လမ်းကြားလေးထဲဝင်လာသော မစ္စတာလု ၏ သမီးကို မိုးဖွဲဖွဲကြားတွင် တွေ့လိုက်ရ၏။ ဒုရဲအုပ်တစ်ဉီးမှလည်း အနောက်မှ ထီးမိုးပေးလျက်။ ဗေဒါက က ကားကို မီးတချက်တောက်ပြလိုက်သည်။ ထို့နောက် ကားပေါ်မှ […]