BREAKING
January 22, 2025

အခန်းဆက် ဝတ္ထုရှည်

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

April 4, 2023

Princes in The Darkness 1990s အခန်း(၃၃) မော်လမြိုင်သို့ မရောက်မီ မုတ္တမတွင် ဗေဒါက အဝေးပြေးကားပေါ်မှ ဆင်းလိုက်၏။ ယခုချိန်လောက်ဆိုလျှင် နယ်မြို့များမှ ကားဂိတ်များတွင် မစ္စတာလုက သူ့လူအချို့ကို ‌စောင့်ကြည့်ခိုင်းကောင်း စောင့်ကြည်နေတော့မည်ကို ဗေဒါတွေးမိလိုက်ခြင်းကြောင့်ပင်။ ဒါကလည်း မစ္စတာလု၏ လုပ်ငန်များကို ဆယ်စုနှစ်တစ်စုကြာလုပ်ပေးခဲ့သည့်အတွေ့အကြုံအရဖြစ်သည်။ မုတ္တမမြို့အဝင် ထမင်းဆိုင်တစ်ဆိုင်၏ ထောင့်ကျကျစားပွဲတွင် ဝင်ထိုင်ရင်း ညစာစားလိုက်၏။ ညအိပ်ရန် စုံစမ်းသောအခါ ထမင်းဆိုင်က သူ့ဆိုင် အ‌ပေါ်ထပ်တွင်ပင် အခန်းခပေးကာ နေလို့ရကြောင်း ပြောသဖြင့် အဆင်ပြေသွားသည်။ တည်းခိုခန်းများ၊ ဟိုတယ်များထက်စာလျှင် ထိုနေရာမျိုးက သူ့အတွက် ပိုလုံခြုံနိုင်သည်။” ဗေဒါအိပ်မပျော်။ အောက်ဘက်တွင်လည် ဆိုင်သိမ်းဆည်းနေသံများကြားရသဖြင့် အရက် သို့မဟုတ် ဘီယာ တစ်ခုခု ရလိုရငြား အောက်သို့ ဆင်းလာခဲ့လိုက်၏။ အောက်ထပ်တွင် ဆိုင်ရှင်အမျိုးသားက […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

April 3, 2023

Princes in The Darkness 1990s အပိုင်း(၃၁) လောမိသားစု သည် သွေးရင်းသားရင်းအချင်းချင်းမှလွဲပြီး မည်သူ့ကိုမျှ ယုံကြည်လေ့မရှိ။ သို့သော်..ကျွန်မကိုမူ သူတို့ ချွင်းချက်ထားခဲ့ပါသည်။ ထိုသို့ ချွင်းချက်ထားပေးခဲ့သည်မှာ ကျွန်မမိသားစုအပေါ် သူတို့ကျူးလွန်ခဲ့သည့်အမှုအတွက် ကျွန်မအပေါ် ဂရုဏာထားသဖြင့်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ အချိန်တန်လျှင် သူတို့ ထိုးကျွေးရမည့် လူယုံတစ်ယောက်တော့ ရှိကိုရှိသင့်သည်ဟု ယုံကြည်ထားသောကြောင့်က ဖြစ်နိုင်ချေများပါသည်။ ကျွန်မကလည်း ထိုအားနည်းချက်ပေါ်တွင် ကောင်းကောင်းကြီး နင်းလျှောက်နိုင်ခဲ့သည်။ ပညာရေးအကြောင်းပြကာ စီအိုင်အေ၏ ရက်တိုသူလျှိုသင်တန်းအချို့ကို နေရာအစုံမှာ ပုံစံမျိုးစုံဖြင့် တစ်နှစ်ကျော်ကြာ ကျွန်မ တက်ခဲ့ရ၏။ တဆက်တည်းမှာပင် လောမိသားစု၏ စီးပွားရေးမှာလည်း တရိပ်ရိပ်တိုးတက်လာသည်။ ထိုင်းနိုင်ငံကို ပင်မထွက်ပေါက်အဖြစ် အသုံးပြုနေရသည့် ရွှေတြိဂံနှင့် မာလိပါးရှိ ဘိန်းဈေးကွက်ထက် ရန်ကုန်ဆိပ်ကမ်းကြီးတစ်ခုလုံးကို ပင်မထွက်ပေါက်အဖြစ်အသုံးပြုနေရသည့် လောမိသားစု၏ ဈေးကွက်မှာ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

April 1, 2023

Princes in The Darkness 1990s အခန်း(၃၀) “မိသားစုဆိုတာ ကိုယ့်အသက်သေသည်အထိ သစ္စာရှိသွားရမယ့်..တခုတည်းသောနေရာပဲ.. မိသားစုက ကိုယ့်အပေါ်နွေးထွေးမှုပေးမယ်..ကူညီမှုပေးမယ်…မိသားစုကို ငြင်းပယ်တဲ့သူက ဘယ်‌တော့မှ အဆုံးသတ်မကောင်းနိုင်ဘူး” လားရှိုးသို့ ကျွန်မစရောက်သည့်နေ့တွင်ပဲ..အပါးကြီးထံမှ ထိုစကားကိုကြားရပါသည်။ အစပထမတွင်တော့ လားရှိုးအိမ်ရောက်ရောက်ချင်း ကျွန်မ ပျော်ခဲ့ပါ၏။ မှတ်မှတ်ရရ ဘဝတွင် ချောကလက် ကို ပထမဆုံးအကြိမ်စားဖူးခဲ့ခြင်းလည်းဖြစ်သည်။ အပါးကြီးက ကျွန်မကို သူ၏ မွေးစားသမီးအဖြစ်သတ်မှတ်လိုက်ပြီဖြစ်ကြောင်းနှင့် ကျွန််မအနေဖြင့်လည်း မိသားစုအပေါ်သစ္စာရှိရမည်ဟု သွန်သင်ခဲ့ပါသည်။ သို့သော် ကျွန်မတွင် အိပ်မက်ဆိုးများ ရှိနေ၏။ အသတ်ခံလိုက်ရပြီဖြစ်သော ကျွန်မ၏ အဖေနှင့် အမေ။ ပြီးတော့ ပျောက်ဆုံးသွားသည့် ကျွန်မအကို။ ထိုအတွေးများသည် ကျွန်မကို အိပ်မက်ဆိုးများသာ မက်စေခဲ့၏။ အပါးကြီးက ကျွန်မကို နောက်ထပ်မိသားစုတစ်ခု အစားထိုးပေးသည့် သဘောပြောဆိုနေသော်လည်း ကျွန်မ သူတို့ကြားမှာ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

March 30, 2023

Princes in The Darkness 1990s အခန်း(၂၉) ရန်သူများက ဖမ်းဆီးသွားသော မင်းသမီးလေးကို မထင်မရှားတပ်မှူးလေးက သွားရောက်ကယ်ဆယ်သည့် ပုံပြင်တစ်ခုအလား..ထိုဇာတ်လမ်းသည် ကျွန်မဖခင် အမြဲပြောပြတတ်သော အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့သည်။ ထိုအချိန်မှစပြီး ကလေးဘဝ ကျွန်မ၏ နှလုံးသားထဲတွင် တပ်မှူးလေးလော နှင့် စစ်သူရဲကောင်း မလေးယန်အော့ တို့၏ အမည်များမှာ စွဲထင်နေခဲ့၏။ အမည်များသာ မဟုတ်။ သူတို့၏ ပုံရိပ်များကို ကျွန်မစိတ်ကူးဖြင့် ပုံဖော်ကြည့်နေမိတတ်၏။ ကျွန်မတို့နေထိုင်ရာရွာကလေးသည် လောက်ကိုင်မြို့မှ သုံးနာရီကျော်လမ်းလျှောက်သွားရသော နေရာတွင် တည်ရှိသည်။ အဖေသည် ကျွန်မတို့ရွာတွင် စော်ဘွားမှ ခန့်အပ်ထားသော ကာကွယ်ရေးခေါင်းဆောင်တစ်ယောက်။ သို့သော် အဖေသည် မာလိပါးဒေသ၏ လူငယ်တပ်မှူးနှစ်ဦီးဖြစ်သော တပ်မှူးလော နှင့် တပ်မှူးဖုန်တို့ ကိုတော့ အတော်လေး လေးစားသူဖြစ်သည်။ သူတို့နှစ်ယောက်အကြောင်းပြောသည့်အခါ အဖေ့မျက်လုံးများ တောက်ပနေတတ်ပြီး..အဖေ့၏ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

March 29, 2023

Princes in The Darkness 1990s အခန်း(၂၈) တကယ်တမ်းကျ ဂျာနူးနှင့်ပတ်သက်သည့် သဲလွန်စများရှာရသည်မှာ မလွယ်ကူခဲ့ပါ။ ထိုအခါကျမှ ဂျာနူး၏ အနေအထိုင်သိပ်သည်းပုံကို ဗေဒါ ပြန်တွေးမိသွား၏။ သူနှင့် ချစ်ကြိုက်ခဲ့စဉ်တစ်လျှောက် ဗေဒါသည် ဂျာနူး မည်သည့်နေရာသွားသည်၊ မည်သည့်ကိစ္စ လုပ်သည်ကို လုံးဝမသိရ။ ဂျာနူး၏ ပြင်ပမှ အပေါင်းအသင်း၊ မိတ်ဆွေဟူ၍လည်း မတွေ့ဘူး။ မကြားဘူးခဲ့။ လုပ်ငန်းခွင်ထဲတွင်လည်း မသင်္ကာစရာ သဲလွန်စ စာရွက်စာတမ်းလုံးဝရှာမတွေ့။ ဂျာနူး နှင့်ပတ်သက်၍ ရှာစရာတစ်နေရာသာရှိတော့သည်။ အခြားမဟုတ်။ ဂျာနူးနေခဲ့သည့် ကိုးမိုင်ခြံ။ ထိုခြံတွင် ခြံစောင့်အဖြစ်ရှိနေသော သားအမိ သည် ဂျာနူး နှင့် ရင်နှီးသောသူများလည်းဖြစ်သည်။ နောက်တစ်နေ့ နံနက် ခြောက်နာရီခန့်တွင် ဗေဒါ က ကိုးမိုင်ခြံသို့ ထွက်ခဲ့၏။ အိပ်မှုန်စုံမွှားဖြစ်နေသည့် အချိန်တွင် […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

March 28, 2023

Princes in The Darkness 1990s အခန်း(၂၇) “မဟုတ်သေးဘူး..ကိုနေဝင်း..ကျွန်တော်တို့လည်း ဘာမှ မသိရသေးဘူး” “စီးပွားရေးလောကမှာတော့ မင်းတို့အဘိုးကြီး စလုံးမှာ ဆုံးတဲ့ သတင်းက ပြန့်နေပြီ….သူ့နေရာကို ဝင်ယူဖို့ ပြင်ဆင်တဲ့သူတောင် ပြင်ဆင်နေကြပြီ” “ကျွန်တော် ပြန်ပြောပေးမယ်..အကို” ဗေဒါက ဖုန်းချလိုက်သည်။ ထို့နောက် လောရှည်ထံ ဖုန်းခေါ်လိုက်၏။ လောရှည်ကလည်း ထိုသတင်းကို ကြားပြီးပြီဖြစ်သည်။ ဗေဒါက အဝတ်အစားလဲကာ ယောမင်းကြီးလမ်းအိမ်သို့ ထွက်လာခဲ့၏။ ထိုအိမ်တွင် မစ္စတာလု၏ သမီးကြီးဝင်ဒီ တော့ ကျန်ရစ်သည်။ ယောမင်းကြီးလမ်းအိမ်သို့ရောက်သည့်အခါ ဝင်ဒီကလည်း ထိုကိစ္စကို မသိသေး။ ဗေဒါကပဲ လောရှည်ရော၊ အခြားမိသားစုလူယုံများကိုပါ ဆင့်ခေါ်လိုက်ရတော့သည်။ ဝင်ဒီက သူ့ဖခင်ထံ ဖုန်းဆက်ပေး၏။ မကြာမီ ဗေဒါ၏ဖုန်းသို့ မစ္စတာလုထံမှ ဖုန်းဝင်လာသည်။ “ဗေဒါ…ငါတို့လည်း ဒီကိစ္စသိပြီးပြီ..ဒီကောလဟလကို လွှင့်တာ..စစ်ထောက်လှမ်းရေးကပဲ… […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

March 23, 2023

Princes in The Darkness 1990s အခန်း(၂၆) “ကိုအောင်မြင့်ဦီး” အိမ်တွင်းသို့ ရုတ်တရတ်ဝင်လာကြသော ဗေဒါတို့ သုံးဦးကို မြင်သည်နှင့် အောင်မြင့်ဦးက တီဗွီဂိမ်းဆော့နေရာမှ ထပြေးရန် ပြင်လိုက်သည်။ ဘောက်‌ထော်မှ ခြံတစ်ခြံတွင် လာရောက်ပုန်းအောင်းနေသော အောင်မြင့်ဦီး။ ယုံကြည်မှုလွန်ကဲစွာဖြင့် တကိုယ်တည်း လာရောက်ပုန်းနေသော အောင်မြင့်ဦး။ ဗေဒါတို့ လက်တံမှ ပြေးမလွတ်နိုင်ခဲ့။ သရဲကြီးက အောင်မြင့်ဦး၏ ပြေးလမ်းကို ပိတ်ကာ..လက်ပြန်ဖြတ်ရိုက်ချလိုက်၏။ အရှိန်ပြင်းလွန်းသဖြင့် အောင်မြင့်ဦး ခွေကျသွားသည်။ စိုင်းနွံ က အောင်မြင့်ဦး၏ မျက်နှာကို ဖြတ်ကန်လိုက်၏။ မထနိုင်တော့ပြီ။ ဗေဒါက လဲကျနေသော အောင်မြင့်ဦး ဘေးတွင် ထိုင်လိုက်သည်။ “ဟေ့ကောင်….မစ္စတာလုသမီးနဲ့ ပတ်သက်တဲ့ ဒေတာတွေ မင်း ဘယ်မှာ သိမ်းထားလဲ..အဲ့ဒါတွေ အကုန်လုံး ငါလိုချင်တယ်” “မင်းတို့က ဘယ်သူတွေလဲ…ငါမသိဘူး..ငါဘာမှ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

March 21, 2023

Princes in The Darkness 1990s အခန်း(၂၅) “မင်းကို သူက အကိုအရင်းတစ်ယောက်လို့ ထင်ထားတာလေကွာ…မင်းက…အဲ့ဒီလို ပြောလိုက်တော့…သူ ဘယ်လောက် ရှော့ ရသွားမလဲ.မင်းမစဉ်းစားမိဘူးလား” ဧရာက ဘာမှ ပြန်မဖြေ။ ‌ခေါင်းကိုသာ ငုံ့ထားသည်။ “မင်းအခု.ဘာအလုပ်လုပ်နေတာလဲ” “ကျွန်တော် အရင်တုန်းက အသိ ဆိုင်တစ်ခုမှာ အလုပ်ကြမ်းသမားဝင်လုပ်နေတယ်..ကိုဗေဒါ..ကျွန်တော့်တွန်းလှည်းတောင် လမ်းပေါ်ထားခဲ့ရတာ…စည်ပင်က ဆွဲသွားပြီလားမသိဘူး” ဧရာက ကားပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ ဗေဒါက ဧရာ၏ လက်ကို လှမ်းဆွဲထားလိုက်၏။ “နေဦး..မင်းကို မေယုကြေးမုံက အလုပ်လုပ်ဖို့ အရင်းအနှီးပေးထားတယ်ဆို” “ကျွန်တော် မလိုချင်တော့ဘူး..အကို…သူနဲ့ အဆက်အသွယ်ရရင် ပြောပေးပါ…ကျွန်တော် သူ့ပိုက်ဆံတွေ အားလုံး သိမ်းထားတယ်..သူနဲ့ ပြန်တွေ့တဲ့အခါ..ကျွန်တော်မှားခဲ့တာတွေအတွက် သူ့ကိုတောင်းပန်ရင်း.တပြားမကျန် ပြန်ပေးမှာပါလို့” “အဲ့ဒီပိုက်ဆံတွေ သုံးပစ်လိုက်တော့..ဟေ့ကောင်…မင်း သူနဲ့ ဘယ်တော့မှ တွေ့ရမှာမဟုတ်တော့ဘူး” “ဗျာ” […]