BREAKING
January 22, 2025

အခန်းဆက် ဝတ္ထုရှည်

အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

Dawei Watch

October 14, 2023

အပိုင်း – ၅ ၂၀၂၂ ခုနှစ် ၊ ဇွန်လ။ လောင်းလုံးမြို့နယ်ထဲရှိ ကားလမ်းမ တစ်နေရာမှ အနီရောင်သမဂ္ဂခွပ်ဒေါင်းအလံတော်။ ၎င်းအလံတော်နှင့် အပေါင်းအပါတော်လှန်ရေးအလံများ၏ အနောက်တွင် စူးစိုက်စွာ ရပ်နေသည့် လူငယ်များ ။ မိမိကို ချိန်ရွယ် ထားသည့် ဖုန်းကင်မရာဘက်ကို မျက်နှာမူ၍ နက်ရှိုင်းသည့်စိတ်ခံစားမှုကို ကျယ်လောင်စွာ အန်ထုတ်လိုက်သည့် အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်း….။ “The revolution of the people, by the people, for the people, shall not perish from this earth…..! ” မိန့်ခွန်းကို အဆုံးသတ်မည့် ကြွေးကြော်သံတစ်ခု သူ့ခေါင်းထဲ ရောက်လာသည်။ စစ်အာဏာသိမ်းပြီးနောက် အစောပိုင်းကာလ အင်တာနက်ဖြတ်တောက်ခံထားရချိန်တွင် လောင်းလုံးမြို့နယ်အတွင်း […]

အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

Dawei Watch

October 14, 2023

အပိုင်း – ၆ အာဖရိကနိုင်ငံများကို ဥရောပတိုက်သား မျက်နှာဖြူလူမျိုးများ နယ်ချဲ့သိမ်းပိုက်ပြီးနောက် ၁၈ ရာစုနှစ်အတွင်း အာဖရိကတိုက်သို့ မိသားစုအလိုက် ပြောင်းရွှေ့အခြေချနေထိုင်သူ ဥရောပတိုက်သားမိသားစုများ အများအပြား တိုးပွားလာခဲ့သည်။ ထိုမိသားစုများ၏ လိုအပ်ချက်အရ ပညာရေးအတွက် ကျောင်းများမှ ဖတ်စာအုပ်များ၊ သင်ခန်းစာများကို မိခင်နိုင်ငံမှ မိမိနေထိုင်ရာ မြို့များမှ သက်ဆိုင်ရာ ကျောင်းများက ပို့ပေးကြသည်။ အစောပိုင်းတွင် စာတိုက်များ၏ စာပို့ခမှာ အလွန်ဈေးကြီး၏။ အာဖရိကရောက် မျက်နှာဖြူမိသားစုများအတွက် ကြီးလေးသည့် စာပို့ခနှင့် ပညာရေးဖြည့်ဆည်းမှုက အဆင်မပြေ။ သို့ရာတွင် သူတို့အတွက် ကံကောင်းခြင်းလက်ဆောင်ကို အင်္ဂလန်နိုင်ငံက ဖန်တီးလိုက်သည်။ ၁၈၄၀ မေလမှ စတင်၍ အင်္ဂလန်နိုင်ငံသည် Penny Postage ဟူသည့် စာပို့စနစ်ကို တီထွင်လိုက်သည်။ Penny Postage စာပို့စနစ်ကြောင့် စာပို့ခမှာ […]

အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

Dawei Watch

October 12, 2023

အပိုင်း – ၄ မြန်မာသက္ကရာဇ်သက္ကရာဇ် ၁၃၈၃ ခု ၊ သီတင်းကျွတ်လပြည့်နေ့ ညနေခင်း။ ထားဝယ်မြို့ ၊ နိဗ္ဗာန်လမ်း ။ လူငယ်သုံးယောက် စီးလာသည့် ဆိုင်ကယ်မှာ ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံအနီး ၊ PRO ဟမ်ဘာဂါဆိုင်ရှေ့တွင် ရပ်သွားသည်။ သူ မြင်ဖူးခဲ့သည့် ထားဝယ်မြို့ ညနေခင်းမှာ ခါတိုင်းနှင့်မတူ။ ပိုထူးခြားလှပနေသည်ဟု ထင်မိသည်။ သည်နေ့က သီတင်းကျွတ်လပြည့်နေ့ကိုး။ ဝတ်ကောင်းစားလှ ဝတ်ဆင်ကာ လောကမာရဇိန်ဘုရားကြီးဝင်းသို့ ကုသိုလ်ယူဘုရားဖူးသွားနေကြသည့် ထားဝယ်မြို့သူ မြို့သားများ။ နိဗ္ဗာန်လမ်းပေါ် ဖြာကျနေသည့် ဆည်းဆာနေခြည်။ ပြုံးရယ်နေသည့် မျက်ဝန်း။ ဖျတ်ခနဲ မြင်လိုက်ရသည့် ထားဝယ်အပျိုမလေးတချို့၏ ဆံနွယ်နက်နက်….။ သူ့ စိုးရိမ်စိတ်တို့ ခဏတာ လွင့်စင်သွားသည်။ စိတ်သည် လောကကို ဖန်ဆင်း၏။ တနေရာတည်းမှာ ရပ်တန့်နေခဲ့သူချင်း […]

အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

Dawei Watch

October 11, 2023

အပိုင်း – ၃ ၂၀၁၇ ၊ နိုဝင်ဘာ ၂၀ ရက်။ နေသာသော နံနက်ခင်း…။ “စီးပွားရေး ပါတယ်” စပါယ်ယာအော်သံကြားတော့မှ ကားပေါ်မှာ တလမ်းလုံး တွေးရင်း ပါလာသည့် သူ သတိပြန်ဝင်လာသည်။ စပါယ်ယာအော်သံနှင့် ရှေ့ဆင့်နောက်ဆင့် ကားက ထိုးရပ်လိုက်သည်။ သူ ထိုင်ရာမှ ချက်ချင်းထပြီး ကားတံခါးပေါက်ဆီ သွားလိုက်သည်။ ဘဝတွင် တံခါးပေါက်များစွာကို ဝင်ထွက်ခဲ့ဖူးသူ သူ့အဖို့ ထိုနေ့က သူ ထသွားသည့် ကားတံခါးပေါက် ဘာမှ မထူးဆန်း။ မထူးဆန်းဘူးဟု ထင်ရသည်။ သို့သော် …. ။ ၂၀၁၇ ၊ နိုဝင်ဘာလ ၂၀ ရက်၏ မနက်ခင်းတွင် ရန်ကုန်မှ လေးထောင့်ကန်ဘက်သို့ အရှိန်နှင့် ဖြတ်ပြေးသွားသည့် YBS အမှတ် […]

အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

Dawei Watch

October 10, 2023

အပိုင်း – ၂ ၂၀၁၇ ခုနှစ် ၊ မတ်လ (၁၅) ရက်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးနေ့။ မွန်းတည့် ၁၂ နာရီ။ ထားဝယ် အထက(၁) ကျောင်းဝန်းထဲမှ ခေါင်းလောင်းသံက အာဇာနည်လမ်းမပေါ်အထိ ပျံ့သွားသည်။ အဖြူအစိမ်း ကျောင်းသားဘဝလေး အဆုံးသတ်သွားခဲ့ပြီ။ သည်ခေါင်းလောင်းသံမျိုး ဘဝတွင် သူ နောက်ထပ်မကြားနိုင်တော့ပြီ။ အဖြေလွှာစာရွက်ကို အခန်းစောင့်ဆရာမလက်ထဲ နောက်ဆုံးအကြိမ်အဖြစ် သူ အပ်လိုက်သည်။ စာသင်ခန်းထဲကနေ ထွက်လာလိုက်ချိန် ပင့်သက်တစ်ချက် အရှိုက်။ ဘဝမှာ ဘယ်လိုမှ ပြန်မရနိုင်တော့တာတစ်ခုကို နှုတ်ဆက်လိုက်ရပြီမှန်း သူအလိုလို သိသွားခဲ့သည်။ မိသားစုဘဝနွေးထွေးမှုနှင့် မိဘမေတ္တာဆိုတာကို လူသိခံမဝံ့စွာ ဆာလောင်ငတ်မွတ်ခဲ့သူပီပီ ကျောင်းသားဘဝနှင့် သူငယ်ချင်းများကို ဒုတိယမိသားစုလို ခင်တွယ်ခဲ့သည်။ “ကျောင်း” ဟုခေါ်သည့် ဘဝဆုံချက်လေးတွင် အတူပေါင်းစုမိခဲ့ကြသည့် ကျောင်းသားဘဝနာရီလက်တံတွေပေါ်က သူငယ်ချင်းများ။ […]

အမှောင်ဂယ်လာရီတွင် ကြယ်ငါးကောက်ခြင်း

Dawei Watch

October 9, 2023

အပိုင်း – ၁ ဇွန် ၁၆ ၊ ၂၀၁၇။ ည ၉ နာရီ မရှိတရှိ။ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်မှ သစ်စက်တစ်နေရာ….။ အထောက်အထားမဲ့ ခိုးဝင်ထားဝယ်အလုပ်သမားတစ်ဦး အဖော်မဲ့ တိတ်ဆိတ်စွာ ထိုင်နေသည်။ မွေးရပ်မြေ၏ အဝေးတစ်နေရာ ရေခြားမြေခြား၌ ဘဝတွင် ရင်မဆိုင်ဖူးသည့် တစုံတရာအတွက် ထိန်းချုပ်မရစွာ သူ ရင်ခုန်နေမိ၏။ သည်ည ကုန်လွန်သွားပြီးနောက် ရောက်လာမည့် မနက်ဖြန်သည် တနေ့ သူ ရင်ဆိုင်ရလိမ့်မည်ဟု ဝေးလံသော အတိတ်ကာလတခုမှစ၍ သူ ကြိုတင်မျှော်လင့်ထားခဲ့သည့်နေ့။ အနောက်ကမ္ဘာမှ အင်္ဂလန်ကျွန်းသားများ ပြောလေ့ ရှိသည့် စကားအတိုင်း….ဒေး အော့ဗ် ဿ ဒေးဇ်၊ Day of the days…။ မဆုံးနိုင်သည့် မိုးသားကောင်းကင်ထဲ အထီးကျန် သေးသိမ်စွာ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

April 6, 2023

Princes in The Darkness 1990s အခန်း(၃၄) “မင်း ကံကောင်းတယ်….မင်းတည်းခဲ့တဲ့ ထမင်းဆိုင်က ငါ့လူတွေပဲ…မင်းက ငါ့အကြောင်းကို မသိမသာ မေးနေတယ်ဆိုတော့..သူတို့စိတ်ထဲ ငါဒီနယ်မြေရောက်နေတာကို လိုက်စုံစမ်းနေတဲ့ အစိုးဘက်ကလူ လို့ ထင်ပြီး မင်းကို တစ်ခါထဲ ရှော့တော့မလို့” “ကျွန်တော်က ဒေါ်ယုယုမော်အကြောင်း ဘာကိစ္စ စုံစမ်းရမှာလဲ….ကျွန်တော့်ကိစ္စနဲ့ ကျွန်တော်ထွက်ပြေးလာရတာကို” “အေးပါ..ဒီကိစ္စတွေ အကုန်လုံး ငါသိပြီးပါပြီ…ဒါကြောင့်လည်း မင်းကို ဘုရားသုံးဆူမရောက်ခင် လမ်းက ဖြတ်ခေါ်လိုက်တာပေါ့…ဘုရားသုံးဆူမှာ မင်းကို သတ်မယ့်သေမင်းတွေရောက်နေပြီဆိုတာ မင်းသိရဲ့လား” ဗေဒါက ခေါင်းခါလိုက်သည်။ “ဇမိမြစ်အထိနယ်မြေက ငါ့အပိုင်မို့လို့ တော်သေးတယ်..ဟိုဘက်ခြမ်းဆို ငါတို့လည်း မင်းကို မကယ်နိုင်တော့ဘူး” “ကျေးဇူးတင်ပါတယ်” “ကျေးဇူးတင်ရမယ့်သူက..ငါ မဟုတ်ဘူး….ဟိုမှာ လာနေပြီ” ဆိုင်ကယ်သံများကြောင့် ဗေဒါက နောက်သို့ လှည့်ကြည့်လိုက်၏။ ဖုန်လုံးကြီးများနှင့်အတူ ဆိုင်ကယ်များက သူတို့ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

April 5, 2023

Princes in The Darkness 1990s အခန်း(၃၃) မော်လမြိုင်သို့ မရောက်မီ မုတ္တမတွင် ဗေဒါက အဝေးပြေးကားပေါ်မှ ဆင်းလိုက်၏။ ယခုချိန်လောက်ဆိုလျှင် နယ်မြို့များမှ ကားဂိတ်များတွင် မစ္စတာလုက သူ့လူအချို့ကို ‌စောင့်ကြည့်ခိုင်းကောင်း စောင့်ကြည်နေတော့မည်ကို ဗေဒါတွေးမိလိုက်ခြင်းကြောင့်ပင်။ ဒါကလည်း မစ္စတာလု၏ လုပ်ငန်များကို ဆယ်စုနှစ်တစ်စုကြာလုပ်ပေးခဲ့သည့်အတွေ့အကြုံအရဖြစ်သည်။ မုတ္တမမြို့အဝင် ထမင်းဆိုင်တစ်ဆိုင်၏ ထောင့်ကျကျစားပွဲတွင် ဝင်ထိုင်ရင်း ညစာစားလိုက်၏။ ညအိပ်ရန် စုံစမ်းသောအခါ ထမင်းဆိုင်က သူ့ဆိုင် အ‌ပေါ်ထပ်တွင်ပင် အခန်းခပေးကာ နေလို့ရကြောင်း ပြောသဖြင့် အဆင်ပြေသွားသည်။ တည်းခိုခန်းများ၊ ဟိုတယ်များထက်စာလျှင် ထိုနေရာမျိုးက သူ့အတွက် ပိုလုံခြုံနိုင်သည်။” ဗေဒါအိပ်မပျော်။ အောက်ဘက်တွင်လည် ဆိုင်သိမ်းဆည်းနေသံများကြားရသဖြင့် အရက် သို့မဟုတ် ဘီယာ တစ်ခုခု ရလိုရငြား အောက်သို့ ဆင်းလာခဲ့လိုက်၏။ အောက်ထပ်တွင် ဆိုင်ရှင်အမျိုးသားက […]