The Sheronies of Tavoy – ထားဝယ်နှင်းဆီ
Dawei Watch
July 13, 2024[အခန်း ၅] “မေမေရေ . . . မမရေ” “မေမေရေ . . . မမရေ” “မေမေရေ . . . မမရေ” ကြည်ကြည် နှုတ်မှ တတွတ်တွတ်ရွတ်ရင်း အာခေါင်များ ခြောက်လာသည်။ နှာခေါင်းအတွင်း သူမ မရင်းနှီးသည့် အနံ့အသက်တို့ စုပြုံဝင်လာ၏။ မျက်လုံးတို့ ဖွင့်ကြည့်လိုက်သည်။ မှောင်မဲနေ၏။ “ငါ သေသွားပြီလား . . . မဟုတ်သေးပါဘူး” အိပဲ့အိပဲ့နှင့် လှုပ်ရှားသွားလာနေသော တစ်စုံတစ်ခုပေါ်တွင် သူမ ရောက်နေမှန်းတော့ ခံစားမိလိုက်သည်။ “ကလောက် . . . ကလောက် . . . ကလောက်” ရှေ့ခပ်လှမ်းလှမ်းမှ စည်းချက်ညီညီ လှုပ်ယမ်းနေသော . […]