BREAKING
September 16, 2024

အခန်းဆက် ဝတ္ထုရှည်

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

October 27, 2022

အခန်း(၁) ရန်ကုန်မြို့။၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်။ ည ၈ နာရီ။ပန်းဆိုးတန်းနှင့် ရန်ကုန်ဘူတာကြီးကြားမှ အမှောင်ရိပ်ကျသည့်လမ်းတစ်နေရာ။ “တစ်ရှဲတစ်မတ်…တစ်ရှဲတစ်မတ်..ဖွေးတယ်..တောင့်တယ်..ရှင်းတယ်..လင်းတယ်..တစ်ရှဲတစ်မတ်” တချက်တချက် မှောင်ရိပ်ထဲမှ ခပ်တိုးတိုးအသံတစ်ခုက ထွက်ပေါ်နေသည်။ လမ်းသွားလမ်းလာ ယောက်ျားသားများထံ ဦးတည်နေခြင်းဖြစ်၏။ မှောင်ရိပ်ထဲမှ အသံရှင်က ရုတ်တရက်အသံတိတ်သွားသည်။ သူ့ရှေ့တွင် လာရပ်နေသော အသက်(၁၄)နှစ်ဝန်းကျင်လူငယ်နှစ်ဦးကို သေချာကြည့်လိုက်သည်။ “ဆရာကြီး…တစ်ရှဲကို နှစ်ယောက်ကြည့်လို့ရမလား” ဆံပင်ကိုဘိုကေဖီးထားပြီး ကျောင်းဝတ်စုံ၊ လွယ်အိတ်အနီဖြင့် လူကောင်ခပ်သေးသေး လူငယ်က ငွေတစ်မတ်ကို လက်ထဲတွင်ကိုင်လျက်ဆိုသည်။ သူ့နောက်တွင် ဆံပင်ဖွာလန်ဖြင့် ကချင်လွယ်အိတ်ကို လွယ်ထားသည့် ရွယ်တူလူငယ်တစ်ယောက်။ “မရဘူးလေ..တစ်ယောက်ပဲ” “ကျွန်တော်တို့က ကလေးတွေပဲဗျာ..နှစ်ယောက်ကြည့်မယ်လေ” ရှဲတစ်မတ်ဆရာက တွေဝေနေသည်။ “လုပ်ပါဆရာကြီးရဲ့…တမတ်ပဲ ပါလို့ပါ..ကျွန်တော်တို့ကျောင်းသားတွေပါ” “အေး..ကွာ..အေးကွာ..ပေး..ပိုက်ဆံ” တစ်မတ်စေ့ကို လက်ထဲမှယူလိုက်ပြီး သူ့နောက်သို့ လိုက်ခဲ့ရန် အချက်ပြလိုက်သည်။ မှောင်နေသည့်လမ်းကျဉ်းတစ်ခုကြားသို့ရောက်သည့်အခါ တိုက်နံရံတစ်ခုကို […]