BREAKING
September 16, 2024

အခန်းဆက် ဝတ္ထုရှည်

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 2, 2022

အခန်း(၇) ကြေးမုံ။ (၁၅)နှစ်သား။ မြေနီကုန်းနယ်မြေအပိုင်စားတဲ့။ ထိုအချိန်က ရန်ကုန်လူမိုက်လောကတွင်း ပြောစမှတ်ဖြစ်ခဲ့သည့်အဖြစ်။ ကြေးမုံသည် အသက်(၁၅)နှစ်တွင်‌ မြေနီကုန်းစမ်းချောင်းတခွင်အခြေချကာ ရန်ကုန်မြို့၏ ခါးလောကကို အုပ်စိုးရသည့် ဘုရင်ကလေးဖြစ်လာခဲ့သည်။ သူ့နောက်တွင် ပန်းဆိုးတန်းမှ ကျော်ဝင်းကြီးနှင့် မိုးကျော်တို့ ရှိနေသည်။ အစပိုင်းကာလများတွင် မြေနီကုန်းဂွင်တွင် မိုးကျော် နှင့် ကြေးမုံ တွဲလျက်နေရာယူထားသဖြင့် အသံသိပ်မထွက်။ ရန်ကုန်တစ်မြို့လုံးရှိ ခါးလိုင်းမှ ခါးပိုက်နှိုက်များသည် ယခင်က ပန်းဆိုးတန်းကျော်ဝင်းထံတွင် ပစ္စည်းသွင်းကြရသည်။ နောက်ပိုင်းတွင် မြေနီကုန်း၊ တပင်‌ရွှေထီးရုပ်ရှင်ရုံဘေး လက်ဖက်ရည်ဆိုင်တွင် ထိုင်လေ့ရှိသော ကြေးမုံထံ သွားရတော့သည်။ ခါးလောက၏ နယ်မြေခွဲခြမ်းရေးကိစ္စများကိုပါ ကြေးမုံက ဆုံးဖြတ်ပေးရသည်။ တစ်နှစ်ကျော်ကာလအတွင်း မိုးကျော် တဖြည်းဖြည်းအလာကြဲသွားသည့်အခါ ကြေးမုံတစ်ယောက်သာကျန်ရစ်သည်။ ကြေးမုံ ကား လူအုပ်စုဖြင့် နေတတ်သူမဟုတ်။ စိုးရ၊ မွှေးနီ စသော ခါးလိုင်းမှ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 2, 2022

အခန်း(၆) “အေး…လသာက အဘိုးကြီးနှစ်ယောက်က သူတို့ရန်ကြွေးနဲ့ သူတို့ အလိန်ကြီးကိုသတ်ချင်နေတာ…စိန်ကီးကိုသတ်ရမှာက ပီတာတို့အုပ်စုတာဝန် .အခုက သူတို့သတ်ရမယ့်လူတွေကို ငါတို့က သတ်ပေးသလိုဖြစ်သွားပြီး..ငါတို့တကယ်သတ်ရမယ့် အားကျိုင်းက လွတ်သွားတယ်” “အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ” “အားကျိုင်းကို အဘိုးကြီးနှစ်ယောက်လူတွေတာဝန်ယူလိုက်ပြီ..သူတို့က….ငါ့လူတွေလက်ဆကိုလည်း ပြောမဆုံးဖြစ်နေတယ်…သေနတ်ပါတာကို လည်ပင်းဝင်လှီးပြီးသေအောင်သတ်နိုင်တယ်ဆိုတော့ လက်ရဲဇက်ရဲထဲက ဘယ်သူလဲတဲ့ မေးနေကြတယ်..မိုးကျော်..မင်းချာတိတ်တွေက ပွဲဦးထွက်မှာ တကယ့်ဂေါင်ကို ဖြိုတာပဲဟေ့” ကျော်ဝင်းကြီးမျက်နှာက ပြုံးရွှင်နေသဖြင့် နောက်ခန်းမှ ထိုင်လိုက်လာသော ကြေးမုံနှင့် ဧရာတို့ သက်ပြင်းချနိုင်လိုက်ကြသည်။ “ကျွန်တော်ဘယ်မောင်းရမလဲ အကိုကြီး” “ငါ့အိမ်ကိုပဲ မောင်း” “ဘယ်အိမ်လဲ အကိုကြီး” “ပန်းဆိုးတန်းက တိုက်ခန်းကိုပြောတာ” သူတို့လေးဦး ပန်းဆိုးတန်းတိုက်ခန်းပေါ်သို့ တက်ခဲ့ကြသည်။ ကျော်ဝင်းကြီး၏ တတိယမြောက်မဟေသီလေး မခင်ဝင်းကြည်က အိပ်မှုန်စုံမွှားဖြင့် တံခါးထဖွင့်ပေး၏။ “ခင်ဝင်းကြည်..ဘာစားစရာရှိဦးမလဲ.” ခင်ဝင်းကြည်က ဆံပင်ကို ဘီးစပတ်ဖြင့် တပတ်လျှိုထုံးလိုက်သည်။ “အကိုကြီး ပြန်လာရင် […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 1, 2022

အခန်း(၅) ရန်ကုန်မြို့၊ ပန်းဆိုးတန်း၊စားဖျော် အစိုးရယမကာဆိုင်၏ ဘေးကပ်လျက်တွင်ရှိသော “သဟာရ” ပျော်ပွဲစားရုံ။ “နေပါဦး..ကြေးမုံ..မင်း ကြယ်နီကို သတ်ပြီးတော့ ရှောင်နေလို့ရတာပဲ..မင်းလို့လည်း ဘယ်သူကမှ မျက်မြင်သက်သေရှိတာမဟုတ်ဘူး…ငါ့တို့သတ်တယ်ပဲ ရဲတွေက အစထင်ကြတာ..အဲ့ဒါကို ဘာလို့ ရဲစခန်းမှာ လာဝန်ခံတာလဲ” မိုးကျော်က သူ့ရှေ့မှ ခေါက်ဆွဲကြော်ကို ခက်ရင်းနှင့် ထိုးကော်နေသည့် ကြေးမုံကို မေးလိုက်သည်။ ကြေးမုံက လက်ကာပြပြီး ခေါက်ဆွဲကြော်တစ်လုတ်ကို အရသာခံစားလိုက်သည်။ ထို့နောက် သူ့အတွက် ငှဲ့ပေးထားသော မန္တလေးရမ်ခွက်ထဲသို့ ဘိလပ်ရည်အနည်းငယ်ရောကာ အရသာခံသောက်လိုက်သည်။ “ကျွန်တော်သတ်တာလေဗျာ.. ကိုမိုးကျော်သတ်တာမှမဟုတ်တာ..နို့မဟုတ် ကျွန်တော်လည်း ငါ့ဘယ်နေ့ လာဖမ်းမလဲ ကြောက်မနေချင်ဘူး… အပြင်မှာနေပြီး တနေ့တနေ့ တွေးကြောက်နေရတာထက် လာအဖမ်းခံပြီး ထောင်ထဲနေရာတာကမှ ပိုကောင်းသေးဗျ..ကျွန်တော် စိတ်ထဲမှာတနုံ့နုံ့ကြောက်နေရတဲ့ ကိစ္စကို ထောင်တွေ အချုပ်တွေထက် ပိုကြောက်တယ်…” “ခွေးသားပေါက်လေး….အဲ့ဒါများ အဲ့ဒီညကတည်းက သွားအဖမ်းခံလိုက်ပြီးနေတာကိုး..ငါရော […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

October 30, 2022

အခန်း(၄) ကြည့်မြင်တိုင်ရဲစခန်းရှေ့သို့ ဆိုက်ကားတစ်စီး ထိုးဆိုက်လာသည်။ ဆိုက်ကားပေါ်တွင် အမျိုးသမီးနှစ်ဦးပါလာ၏။ အသားလတ်လတ် ၊ ခန္ဓာကိုယ်ခပ်ဝဝ ၊ ရွှေလက်ကောက်များ တံတောင်စစ်အထိ ဝတ်ထားသော အသက်(၅၀)ကျော်အရွယ်အမျိုးသမီးကြီး။ သူမကား သံတံတားမပု။ ရန်ကုန်မြို့ ပြည့်တန်ဆာလောက၏ နာမည်ကျော်ဂိုဏ်းချုပ်ကြီး။ ကြည့်မြင့်တိုင်ဘူတာနှင့် စမ်းချောင်းနယ်စပ်ဖြစ်သော သံတံတားအနီး မြေကွက်လပ်တွင်ရှိသည့် သူမ၏ အိမ်မဲကြီးမှာ နာမည်ကျော်ပါသည်။ ပြည့်တန်ဆာများစွာကို ဦးစီးအုပ်ချုပ်လုပ်ကိုင်နေပြီး ရဲဌာန၏ အထက်အဆင့်ဆင့်အထိ ပေါက်ရောက်သူ။ ရန်ကုန်တိုင်းအတွင်းရှိ ရဲဌာနအသီးသီးမှာ သူ့ပေးစာကမ်းစာနှင့် မကင်း။ ထို့ကြောင့် ရဲစခန်းထဲသို့ဝင်လာသော်လည်း မပု မျက်နှာက ခပ်တင်းတင်း။ သူမ၏ အနောက်တွင်တော့ ပါတိတ်ဝမ်းဆက်ဝတ်ထားသော အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်ကောက်ကြောင်းလှလှဖြင့် အသက် (၃၀)ကျော်အရွယ်အမျိုးသမီး။ သူမ၏ မျက်နှာတွင် အဓိကသတိထားမိနိုင်သည်က နှုတ်ခမ်းများပင်။ ဟောလိဝုဒ်မင်းသမီး ဆိုဖီယာလော့ရင်ကဲ့သို့ ဆွဲဆောင်မှုပြင်းသော နှုတ်ခမ်းထူထူများ။ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

October 29, 2022

အခန်း(၃) ကြည့်မြင်တိုင်ရဲစခန်း။ ဗားဂရာခြောက်အနီးတွင်တည်ရှိပြီး ရန်ကုန်မြို့၏ မှုခင်းအများဆုံးသော ရဲဌာနတစ်ခုလည်းဖြစ်သည်။ စခန်းမှူး ဦးမောင်မောင်ကြီး ၏ ရုံခန်းအတွင်းတွင် မိုးကျော်က စီးကရက်ကိုဖွာရင်း ခြေချိတ်ထိုင်နေသည်။ “မင်းတို့ လုပ်တာမဟုတ်ရင်..ဘယ်သူလုပ်တာလဲ..မိုးကျော်” “ကျွန်တော်မသိဘူးလို့ ပြောပြီးပြီလေ..ကိုမောင်ကြီး…ကျွန်တော့်ကောင်တွေကိုလည်း ခင်ဗျား စိတ်ကြိုက်စစ်ပြီးပြီပဲ” ဦးမောင်မောင်ကြီး က စားပွဲပေါ်တွင် ထိုင်နေရင်းမှ ထလာသည်။ “မင်းတို့ကိုပန်းဘဲတန်းမှာကတည်းက ငါ သေချာပြောတယ်.. မင်းတို့ လက်လွန်ခြေလွန်ဖြစ်ကြတဲ့အခါလည်း အလောင်းကို ပေါ်တင်ကြီးတော့ မထားနဲ့..လုပ်စရာရှိတာလုပ်ပြီးရင် တစ်ခါတည်းဖျောက်ပါလို့…အခု ငါ့နယ်မြေထဲ အဲ့ဒီလိုကြီးဖြစ်တော့မှ ငါက ဘယ်လို လုပ် ပေးရမလဲ…ဘာဖြစ်ဖြစ် မင်းလူတွေလုပ်တာလို့ တစ်ရပ်ကွက်လုံးက ပြောနေပြီ..မင်းဆီက တစ်ယောက် ယောက်တော့ ထိုးကျွေးပေး..ဟေ့ကောင်” မိုးကျော်က စီးကရက်ပြာကို ချွေလိုက်ပြီး သက်ပြင်းချလိုက်သည်။ “အလဟဿကျွန်တော့်လူတစ်ယောက် အဆုံးခံရမှာလား..ကျွန်တော်တို့..မသတ်ပါဘူးဆို” ထိုအချိန်တွင် ရုံးခန်းအတွင်းသို့ ဂါတ်စာရေးကြီးဝင်လာသည်။ “ညက […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

October 28, 2022

အခန်း(၂) “မင်းနာမည်က အဆန်းကွ..သတင်းစာနာမည်ပါလား” “ဟုတ်တယ်..ကျွန်တော့်ကို ကိုမွေးတုန်းက ကလေးအနှီးမရှိလို့ ကြေးမုံသတင်းစာနဲ့ ခဏပတ်ထားရလို့ ကြေးမုံလို့ ခေါ်တာလို့ အမေက ပြောတာပဲ” “ကြံကြံဖန်ဖန်ကွာ..တယ်မိတဲ့နာမည်ပဲ” ကြယ်နီနဲ့ ကြေးမုံ စတင်သိကြသည်က သံတံတားမပု ၏ ပြည့်တန်ဆာအိမ်တွင် ဖြစ်သည်။ ကြည့်မြင့်တိုင်ဘူတာ သံတံတားနှင့် ဇလွန်လမ်းကြားရှိ မီးရထားပိုင်မြေပေါ်တွင် ရှိသည့် သစ်သားအိမ်မဲမဲကြီး။ ထိုနေရာသည် ရန်ကုန်မြို့၏ အသွေးအသားရောင်းဝယ်ရာစျေးကွက်ကြီးထဲမှ နာမည်ကျော် သံတံတားမပု၏ နန်းတော်ပင်။ ကြေးမုံကို ထိုနန်းတော်၏ နောက်မှ တဲတန်းကလေးတွင် မွေးဖွားခဲ့သည်တဲ့။ ကြေးမုံ၏ မိခင် မမြင့်ဝင်းသည် ထိုခေတ်က နာမည်ကျော်ဟောလီဝုဒ်မင်းသမီး ဆိုဖီယာလော့ရင်နှင့် တူသည့်အတွက် ဆိုဖီယာလော့ရင်ဟု အမည်တွင်သည့် မပုဘိ၏ နာမည်ကျော်ပြည့်တန်ဆာတစ်ယောက်။ ကြေးမုံ အဖေ မည်သူဆိုတာ မသိ။ ကြေးမုံ ကျောင်းကို ခြောက်တန်းအထိ […]