အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 2, 2022အခန်း(၇) ကြေးမုံ။ (၁၅)နှစ်သား။ မြေနီကုန်းနယ်မြေအပိုင်စားတဲ့။ ထိုအချိန်က ရန်ကုန်လူမိုက်လောကတွင်း ပြောစမှတ်ဖြစ်ခဲ့သည့်အဖြစ်။ ကြေးမုံသည် အသက်(၁၅)နှစ်တွင် မြေနီကုန်းစမ်းချောင်းတခွင်အခြေချကာ ရန်ကုန်မြို့၏ ခါးလောကကို အုပ်စိုးရသည့် ဘုရင်ကလေးဖြစ်လာခဲ့သည်။ သူ့နောက်တွင် ပန်းဆိုးတန်းမှ ကျော်ဝင်းကြီးနှင့် မိုးကျော်တို့ ရှိနေသည်။ အစပိုင်းကာလများတွင် မြေနီကုန်းဂွင်တွင် မိုးကျော် နှင့် ကြေးမုံ တွဲလျက်နေရာယူထားသဖြင့် အသံသိပ်မထွက်။ ရန်ကုန်တစ်မြို့လုံးရှိ ခါးလိုင်းမှ ခါးပိုက်နှိုက်များသည် ယခင်က ပန်းဆိုးတန်းကျော်ဝင်းထံတွင် ပစ္စည်းသွင်းကြရသည်။ နောက်ပိုင်းတွင် မြေနီကုန်း၊ တပင်ရွှေထီးရုပ်ရှင်ရုံဘေး လက်ဖက်ရည်ဆိုင်တွင် ထိုင်လေ့ရှိသော ကြေးမုံထံ သွားရတော့သည်။ ခါးလောက၏ နယ်မြေခွဲခြမ်းရေးကိစ္စများကိုပါ ကြေးမုံက ဆုံးဖြတ်ပေးရသည်။ တစ်နှစ်ကျော်ကာလအတွင်း မိုးကျော် တဖြည်းဖြည်းအလာကြဲသွားသည့်အခါ ကြေးမုံတစ်ယောက်သာကျန်ရစ်သည်။ ကြေးမုံ ကား လူအုပ်စုဖြင့် နေတတ်သူမဟုတ်။ စိုးရ၊ မွှေးနီ စသော ခါးလိုင်းမှ […]