BREAKING
September 7, 2024

အခန်းဆက် ဝတ္ထုရှည်

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 4, 2022

အခန်း(၉) ၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့။ နေ့လည်၁၁ နာရီ။ အင်းစိန်၊ သမိုင်းဘက်မှ ကားများဖြင့် ရောက်ရှိလာသော လူအုပ်ကြီးသည် ဆင်ဝှာသတင်းဌာန၊ တရုတ်လေကြောင်းအုပ်ချုပ်ရေးရုံးနှင့် တရုတ်ကောင်စစ်ဝန်ရုံးတို့ကို အုပ်စုဖွဲ့ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။ ထိုနေ့ည ၁၀ နာရီ။ မိုးကျော်၊ အီဆတ်၊ အီဆာ၊ ကြေးမုံ၊ ဧရာ တို့ အသီးသီးဦး‌ဆောင်ထားသည့် လူ(၂၀)ကျော်က လမ်းမတော်ထိပ်တွင် နေရာယူထားသည်။ တရုတ်တန်းရှိ တိုက်များပေါ်တွင် တရုတ်ကျောင်းသားများက “မော်စီတုန်း..ဝမ်စွေ့ ဝမ်စွေ့” ဟု အော်ကာ ဆန္ဒပြနေကြ၏။ မှောင်ရိပ်ထဲတွင် ထိုင်နေသော ကြေးမုံက ဆူညံနေသော တိုက်ခေါင်မိုးပေါ်သို့ လှမ်းကြည့်လိုက်သည်။ ခေါင်မိုးပေါ်တွင် ကျောင်းသားအရွယ် တရုတ်လူငယ်ကလေးများ ၏ မျက်နှာကို မျက်နှာချင်းဆိုင် တိုက်မှ မီးရောင်များတွင် မြင်နေရ၏။ “ကိုမိုးကျော်” “ပြော […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁)

diz_admin

November 4, 2022

စာရေးသူရဲ့ အမှာစာ >>>>>ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ >>>>>ကျေးဇူးတင်ရှိခြင်း >>>>> အပိုင်း (၁) အခန်း -၁- (ထားဝယ်မှ မင်းသမီးစခန်းသို့…) (၁) နှစ် ၂၀ ကျော် ခရီးစဉ်ရဲ့ ပထမဆုံးနေ့ … တောစခိုဖြစ်တဲ့နေ့အကြောင်း တွေးမိတိုင်း ပထမဆုံး သတိရတာကတော့ “လမ်းကြုံလို့ တောခိုလာသူ” ဆိုပြီး ရဲဘော်တချို့က ကျနော့်ကို စ နောက်လေ့ ရှိတဲ့ စကားလုံးလေးပါ။ သူတို့ပြောမယ်ဆိုလည်း ပြောစရာပါပဲ။ တောခိုဖို့ ကြိုတင်စီစဉ်ထားခြင်း မရှိတဲ့ ကျနော်ဟာ တောခိုမယ့်လူတွေ ကျနော်တို့ ရွာဆီ ရောက်လာရာကနေ အဲဒီလူတွေနဲ့အတူ လိုက်ပါလာရင်းနဲ့ တောထဲရောက်လာတဲ့သူဆိုရင် မမှားပါဘူး။ ကျနော့် စိတ်ထဲ မှတ်မိသလောက်ကို ပြန်ကောက်ရမယ်ဆိုရင် အဲဒီနေ့က ၁၉၈၈ စက်တင်ဘာလ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ကျေးဇူးတင်ရှိခြင်း)

diz_admin

November 4, 2022

ဒီစာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်အပ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ တောတောင်တွေထဲ ခက်ခဲကြမ်းတမ်းစွာ အတူတကွ ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ၂၀၁ တပ်ရင်း၊ မင်းသမီးစခန်းမှ ဘဝတူရဲဘော်ရဲဘက်တွေ၊ တခြား တပ်ရင်း စခန်းအသီးသီးက ရဲဘော် ရဲဘက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ရှားပါးဓာတ်ပုံတွေ ရှာဖွေပေးတဲ့၊ ကျနော်မေးမြန်းသမျှကို ဖြေကြားပေးကြတဲ့ တပ်ရင်းအသီးသီးက ရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်ကြောင်း ပထမ ဆုံး ပြောချင်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ ဒီစာအုပ်အတွက် အမှာစာရေးပေးတဲ့ လက်ရှိ ABSDF ဥက္ကဌ ကိုသံခဲနဲ့တကွ ကျနော်မေးမြန်းသမျှအချက်အလက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေ ရှာဖွေပေးခဲ့တဲ့ လက်ရှိ ဗဟိုကော်မီတီတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ တတိယ အနေနဲ့ကတော့ ဒီလိုစာအုပ်မဖြစ်ခင်မှာ အခန်းဆက်ဆောင်းပါး ၅၂ ခုကို […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ)

diz_admin

November 4, 2022

ရဲဘော်ထက်အောင်ကျော် —– သို့ ကိုထက်အောင်ကျော် (ခ) ကိုဝင်းထိန်ခင်ဗျား . . . ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးတော့ ခင်ဗျားတို့က မြန်မာပြည်တောင်ပိုင်း ထိုင်းနယ်စပ် မင်းသမီးစခန်းကိုရောက်တယ်။ ကျန်နော်တို့က အနောက်ပိုင်း မဏိပူယတောင်တန်းပေါ်က လိုင်ခူးစခန်းကို ရောက်တယ်။ တကယ့်တောင်နဲ့ အနောက်။ စာသင်ခန်းထဲကနေ တောထဲကိုရောက်ခဲ့ကြတဲ့ ကျန်နော်တို့တတွေဟာ တော်လှန်ရေးဆိုတဲ့ ကျောင်းတော်ကြီးမှာ ခေါင်းစဉ်တပ်လို့တောင် လိုက်မမှီတဲ့ ဘာသာဗေဒပေါင်းစုံကို သင်ကြားခဲ့ရတာတွေလည်း အတူတူပါပဲ။ ကျနော်တို့က ရခိုင်၊ ဇိုမီး၊ ကွတ်ကီး၊ ချင်း၊ နာဂ၊ ကသည်း၊ ကချင်၊ ရှမ်း တိုင်းရင်းသားတွေနဲ့ လက်တွဲနေတဲ့အချိန်မှာ ခင်ဗျားတို့က ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ပလောင်၊ ပအို့ဝ်၊ ဆလုံ၊ ထားဝယ်ဒေသခံတွေနဲ့ ချီတက်နေကြတာ၊ တယောက်နဲ့တယောက် တဖက်နဲ့တဖက် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(စာရေးသူရဲ့ အမှာစာ)

diz_admin

November 4, 2022

အခုထုတ်ဝေလိုက်တဲ့ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ဟာ ဧရာဝတီမဂ္ဂဇင်းမှာ တနှစ်ကျော် အပတ်စဉ်ဖေါ်ပြပါရှိခဲ့တဲ့ အခန်းဆက်ဆောင်းပါး ၅၂-ပိုင်းကို ပြန်လည်စုစည်းပြီး ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ တောတွင်းဘဝဖြတ်သန်းမှုအခြေနေ၊ အထူးသဖြင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ “ရဲဘော်သူငယ်ချင်း” တွေအကြောင်းကို မှတ်တမ်းတခုအနေနဲ့ရေးထားသင့်တယ်၊ တချိန်ချိန်မှာ အသေချာရေးမယ်လို့စိတ်ကူးထားတာကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တန်း ရေးဖို့ဖြစ်လာတာကတော့ ၂၀၀၈-ခုနှစ် ဒီဇင်ဘာလမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ “Far from Home: 20 years in Exile” စာအုပ်မိတ်ဆက်ပွဲကျမှ ဖြစ်ပါတယ်။ “တောထဲကအတွေ့အကြုံတွေအကြောင်း ရေးထားတယ်ဆိုလို့ ခင်ဗျားစာအုပ်ကို ဖတ်ကြည့်တာ ဘာမှလဲ ထူးထူးခြားခြားမပါဘူး၊ ဆောင်းပါးဟောင်းတွေချည်းပါပဲလား” ဆိုပြီး စာအုပ်ထုတ်ဝေပွဲ အခမ်းအနားဆီ တက်လာတဲ့ ABSDF ခေါင်းဆောင်ဟောင်းတဦးက ကျနော့်ကို ဝေဖန်ခဲ့ပါတယ်။ အဲဒီဝေဖန်ချက်ဟာ ကျနော်ခေါင်းထဲစွဲနေပြီး နိုင်ငံရေးထင်မြင်ချက်ဆောင်းပါးတွေအပြင် တကယ့် […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 3, 2022

အခန်း(၈) မုန့်လက်ဆောင်းကုန်း ထဲ ကြေးမုံ ဝင်လာပြီ။ ဆိုက်ကား တစ်စီးနှင့်။ ဆိုက်ကားဆရာ ကိုစန်းထွန်း။ အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး ချာတိတ်တစ်ယောက်သည် ကြေးမုံ ဟု မည်သူမျှ မထင်။ “အကိုကြီး….ကိုရွှေသွားတို့ အိမ်က ဘယ်နားမှာလဲဗျ” မုန့်လက်ဆောင်းကုန်းမရောက်ခင် ကွမ်းယာဆိုင်ကလေးကို ကြေးမုံက မေးသည်။ ကွမ်းယာဆိုင်တွင်ထိုင်နေသော လူငယ်များကမျက်မှောင်ကြုံ့သည်။ “ဘာလုပ်မလို့လဲ” “သြော်.အရောင်းအဝယ်ကိစ္စလေးရှိလို့ပါ” “ဟိုးထိပ်က အုန်းပင်လေးရှိတဲ့ အိမ်ပဲ” ဆိုက်ကားက ထွက်သွားသည်။ “ဟေ့ကောင်..အဲ့ဒါ ကြေးမုံဆိုတာများလား” “ဟာ..ကြေးမုံဆို ဒီလိုလာရဲမလားဟ” “ကြေးမုံဆို ဆော်ဖို့ ကိုရွှေသွား မှာထားလို့လေ” ကွမ်းယာဆိုင်တွင်ထိုင်နေသော လူငယ်က သူ့ဘေးတွင် ချထားသော နှစ်တစ်လက်မတုတ်အား ဆ ကိုင်ရင်း ပြောသည်။ “ပစ္စည်းလာသွင်းတဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ခါး နေမှာပါကွာ…ကြေးမုံ ဆို ဒီလိုလာမလား..ကျော်ဝင်းကြီးလူပဲ..အင်နဲ့အားနဲ့ လာမှာပေါ့ဟ” “အေး..ငါလည်း […]