အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 4, 2022အခန်း(၉) ၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့။ နေ့လည်၁၁ နာရီ။ အင်းစိန်၊ သမိုင်းဘက်မှ ကားများဖြင့် ရောက်ရှိလာသော လူအုပ်ကြီးသည် ဆင်ဝှာသတင်းဌာန၊ တရုတ်လေကြောင်းအုပ်ချုပ်ရေးရုံးနှင့် တရုတ်ကောင်စစ်ဝန်ရုံးတို့ကို အုပ်စုဖွဲ့ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။ ထိုနေ့ည ၁၀ နာရီ။ မိုးကျော်၊ အီဆတ်၊ အီဆာ၊ ကြေးမုံ၊ ဧရာ တို့ အသီးသီးဦးဆောင်ထားသည့် လူ(၂၀)ကျော်က လမ်းမတော်ထိပ်တွင် နေရာယူထားသည်။ တရုတ်တန်းရှိ တိုက်များပေါ်တွင် တရုတ်ကျောင်းသားများက “မော်စီတုန်း..ဝမ်စွေ့ ဝမ်စွေ့” ဟု အော်ကာ ဆန္ဒပြနေကြ၏။ မှောင်ရိပ်ထဲတွင် ထိုင်နေသော ကြေးမုံက ဆူညံနေသော တိုက်ခေါင်မိုးပေါ်သို့ လှမ်းကြည့်လိုက်သည်။ ခေါင်မိုးပေါ်တွင် ကျောင်းသားအရွယ် တရုတ်လူငယ်ကလေးများ ၏ မျက်နှာကို မျက်နှာချင်းဆိုင် တိုက်မှ မီးရောင်များတွင် မြင်နေရ၏။ “ကိုမိုးကျော်” “ပြော […]