အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 7, 2022အခန်း(၁၂) အီဆာ၊ အီဆတ်၊ အလီတို့က ခေါင်းကို ငုံ့ထားသည်။ ကျော်ဝင်းကြီး ၏ အသက်ရှုသံ တရှူးရှူးက ဒေါသကြောင့် ပြင်းထန်နေသည်။ “မင်းတို့ အစကတည်းက မသိကြဘူးလား…ဟိုကောင်မိုးကျော်..မင်းရော မသိဘူးလား” “ကျွန်တော်က ဆိပ်ကမ်းမှာပဲ ရှိနေတာလေ..အကိုကြီး” “တောက်…လူပေါ် ခွေးကြောတာကွ…ကြာကူလီလုပ်သွားတာ..ကြေးမုံရော..ဒီကောင်ဘာလို့မလာတာလဲ” “ကြေးမုံပါ ပျောက်နေတာ..အကိုကြီး” “မအေလိုးလေးတွေ..တကျိတ်တည်း တဉာဏ်တည်းနေမယ်..မိုးကျော်..ငါတို့လူ အကုန်စုကွာ..ပြီးရင်.နှစ်ကောင်လုံး ရအောင်ရှာပြီးတွေ့တဲ့နေရာသတ်..ခင်ဝင်းကြည်ကို တော့ အရှင်ရအောင်ခေါ်ခဲ့…ဒီလောက်ယားနေတဲ့ကောင်မ…ငါ့လက်နဲ့ ငါကိုယ်တိုင်သတ်မယ်” မှောင်ခိုလမ်းကြောင်းတစ်ခုချဲ့ထွင်ရန်အတွက် မော်လမြိုင်သို့တက်သွားရာမှ ပြန်လာသော ကျော်ဝင်းကြီး ယမ်းမီးပုံကျနေသည်။ ခင်ဝင်းကြည်။ ကျော်ဝင်းကြီး၏ မယားလေးယောက်အနက် တတိမြောက်မယားဖြစ်သော ခင်ဝင်းကြည်။ ရန်ကုန်တက္ကသိုလ်မှ သင်္ချာအဓိကဖြင့် ဘွဲ့ရရှိထားသည့် ခေတ်ပညာတတ်။ ကျော်ဝင်းကြီး၏ ဝင်ငွေထွက်ငွေစာရင်းများကို ကိုင်ပေးရသည့် စာရင်းကိုင်ဆိုလည်းမမှား။ ခင်ဝင်းကြည်၏ ဖခင်သည် ပထစအစိုးရခေတ်က မင်းတိုင်ပင်အမတ်ဟောင်းတစ်ဦးဖြစ်သည်။ ဖခင်ကြီးကွယ်လွန်ပြီးနောက် ခင်ဝင်းကြည်၏ မိခင် […]