BREAKING
September 16, 2024

အခန်းဆက် ဝတ္ထုရှည်

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 7, 2022

အခန်း(၁၂) ‌အီဆာ၊ အီဆတ်၊ အလီတို့က ခေါင်းကို ငုံ့ထားသည်။ ကျော်ဝင်းကြီး ၏ အသက်ရှုသံ တရှူးရှူးက ဒေါသကြောင့် ပြင်းထန်နေသည်။ “မင်းတို့ အစကတည်းက မသိကြဘူးလား…ဟိုကောင်မိုးကျော်..မင်းရော မသိဘူးလား” “ကျွန်တော်က ဆိပ်ကမ်းမှာပဲ ရှိနေတာလေ..အကိုကြီး” “တောက်…လူပေါ် ခွေးကြောတာကွ…ကြာကူလီလုပ်သွားတာ..ကြေးမုံရော..ဒီကောင်ဘာလို့မလာတာလဲ” “ကြေးမုံပါ ပျောက်နေတာ..အကိုကြီး” “မအေလိုးလေးတွေ..တကျိတ်တည်း တဉာဏ်တည်းနေမယ်..မိုးကျော်..ငါတို့လူ အကုန်စုကွာ..ပြီးရင်.နှစ်ကောင်လုံး ရအောင်ရှာပြီးတွေ့တဲ့နေရာသတ်..ခင်ဝင်းကြည်ကို တော့ အရှင်ရအောင်ခေါ်ခဲ့…ဒီလောက်ယားနေတဲ့‌ကောင်မ…ငါ့လက်နဲ့ ငါကိုယ်တိုင်သတ်မယ်” မှောင်ခိုလမ်းကြောင်းတစ်ခုချဲ့ထွင်ရန်အတွက် မော်လမြိုင်သို့တက်သွားရာမှ ပြန်လာသော ကျော်ဝင်းကြီး ယမ်းမီးပုံကျနေသည်။ ခင်ဝင်းကြည်။ ကျော်ဝင်းကြီး၏ မယားလေးယောက်အနက် တတိမြောက်မယားဖြစ်သော ခင်ဝင်းကြည်။ ရန်ကုန်တက္ကသိုလ်မှ သင်္ချာအဓိကဖြင့် ဘွဲ့ရရှိထားသည့် ခေတ်ပညာတတ်။ ကျော်ဝင်းကြီး၏ ဝင်ငွေထွက်ငွေစာရင်းများကို ကိုင်ပေးရသည့် စာရင်းကိုင်ဆိုလည်းမမှား။ ခင်ဝင်းကြည်၏ ဖခင်သည် ပထစအစိုးရခေတ်က မင်းတိုင်ပင်အမတ်ဟောင်းတစ်ဦးဖြစ်သည်။ ဖခင်ကြီးကွယ်လွန်ပြီးနောက် ခင်ဝင်းကြည်၏ မိခင် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄)

diz_admin

November 7, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃) အခန်း-၁- အပိုင်း-၄- (၁) ဘန်းချောင်းဘေးမှာ တလတာ အချိန်တလကြာတဲ့အထိ ဘာမှမထူးဘူးဆိုရင် ဒီမှာဆက်နေမလား၊ ထားဝယ်ပြန်မလားဆိုပြီး ကျနော်တို့အကြား ငြင်းခုံမှုတွေ တိုးပွားလာပါတယ်။ မဲဆောက်နဲ့ သေဘောဘိုးဘက်က ကျောင်းသားတွေ၊ နောက်တခါ မင်းသမီးဘက်က ကျောင်းသားတွေနဲ့လည်း ကျနော်တို့က ဘယ်လိုမှ တိုက်ရိုက် ဆက်သွယ်မှုမရ၊ KNU ဆီကတဆင့် ကြေးနန်း သတင်းတချို့ကို ရနေပေမယ့် ကျနော်တို့က ဒါကို အယုံအကြည် သိပ်မရှိတော့ပါဘူး။ နောက်ဆုံးမှာတော့ မင်းသမီးဘက် ရောက်နေသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ဆိုပြီး ကျနော်တို့ဆီက ကိုယ်စားလှယ် ၂ ဦး ကိုရွေး၊ KNU လက်ထဲ အပ်ပြီး လွှတ်လိုက်ပါတယ်။ အဲဒီ ၂ ဦးကတော့ တနင်္သာရီတိုင်း လက်ရွေးစင် ဘော်လုံးသမား သန်းဝင်း […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 6, 2022

အခန်း(၁၁) “ရှင်က ဘယ်သူလဲ ကိုမိုးကျော်” “ကျွန်တော်က ကျွန်တော်ပဲလေ..စီစီရဲ့..ဘာဖြစ်လို့လဲ” “မနေ့က ကျွန်မတို့ ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာတော့ ရုံရှေ့မှ သတင်းတွေကြားရတယ်..လက်မှတ်မှောင်ခိုသမား တစ်ယောက်ကို ရိုက်သွားလို့တဲ့…မိုးကျော်တို့အုပ်စု လုပ်လိုက်တာလို့လည်း ပြောသံကြားရတယ်…အဲ့ဒါ ရှင်မဟုတ်လား” “ဟာဗျာ..မိုးကျော်ဆိုတဲ့ နာမည်တွေက ရန်ကုန်မှာ မှိုလိုပေါက်နေတာပါ… ဘယ့်နှယ့်..မဟုတ်တာတွေ..စီစီရယ်” “အင်းပါ..ကိုမိုးကျော်ရယ်….ကျွန်မ ရှင့်ကို စိတ်ပူလို့ပါ” မိုးကျော် ပြုံးလိုက်သည်။ ဦးလူနီ လမ်းထိပ်အရောက်တွင် ဆိုင်ကယ်ကို ဘရိတ်စောင့်အုပ်ရပ်လိုက်သဖြင့် စီစီ ၏ ကိုယ်လုံးအိအိလေးက မိုးကျော်၏ ကျောကုန်းထံသို့ ပြိုဆင်းလာသည်။ “အိ”ခနဲ အထိ တွင် မိုးကျော် တစ်ကိုယ်လုံး လျှပ်စီး မိ သလိုဖြစ်သွားသည်။ “ဘာလို့ အရမ်း စောင့်ရပ်လိုက်ရတာလဲ” “ဟိုမှာ ကိုယ့်သူငယ်ချင်းတစ်ယောက်တွေ့လိုက်လို့..စီစီ ကို အိမ်ရှေ့ထိ လိုက်မပို့တော့ဘူးနော်…ကျွန်တော်ကိစ္စလေးရှိလာလို့” “အွန်းဘာ” စီစီက […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃)

diz_admin

November 6, 2022

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂) >>>>> အပိုင်း-၁- အခန်း-၃- (၁) စစ်ကြောင်းနှစ်ခုအဖြစ် လမ်းခွဲချီတက်ခြင်း… ကျနော်တို့ကို ဗကပ ထားဝယ်ခရိုင် နိုင်ငံရေးမှူးရဲဘော် တင်ရှိန်၊ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်း ဆိုတဲ့ ညီအစ်ကိုနှစ်ဦး ဦးဆောင်တဲ့အဖွဲ့က ကြိုဆို စကားပြောခဲ့ပါတယ် (ဗကပ – တင်္သာရီတိုင်းဟာ နောက်ပိုင်းမှာ မြိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦးအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်းဟာ ၁၉၉၀ ဝန်းကျင် တိုက်ပွဲတခုမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်)။ အဲဒီတုန်းက သူတို့ညီအကို နှစ်ဦး ပြောတဲ့အထဲမှာ သူတို့ပါတီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ထားဝယ်လူထုရဲ့ ထောက်ခံမှုအခြေနေတွေ၊ လက်နက်ကိုင်လှုပ်ရှားမှု အခြေအနေ အတော်လေး စုံစုံလင်လင် ပါဝင်ပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက် တခုကတော့ KNU နယ်မြေဆီမသွားပဲ သူတို့ နယ်မြေမှာ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 5, 2022

အခန်း(၁၀) “ကျွန်တော့် နာမည် မိုးကျော် ပါ…ပန်းဆိုးတန်းဆိပ်ကမ်းမှာ အခွန်ကောက်ပါတယ်” “သြော်…အကောက်အခွန်က အရာရှိကို..အဲ့ဒီညက သမီးတို့ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…မောင်ရင်” ကြေးမုံက ရုတ်တရက်အကောက်အခွန်အရာရှိဖြစ်သွားသော မိုးကျော်ကိုတလှည့်..စီစီအမေ ဒေါ်ရှုတီ ကို တလှည့်ကြည့်သည်။ “ဒါနဲ့ စီစီကို အန်တီ” “စီစီ ကျောင်းသွားတယ်လေ….နေ့လည်ပိုင်း ပြန်လာမယ်လို့တော့ပြောတယ်” “သြော်..ဟုတ်တဲ့..ဦးကိုလည်း ကျွန်တော်လာလည်သွားတယ်လို့ ပြောပေးပါဦး..ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး” မိုးကျော် က နှုတ်ဆက်ပြီး ပြန်ရန်ပြင်သည်။ ကြေးမုံလည်း လိုက်ထသည်။ ဒေါ်ရှုတီ က ခြံအဝအထိ လိုက်ပို့သည်။ ကြေးမုံက မိုးကျော် ဆိုင်ကယ်နောက်မှ ခွလိုက်သည်။ “ကဲ..အကောက်အခွန်က အရာရှိမင်း..ကောင်မလေးနဲ့မတွေ့ရတာနဲ့ သောက်ရမ်းတော့မမောင်းနဲ့နော်” “ဟေ့ကောင်..ငကြေး…အဖွားကြီးကြားသွားဦးမယ်” ဆိုင်ကယ်က အောက်ကြည်မြင့်တိုင်လမ်းမဘက်ချိုးကွေ့လိုက်သည်။ တနေရာတွင် အရောက်တွင် မိုးကျော်က ဆိုင်ကယ်ကို ထိုးရပ်လိုက်၏။ “ကဲ…ငကြေး..မင်းဒီကနေ မြေနီကုန်းကို ပြန်တော့” […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂)

diz_admin

November 5, 2022

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁) >>>>> အပိုင်း-၁- အခန်း -၂- (၁) ထားဝယ်မြို့ရဲ့ အခြားတဖက် မျက်နှာမှာ… ကံဆိုးချင်တော့ မြစ်လယ်တည့်တည့်မှာ စစ်သင်္ဘောကြီးတစီး ရပ်ထားတာကို တွေ့လိုက်ရပါတယ်။ “ဘုရားရေ၊ သွားပြီထင်တယ်။ ဒီတခါတော့ ဆန္ဒပြပွဲအတွင်းမသေဘဲ ရေလယ်မှာ ပစ်သတ်ခံရတော့မယ်ထင်ပါတယ်” လို့ စိတ်ထဲက အတော်စိုးရိမ်ပြီး ဘုရားတလိုက်မိပါတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ ပြောရမလား၊ တမင် သိရက်နဲ့ လွှတ်ပေးလိုက်တာလားတော့ မပြောတတ်၊ အဲဒီသင်္ဘောကြီးက တချက်မှမလှုပ်ဘူး။ ဆလိုက်မီးနဲ့ ထိုးပြီး သတိပေးတာမျိုးလည်းမရှိဘူး။ ရင်တမမနဲ့စီးလာရတဲ့ လှေခရီးဟာ မနက် ၅ နာရီခွဲလောက်မှာတော့ စော်ဝရွာကို ဆိုက်ပါတယ်။ အဲဒီမှာ သေနတ်ကိုင်ထားတဲ့ ဗကပ ဆိုတာကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ်မြင်ဖူးပါတယ်။ ထားဝယ်က ကျောင်းသားတချို့လည်း သူတို့နဲ့အတူ ရှိနေတာကို […]