BREAKING
September 16, 2024

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇)

diz_admin

November 10, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလော စခန်းဆီသို့…) အခန်း- ၇- (၁) မင်းသမီးမှ မဲဆောက်ဒေသသို့ ပထမခရီးစဉ် မဲဆောက်နဲ့ ထိုင်းနိုင်ငံထဲ ပထမဆုံးအကြိမ် ခရီးထွက်ရတဲ့ နေ့ရက်အတိ အကျကိုပြန်မမှတ်မိတော့ပေမယ့် အဲဒီနေ့ဟာ ၁၉၈၈၊ နိုဝင်ဘာလ ဒုတိယပတ်၊ တတိယပတ်လောက် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကျနော့်ဘဝအတွက် ပထမဆုံး နိုင်ငံခြားခရီးစဉ်ဆိုပြီး စိတ်ထဲမှာ အတော်လှုပ်ရှား နေပါတယ်။ မြို့ပြ အငွေ့အသက်၊ မော်တော်ကား အခိုးအငွေ့တွေနဲ့ ၂ လကျော် ဝေးနေတဲ့ကျနော့်အဖို့ လွန့်တိုး (ပေါင်မုန့်ကား) မီနီဗင်လေးကို စီးပြီး ထီးခီးကနေ ထိုင်းဘက်ကို ထွက်လာကတည်းက အားလုံးဟာအသစ်အဆန်း ဖြစ်နေပါတယ်။ ကားမောင်းသူက ပဒိုသူရယ်၊ သူဘေးမှာက ထိုင်း ထောက်လှမ်းရေး တဦးပါတယ်လို့ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 9, 2022

အခန်း(၁၄) “စံဘ..မင်း ဒီကောင်လေးကို သေချာကြည့်စမ်း” စီးကရက်ကို ခဲလျက် ကုတ်အင်္ကျီကို စမတ်ကျကျဝတ်ထားသည့် စံဘက မျက်ခုံးပင့်ပြီး ကြည့်လိုက်သည်။ “ဘာဖြစ်လို့လဲ..ထွန်းရင်…ဒီမှာ မာကျောက်ရှုံးလာလို့ ညစ်နေရတဲ့အထဲ..ဘယ်ကကောင်တွေ ခေါ်လာပြီး ကြည့်ခိုင်းနေတာလဲ” “ကြည့်စမ်းပါကွာ…ဘယ်သူနဲ့တူလဲလို့” စံဘက ထွန်းရင်လက်ညှိးထိုးပြနေသည့် ဧရာ၏ မျက်နှာကို သေချာစေ့စေ့စပ်စပ်ကြည့်သည်။ ထို့နောက်… “အင်း…ရုပ်ကတော့ စောက်ချိုးတော်တော်မပြေတဲ့ရုပ်ပဲ” “သူ့မျက်လုံးတွေကို သေချာကြည့်ကွ…အဲ့ဒါ အနှင်း မျက်လုံးတွေ” “အနှင်း..အနှင်းဆိုတာ…….” “ဘယ်သူကမှာလဲ…. ငါ့ရဲ့အနှင်းလေကွာ…သူက အနှင်းသားကွ” “ဟေ” “ဟုတ်တယ်…14K အလိန်ကြီးကို သတ်တာ ဒီကောင်တွေ၊ ကျော်ဝင်းကို သတ်တာလည်းဒီကောင်တွေပဲ..အနှင်းသားကွ..အနှင်းသား” စံဘက ကြေးမုံနှင့် ဧရာကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ “ဒီကောင်တွေကို သတ်ဖို့မင်းပဲတာဝန်ယူထားတာလေ..အခု..မင်းကမသတ်ပဲ ဘာလုပ်ချင်တာလဲ” “ဟ..အနှင်းသားကွ…အနှင်းက မရှိတော့ဘူးဆုံးပြီတဲ့…ငါ့မှာ တာဝန်ရှိတယ်လေကွာ” “ဟမ်..မင်းနဲ့ ဘာဆိုင်လို့လဲ..မင်းနဲ့ရတာမှမဟုတ်တာ” “ဆိုင်တယ်ကွ..အနှင်းနဲ့ သက်ဆိုင်သမျှအားလုံး ငါနဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆)

diz_admin

November 9, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅) အပိုင်း -၁- အခန်း-၆- (၁) အင်အားသစ်များ ထပ်ရောက်လာခြင်းနဲ့ ကိုယ်စားလှယ်ရွေးချယ်ခြင်း ကျနော်တို့အဖွဲ့ မောင်တော်မှာ စခန်းဆောက်နေချိန် ပထမဆုံး ရောက်လာတဲ့ အုပ်စုကတော့ ကိုကျော်ကျော် (နောက်ပိုင်း ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ။ NDD နဲ့ PDC မှာ လက်ရှိ ခေါင်းဆောင် တာဝန်ယူနေသူ) နဲ့ ရန်ကုန်ကလာတဲ့ ကျောင်းသား ၄၊ ၅ ဦးဖြစ်ပါတယ်။ ဒုတိယ ရောက်လာတာကတော့ နတ်အိမ်တောင် စခန်းကနေ (ကျနော်တို့ ခွဲ ၁ မှာသောင်တင်နေသလို သူတို့အုပ်စုလည်း နတ်အိမ်တောင်မှာ သောင်တင်နေတာပါ) ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ ထားဝယ်နဲ့ ကံပေါက်အုပ်စု ဖြစ်ပါတယ်။ တတိယ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ

diz_admin

November 8, 2022

အမှောင်ထဲက မင်းသားများ ၁၉၇၀ (Princes in the Darkness, 1970s) ဝတ္ထုရှည်ဟာ မြန်မာနိုင်ငံမှာ ဒုတိယကြိမ်မြောက် စစ်အာဏာသိမ်းပြီးချိန် ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ၁၉၇၀ ပြည့်လွန်နှစ်တွေအထိ သမိုင်းနောက်ခံကားတွေနဲ့ ၀တ္ထုကို ခံစားနိုင်ပါတယ်။ အမှောင်ထဲမှ မင်းသားများ အပိုင်း (၁) >>>>> အမှောင်ထဲမှ မင်းသားများ အပိုင်း (၂) >>>>> အမှောင်ထဲမှ မင်းသားများ အပိုင်း (၃) >>>>> အမှောင်ထဲမှ မင်းသားများ အပိုင်း (၄) >>>>> အမှောင်ထဲမှ မင်းသားများ အပိုင်း (၅) >>>>> အမှောင်ထဲမှ မင်းသားများ အပိုင်း (၆) >>>>> အမှောင်ထဲမှ မင်းသားများ အပိုင်း (၇) >>>>> အမှောင်ထဲမှ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 8, 2022

အခန်း(၁၃) “ကိုကြယ်နီ..ခင်ဗျား..ဘာလာလုပ်တာလဲ” “ငါ မင်းကို လမ်းကြုံတုန်း ဝင်သတ်မလို့ လာတာ….ကြေးမုံ” “ခင်ဗျားကို ကျွန်‌တော် သတ်ပြီးပြီလေ..ခင်ဗျား မသေဘူးလား” “အေး..ငါလည်း မသေဘူးကွ..” “ဟာ..အကိုကြီး ကိုကျော်ဝင်း” “အေး…ငါ့ကို သေနတ်နဲ့ တေ့ပစ်တဲ့ကောင်..မင်းအခုတော့ ငါရှိတဲ့နေရာ ရောက်လာပြီ..ကလဲ့စားချေမလို့ ငါလာတာ” “ခင်ဗျားတို့ မသေတော့လည်း ကျွန်တော်က ထပ်သတ်ရသေးတာပေါ့” “ကြေးမုံ..ကြေးမုံ..ကြေးမုံ” အတင်းလှုပ်နိုးသံကြောင့် ကြေးမုံ အိပ်မက်မှ လန့်နိုးလာသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ “ကိုရေခဲ” “ကြေးမုံ..မင်းအခု ငါနဲ့လိုက်ခဲ့မှရမယ်..အရေးကြီးတယ်” “ဘာဖြစ်လို့လဲဗျ” ရေခဲက ကြေးမုံ၏ လက်တွင် ချိတ်ထားသော သွေးပုလင်းကို ဆွဲဖြုတ်ဖို့ကြိုးစားသည်။ “အား..နာတယ်ဗျ..ဘာဖြစ်လို့လဲ..ကိုရေခဲ” “မင်း ကျော်ဝင်းကြီးကို သတ်လိုက်တာ ရဲက ခြေရာခံမိသွားပြီ..ရဲတွေ မင်းဆီကို ရောက်မလာခင် အီဆာတို့ အုပ်စုက မင်းကို ဆေးရုံပေါ်မှာ တက်သတ်ဖို့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅)

diz_admin

November 8, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄) အပိုင်း-၁- အခန်း-၅- (၁) မောင်တော် ကျိုးဖိုးနဲ့ မင်းသမီး အမရာတို့တွေ့ပြီ… ဒီခေါင်းစည်း စာသားကို ဖတ်ပြီး ထက်အောင်ကျော် တယောက် တောထဲမှာ နှစ်ပါးသွား ကဖို့ ပြင်နေသလားလို့တော့ မထင်လိုက်ပါနဲ့။ ကရင်စကား နှစ်လုံးကို ဗမာမှုပြုထားတဲ့ ကျနော်တို့ ကျောင်းသားစခန်း တပ်တည်နေရာနှစ်ခုကိုတွဲပြီး ပြောလိုက်တာပါ။ မောင်တော် ဆိုတာက ကျနော်တို့ ကျောင်းသားတွေရဲ့ ပထမဆုံးစခန်းနေရာဖြစ်ပြီး အမရာကတော့ ဒုတိယနဲ့ နောက်ဆုံးနေရာပါ။ မင်းသမီးဆိုတာကတော့ မင်းသမီးချောင်းဖျားနဲ့ ချောင်းဝမှာရှိတဲ့ KNU စခန်းနဲ့ ကရင်ရွာတွေကို ဆိုလိုတာပါ။ မင်းသမီးစခန်း (မူလ ကရင်စကားကတော့ မင်တမီ ပါ) ဆိုတာက ခုနက ကျနော်ရှေ့မှာ ပြောခဲ့တဲ့ ထားဝယ်ဘက်မှာ မြစ်ဖျားခံတဲ့ ဘန်းချောင်းနဲ့ […]