BREAKING
September 19, 2024

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၀)

diz_admin

November 13, 2022

<<<<<သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၉) အပိုင်း-၂ (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့…) အခန်း – ၁၀ – (၁) အရေးပေါ်ညီလာခံကျင်းပရာ သံလွင်စခန်းဆီသို့ ကျနော်တို့အုပ်စု မဲဆောက်မှာ တရုံးရုံးဖြစ်နေတုန်း ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ အရေးပေါ် ညီလာခံခေါ်မယ်ဆိုပြီး ဖိတ်စာရောက်လာပါတယ်။ ဘာကြောင့်ခေါ်ဖို့လိုသလဲဆိုတဲ့ အကြောင်းပြချက်ကို ကျနော် အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ဗဟိုဦးစီးအဖွဲ့မှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ အတွင်းရေးမှူး ကိုသန်းဝင်းတို့ပဲ ရှိနေပြီး ဒုတိယ ဥက္ကဋ္ဌ ကိုဝင်းမိုး၊ တွဲဘက် အတွင်းရေးမှုး ၂ ဦးဖြစ်တဲ့ ကိုအောင်နိုင် (အခု VOA မြန်မာပိုင်းဌာနမှူး) နဲ့ ဆလိုင်းကိုကိုဦး တို့က မရှိကြပါဘူး။ ထိုင်းရဲက ဖမ်းလို့ ဘန်ကောက်မှာ သောင်တင်နေပြီး နယ်စပ်ကို […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 12, 2022

အခန်း(၁၇) “ထွန်းရင် မင်းစိတ်ကို ခဏလျော့ထား‌နော်” ကုန်းမြင့်သာ နိုင်ငံ‌တော်ဧည့်ရိပ်သာ၏ ဘေးဘက်ရှိ အခန်းသို့ ဝင်ခါနီးတွင် စံဘက ခပ်တိုးတိုးသတိပေးလိုက်သည်။ သူတို့နှင့် မလှမ်းမကမ်းတွင် တပ်ထိန်းအရာရှိနှစ်ဦးရှိနေ၏။ ထွန်းရင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ “အခုချိန် တခုခုလုပ်လည်း ငါတို့ပဲ သေမှာနော်..ဟေ့ကောင်..လျော့ထား.လျော့ထား” အခန်းဝသို့ ရောက်သောအခါ တပ်ထိန်းတစ်ဦးက အထဲသို့ ဝင်ရန် ညွှန်ပြပြီး အပြင်မှာ နေရစ်ခဲ့သည်။ အထဲတွင် စီးကရက်ဖွာနေသောလူတစ်ယောက်။ အရပ်ခြောက်ပေကျော်ခန့်၊ မျက်မှန်အထူကြီးနှင့်။ တိုက်ပုံအင်္ကျီနှင့် ပုဆိုးကို သေသေသပ်သပ်ဝတ်ထားသည်။ “ကဲ..လာထိုင်ကြ” သုံးဦးသား ဝင်ထိုင်လိုက်၏။ “နံပါတ်ဝမ်းကြီးက ညနေပိုင်း ဒီမှာ ဧည့်ခံပွဲတစ်ခုလုပ်စရာရှိတယ်..အဲ့ဒါကြောင့် လုံခြုံရေးအရ ငါလုပ်စရာရှိတာတွေ ရှိလို့ ဒီကို ကြိုရောက်နေတာမို့ မင်းတို့ကို ဒီပဲ ချိန်းလိုက်ရတာ..အေး..မင်းတို့လည်း ရောက်ဖူးတာပေါ့ကွာ” စံဘက ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၉)

diz_admin

November 12, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၈) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့…) အခန်း-၉ (၁) ၃/ ၈၉ မဲဆောက် နှစ်သစ်ကူးပွဲ ပြီးတဲ့နောက်မှာတော့ ဒေသအခြေအနေ လေ့လာရေးခရီးစဉ်အဖြစ် ကလက်ဒေးကနေ ၃ နာရီနီးပါး လမ်းလျှောက်ရတဲ့ ကလက်ဒေး – ရွေဂွန်း ကားလမ်းကြမ်းပေါ်က ကုန်သည်စခန်းထောက် ရှမ်းရွာသစ် ဆိုတဲ့ ရွာလေးတခုကို ကျနော် ရောက်ခဲ့ပါတယ်။ အဲဒီမှာ အိမ်ခြေ ၅၀ လောက်နဲ့ KNU အကောက်စခန်းတခုရှိပါတယ်။ အထူးသဖြင့် နွားမှောင်ခိုသယ်တဲ့လမ်းကြောင်း ဖြစ်တာကို သတိထားမိပါတယ်။ ကလက်ဒေးစခန်းက ကျောင်းသားတွေကတော့ ဒီရွာကို စခန်းထောက်အဖြစ် အသုံးပြုပြီး ကုန်သည်တွေ၊ ခရီးသွားတွေကို စည်းရုံးဟောပြောတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ ရှေ့တန်းသတင်းယူတာတွေကို လုပ်နေတာ တွေ့ရပါတယ်။ အဲဒီရွာကအပြန် သီတင်းတပတ်လောက် ကြာပြီးတဲ့အချိန်မှာတော့ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 11, 2022

အခန်း(၁၆) ဆရာသိန်း၏ အိမ်ရှေ့သို့ ကားတစ်စီးဆိုက်လာသည်။ စံဘနှင့် ထွန်းရင်။ “ကောင်လေးတွေကို လာပြန်ခေါ်ကြတာလား” ပက်လက်ကုလားထိုင်တွင် ထိုင်ကာ သတင်းစာဖတ်နေသည့် ဆရာသိန်းက လှမ်းမေးလိုက်သည်။ “သူတို့နှစ်ယောက်ကို မျက်မှန်ကြီးက တွေ့ချင်လို့ ခေါ်ခိုင်းလိုက်တယ်..ဆရာသိန်း” ကြေးမုံနှင့် ဧရာ တို့ မျက်နှာများ ရွှင်လန်းသွားကြသည်။ စိန်ဓါးမြှောင်ခေါ် ဆရာသိန်းကမူ မျက်နှာကို ခပ်ထန်ထန်ထားလိုက်၏။ “ဒီကလေးနှစ်ယောက်က မျက်မှန်ကြီးနဲ့ တွေ့ဖို့ လိုအပ်လို့လား..သူတို့ ကိစ္စပြီးပြီဆို တွေ့စရာလိုလို့လားကွာ” “လိုလို့ပေါ့..ဆရာသိန်း” “မင်းတို့ သေချာစဥ်းစားပြီးပြီလား” စံဘကခေါင်းညိတ်ပြသည်။ ဆရာသိန်းက ကွမ်းအစ်ကို ဆွဲယူလိုက်သည်။ “စံဘနဲ့ ထွန်းရင်…မင်းတို့ ကို ငါ့ဆီရောက်နေတဲ့ လူတစ်ယောက်နဲ့ ငါ ပေးတွေ့စရာရှိတယ်” ထွန်းရင်ရော စံဘပါ ဆရာသိန်းကို မျက်မှောင်ကြုံ့ကြည့်လိုက်သည်။ “ကဲ..ကောင်လေးနှစ်ယောက်…အောက်ဆင်းပြီး‌စောင့်နေကြ…ငါတို့ ပြောစရာရှိလို့” ကြေးမုံနှင့် ဧရာတို့က အောက်ထပ်သို့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၈)

diz_admin

November 11, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့…) အခန်း (၈) (၁) ဆီးပင်တန်းညီလာခံနှင့် နယ်မြေကော်မီတီပေါ်လာခြင်း နှစ် ၂ဝ ကျော်ကြာပြီးတဲ့နောက် အချက်အလက် အတော်များများကို ပြန်မှတ်မိဖို့ ကျနော်မနည်းကြိုးစားနေရပေမယ့် KNU နယ်မြေကော်မတီဖွဲ့တဲ့နေ့ကို စဉ်းစားရင်း အလိုလို သတိရနေတာကတော့ “ကျောက်စရစ် မာခေါင်ခေါင်မှာ အတောင်ကျွတ်တဲ့ ကြိုးကြာ ရေရှာမရသကဲ့သို့” ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ အဲဒီ စကားလုံးရဲ့ ပိုင်ရှင်ကတော့ သံလွင်စခန်းက ကိုယ်စားလှယ် (နောက်ပိုင်း ၂၀၉ တပ်ရင်းမှူးနဲ့ ဗဟိုကော်မတီဝင် ဖြစ်လာသူ) ကိုသိန်းဆန်းဖြစ်ပြီး လက်ရှိဗဟိုကော်မတီ အောက်ခြေ လွတ်နေပုံကို ဝေဖန်ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဝေဖန်ပြောဆိုချက်တွေဟာ ထိရောက်ပေမယ့် သူများကို ပြောခွင့်မပေးပဲ သူချည်း နင်းကန်ပြောနေလို့ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 10, 2022

အခန်း(၁၅) တောင်ဥက္ကလာပ မြို့သစ်။ စေတီတစ်ဆူရှိသော ခြံတစ်ခြံရှေ့တွင် ကားကို ထိုးရပ်လိုက်သည်။ ခြံဝတွင် အဖြူရောင်အင်္ကျီနှင့်အဖြူရောင်ပုဆိုးကို ဝတ်ထားသော လူနှစ်ဦးစောင့်နေ၏။ “အဘ နဲ့ ချိန်းထားတာများရှိသလား..နာမည်လေးတစ်ချက်ပြောပါ” “ထွန်းရင်လို့ ပြောလိုက်ပါ” အဝတ်ဖြူနှင့် လူတစ်ဦး က ခြံထဲသို့ ဝင်သွားသည်။ ခဏအကြာတွင် ပြန်ထွက်လာ၏။ “ဝင်ခဲ့ပါ” “မင်းတို့နှစ်ကောင်လာ” ထွန်းရင်၊ စံဘ ၊ ကြေးမုံနှင့် ဧရာ တို့ ခြံထဲသို့ ဝင်ကြသည်။ ခြံထဲရှိ နှစ်ထပ်အိမ်ရှေ့ကွပ်ပျစ်တွင် အဝတ်ဖြူဝတ်ထားသော အမျိုးသမီးအချို့က ဟင်းသီးဟင်းရွက်များကို လှီးချွတ်နေကြ၏။ အိမ်လှေကားအတက်အဆင်းတွင် ယောဂီဝတ်ဖြင့် အမျိုးသားနှစ်ဦး။ သူတို့လေးဦး၏ ခန္ဓာကိုယ်များကိုစေ့စေ့စပ်စပ်ရှာဖွေရန်ပြင်ကြသည်။ “ရှာမနေပါနဲ့..အဲ့ဒါ ကျုပ်မိတ်ဆွေဟောင်းတွေပါ..ကိုခင်မောင်” အိမ်ပေါ်ထပ်မှ အသံတစ်ခု ထွက်လာ၏။ အိမ်ရှေ့ခန်းတွင် ကြီးမားလှပသော ဘုရားစင်ကြီးက ဆီးကြိုနေသည်။ ဘုရားစင်ရှေ့တွင် သစ်သီးပွဲများ၊ […]