သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၀)
diz_admin
November 13, 2022<<<<<သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၉) အပိုင်း-၂ (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့…) အခန်း – ၁၀ – (၁) အရေးပေါ်ညီလာခံကျင်းပရာ သံလွင်စခန်းဆီသို့ ကျနော်တို့အုပ်စု မဲဆောက်မှာ တရုံးရုံးဖြစ်နေတုန်း ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ အရေးပေါ် ညီလာခံခေါ်မယ်ဆိုပြီး ဖိတ်စာရောက်လာပါတယ်။ ဘာကြောင့်ခေါ်ဖို့လိုသလဲဆိုတဲ့ အကြောင်းပြချက်ကို ကျနော် အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ဗဟိုဦးစီးအဖွဲ့မှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ အတွင်းရေးမှူး ကိုသန်းဝင်းတို့ပဲ ရှိနေပြီး ဒုတိယ ဥက္ကဋ္ဌ ကိုဝင်းမိုး၊ တွဲဘက် အတွင်းရေးမှုး ၂ ဦးဖြစ်တဲ့ ကိုအောင်နိုင် (အခု VOA မြန်မာပိုင်းဌာနမှူး) နဲ့ ဆလိုင်းကိုကိုဦး တို့က မရှိကြပါဘူး။ ထိုင်းရဲက ဖမ်းလို့ ဘန်ကောက်မှာ သောင်တင်နေပြီး နယ်စပ်ကို […]