BREAKING
September 19, 2024

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၃)

diz_admin

November 16, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂) အပိုင်း-၂- (မင်းသမီးခစန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၃- (၁) ဖက်ဒရယ်မြို့တော်နဲ့ ဖက်ဒရယ်တက္ကသိုလ် မာနယ်ပလော ကွင်းပြင်ထဲကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုတောကြီးမျက်မည်းထဲက သူပုန်ဌာနချုပ်မှာ လျှပ်စစ်မီး ၂၄ နာရီ လင်းနေတယ်ဆိုရင်မြန်မာနိုင်ငံက စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ကျန်တဲ့မြို့တွေကို အမှောင်ချပြီး နေပြည်တော်ဌာနချုပ်တခုတည်း မီးလင်းနေအောင် စီမံထားတာမျိုး မဟုတ်ပါဘူး။ ခုနက မြင့်မားလှတဲ့ နော်ဒေးတောင်တန်းပေါ်ကနေ ကျလာတဲ့ချောင်းရေကို တမံလုပ်ပြီး အဲဒီကနေ ရေအားလျှပ်စစ်နဲ့ မာနယ်ပလော တခွင်လုံးကို လျှပ်စစ်မီး ပေးထားတာပါ။ ဒါ့အပြင် ရေကိုလည်း ပိုက်တွေနဲ့ သွယ်ပေးထားတဲ့အတွက် ရေ၊ မီး အတော်အဆင်ပြေတဲ့နေရာ။ တီဗီစလောင်း လိုင်းပေါင်းစုံရတဲ့ တောတွင်းမြို့တော်လို့ ပြောရင်ရမယ် ထင်ပါတယ်။ ပဒိုဘသင် အိမ်ကနေ ဘေးပတ်လည်အိမ်တွေကို ကျနော်လေ့လာကြည့်တဲ့အခါ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 15, 2022

အခန်း(၂၀) “ကိုရေခဲ…ကိုရေခဲ” “ဘယ်သူလဲကွ” “မြင်းမိုရ်ရုပ်ရှင်ကပါ..သူဌေးလွှတ်လိုက်လို့” ရေခဲက ခေါင်းအုံးအောက်မှ စကေဘာကို ခါးကြားထိုးကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။ အောက်ထပ်မှ သစ်သားတံခါးကို သတိထားဖွင့်ပေးလိုက်၏။ လူနှစ်ယောက်။ လက်ထဲတွင် ခြောက်လုံးပြူးသေနတ်ကိုယ်စီနှင့်။ “MI ကပါ…အေးအေးဆေးဆေးလိုက်ခဲ့ပါ..ရေခဲ” ရေခဲ လက်ကို မြှောက်ထားလိုက်သည်။ တစ်ယောက်က ရေခဲ၏ ခန္ဓာကိုယ်ကို စမ်းသပ်လိုက်ပြီး ခါးကြားမှ စကေဘာကိုသိမ်းသည်။ လက်ထိပ်ခတ်သည်။ တစ်ယောက်က ခေါင်းကို အဝတ်အမဲဖြင့် စွပ်ချလိုက်၏။ တစ်နာရီခန့်အကြာ။ “ရေခဲ..ရေခဲ…ကောင်စီလူကြီးကတော်တွေ ပါးစပ်ဖျား ရေပန်းစားတဲ့ ရုပ်ရှင်လက်မှတ်မင်းသားလေး ရေခဲ” အသံတစ်ခုကြားပြီးနောက် ရေခဲ၏ မျက်နှာသို့ အလင်းအားကောင်းသော မီးတစ်ပွင့်ဖြင့် ထိုးခြင်းကို ခံလိုက်ရသည်။ အိတ်အမည်းအစွပ်ခံထားရသဖြင့် အမှောင်အတိကျနေရာမှ ခေါင်းစွပ်ချွတ်ပြီး ရုတ်တရက်မီးထိုးခံလိုက်ရသည့်အတွက် ရေခဲ၏ မျက်လုံးတို့ ပြာဝေသွားသည်။ ပတ်ဝန်းကျင်ကို ဘာမျှ မမြင်ရ။ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂)

diz_admin

November 15, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁) အပိုင်း-၂- (မင်းသမီးခစန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၂- (၁) မာနယ်ပလောဌာနချုပ်သို့ ပထမခရီးစဉ် KNU နယ်မြေကော်မီတီမှာ တာဝန်ထမ်းစဉ်အတွင်း မာနယ်ပလောကို ၃၊ ၄ ခေါက် ကျနော်ရောက်ဖူးခဲ့ပေမယ့် ပထမ အခေါက်ရောက်တာဟာ အရေးပေါ်ညီလာခံ မတိုင်မီလား၊ ညီလာခံပြီးမှလား ဆိုတာကိုတော့ အသေချာ မမှတ်မိတော့ပါ။ ပထမအခေါက်ဟာ ဥက္ကဋ္ဌ ကိုကျော်ကျော်၊ အတွင်းရေးမှူး ကိုခင်မောင်စိုးတို့နဲ့အတူ ကျနော် ပါသွားတာဖြစ်တဲ့အတွက် နယ်မြေကော်မီတီ ဖွဲ့ပြီးကာစမှာ သွားတာဖြစ်ဖို့များပါတယ်။ အချိန်ကာလကို အတိအကျ မမှတ်မိတော့ပေမယ့် ထူးခြားလှတဲ့ မာနယ်ပလောရဲ့ ပထဝီ အနေထားနဲ့ အခင်းအကျင်းကိုတော့ အခုထိ စိတ်ထဲမှာ မြင်နေဆဲဖြစ်ပါတယ်။ ထုံးစံအတိုင်း မဲဆောက်၊ မယ်လ၊ မက်သလေ၊ ခလေတလူကနေ မာနယ်ပလောအထိ ကားကြုံ၊ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 14, 2022

အခန်း(၁၉) အေးစက်စက်သေနတ်ပြောင်းဝ ၏ အထိအတွေ့ကို ကြေးမုံ၏ နားထင်မှ ခံစားလိုက်ရသည်။ ကြေးမုံ၏ ဘယ်ဘက်လက်တို့ တဆတ်ဆတ်တုန်လာသည်။ “ကျွန်တော့်ကို ကြောက်အောင် မလုပ်ပါနဲ့လား..ဗိုလ်မှူးကြီး” ကြေးမုံစကားကြောင့် မျက်မှန်ကြီးက ဟက်ခနဲ ရယ်လိုက်သည်။ “ကျွန်တော်က ကြောက်လာပြီဆို အဲ့ဒီအကြောက်တရားကို ဒီလောကမှာ မရှိအောင် ဖယ်ထုတ်တတ်တယ်” မျက်မှန်ကြီးက ပစ္စတိုသေနတ်ကို ကြေးမုံရှေ့ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ “ဟုတ်ပါပြီ..လူမိုက်ကြီးရဲ့….ငါတို့ မင်းအကြောင်း ကောင်းကောင်းသိပါတယ်…မင်း မသိသေးတဲ့ မင်းအကြောင်းက အစ သိတယ်” ကြေးမုံက မျက်မှောင်ကြုံ့လိုက်သည်။ “ငါက စီအိုင်အေမှာ ထောက်လှမ်းရေးသင်တန်းတက်ခဲ့ဖူးတယ်..ရန်သူဖြစ်လာနိုင်ချေရှိတဲ့လူတွေရဲ့ ပုံစံ ဆက်ဆံရေးမျိုးကို ကြိုတွက်ချက်နိုင်တဲ့ သံတမန်ခန့်မှန်းမှုမျိုးကို ငါသင်ခဲ့ရတယ်..မင်းကို ခေါ်လာခဲ့တဲ့ စံဘတို့နဲ့ ပတ်သက်ပြီး ငါ့စိတ်ထဲမှာ အန္တရာယ်အနံ့တစ်ခုခုရနေတယ်.. စံဘဟာငါခေါ်တဲ့ အစည်းအဝေးကို လာမတက်ပဲ ထွန်းရင်တစ်ယောက်တည်းလွှတ်လိုက်တယ်…ဒါ ငါနဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁)

diz_admin

November 14, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၀) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၁- (၁) တပ်ရင်းနံပါတ်များ သတ်မှတ်ခြင်း ညီလာခံအတွင်းဆွေးနွေးတဲ့ နောက်ထပ်အရေးကြီးတဲ့အချက်တခုကတော့ ABSDFစခန်းတွေအတွက် တပ်ရင်းနံပါတ်တွေ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျောင်းသားတွေရောက်နေတဲ့ လူမျိုးစုလက်နက်ကိုင်နယ်မြေအလိုက် တပ်ရင်း နံပါတ်တွေကို သတ်မှတ်လိုက်ပြီး မွန်နယ်မြေ အတွက် အမှတ် ၁ နဲ့ စဖို့။ ကရင်နယ်မြေကို အမှတ်၂။ ကရင်နီနယ်ကို အမှတ် ၃။ ရှမ်း၊ ရလလဖ၊ ပအို့ ၊ ပလောင်နယ်တွေကို အမှတ် ၄။ ၅။ ၆။ ၈။ ကချင် နယ်ကို အမှတ် ၇။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အမှတ် ၉ နဲ့ စဖို့ သတ်မှတ်လိုက်ပါတယ်။ အဲဒီသတ်မှတ်ချက်တွေအရ မွန်ပြည်သစ်နယ်မြေ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 13, 2022

အခန်း(၁၈) “ရှာဖွေရေးလည်းလွတ်ပါစေ..အဖမ်းအစီးလည်းကင်းပါစေ..‌စျေးပိုလေးလည်းရပါစေ..သွားလမ်းသာ လာလမ်းဖြောင့်ပါစေ” တောင်းရမ်းစားသောက်သူအဘွားအို၏ အသံက မုတ္တမဘူတာကြီးထဲ ပျံ့လွင့်နေသည်။ မကြာမီ ရထားထွက်တော့မည့် ဂလိုင်ခေါက်သံထွက်ပေါ်လာပြီး ဘူတာကြီးက ရုတ်ချည်းဆူညံသွားသဖြင့် အဖွားအို၏ အသံပင် ပျောက်ကွယ်သွားတော့၏။ စင်္ကြန်ပလက်ဖောင်းတံခါးများ ကို ဘူတာရုံဝန်ထမ်းများက ပိတ်လိုက်ကြသည်။ မီးစိမ်းပြီ။ အလံချိုးပြီ။ ရန်ကုန်သို့ စုန်မည့် ရထားထွက်တော့မည်။ တနည်းအားဖြင့် မှောင်ခိုကုန်အပြည့်ပါသည့် ရထားကြီး။ ရထားက ဥသြဆွဲပြီ။ မုတ္တမဘူတာမှ အထွက်တွင် ရထားက အရှိန်ရစပြုလာ၏။ ရထားအတက်အဆင်းအပေါက်များ၊ ပြတင်းပေါက်များမှ လူအများကိုယ်တစ်ပိုင်းထွက်လာကြသည်။ “လိုင်းဂီယာဆွဲပြီးတာနဲ့ ခေါင်မိုးပေါ်တက်ရှောင်နော်…ရှေ့ဘူတာမှာ စစ်ဆေးရေးရှိတယ်…မင်းတို့မျက်ခွက်တွေ မြင်တာနဲ့ သေချာပေါက်စစ်မှာပဲ” သတိပေးအော်ဟစ်လိုက်သူက မှတ်ကြီး (ခေါ်) နိုင်ကိုဝင်း။ စံသိန်း၏ တပည့်။ မုတ္တမ – မော်လမြိုင် ရထားကို မုပ္ပလင်ဘူတာအထိ အပိုင်စားရသော တွဲပိုင်လူမိုက်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် […]