BREAKING
September 19, 2024

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၆)

diz_admin

November 19, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၅) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၆- (၁) ပစ်တိုင်း မထိ၊ ထိတိုင်း မသေ နှစ်ဖက် အသုံးပြုတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် မိုင်း-ဗုံးတွေအကြောင်းကိုလည်း ပြောချင်ပါတယ်။ မိုင်းတွေထဲမှာတော့ ရှေ့ထွက်မိုင်းဟာ အသုံးဝင်ဆုံးဖြစ်ပါတယ်။ ဗုံးတွေထဲမှာတော့ M 16 သေနတ် ပြောင်းထိပ်မှာ တင်ပြီးပစ်တဲ့ ခွင်းဗုံးနဲ့ အမေရိကန်လုပ် လက်ပစ်ဗုံးအသေးစားတွေပေါ့။ ဒါပေမယ့် ကျနော်တို့အကြား ဖောဖောသီသီ သုံးနိုင်တဲ့ ဗုံးသီးကတော့ “မဖွားရှင်” ခေါ် KNU ရဲ့ လက်လုပ်ဗုံးပဲ ဖြစ်ပါတယ်။ လက်လုပ်ဗုံးဆိုတဲ့အတိုင်း ပင်တွေ ဘာတွေအသေချာမပါ။ ယမ်းတွေနဲ့ သံတိုသံစတွေ ထည့်ထားတဲ့ ဗုံးသီးထဲကနေ အုန်းဆံကြိုးလိုလို၊ အပ်ချည်ကြိုးလိုလို အဖြူရောင်ကြိုးစ အကြီးကြီးတခု တပေခွဲလောက် အရှည်ထွက်နေပါတယ်။ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 18, 2022

အခန်း(၂၃) “ဗိုလ်မှူးကြီးကတော့ အတော်စိတ်ဆိုးနေတယ်…ကျောင်းသားတွေက ဆူဖို့ပူဖို့လုပ်နေရတဲ့အထဲ မြို့လယ်ခေါင်မှာ ဒီလိုရိုက်ပွဲသတ်ပွဲတွေဖြစ်နေတာမျိုးကို သူလုံးဝလက်မခံဘူးတဲ့..မင်းဒါလေးတောင် နိုင်အောင်မထိန်းနိုင်ဘူးလား..မိုးကျော်” စစ်သုံးဂျစ်ကားပေါ်တွင် ထိုင်နေသော ဗိုလ်မှူးဘိုနီ ၏ လေသံက တင်းမာလှသည်။ “စိန်ဂေါ်လီ လမ်းသရဲလေးတွေပါ..ကျွန်တော်ရှင်းပါ့မယ်” “အခု ပါတီဘက်က ကိုတင်ဝင်းညို တို့ကလည်း ဒီပြဿနာကို အတော်လေး ပြောဆိုနေကြတယ်…လမ်းသရဲတွေကို အပြတ်ရှင်းပစ်ဖို့ သူတို့ဆွေးနွေးနေကြတယ်…လမ်းသရဲတွေကို ပြည်သူက သတ်ရင် အရေးမယူဘူးတို့ဘာတို့တောင် ပြောနေကြပြီ.. ငါတို့ကိုင်တွယ်တာ ညံ့လို့ သူတို့ဝင်ပါရတယ်ဆိုတဲ့သဘောမျိုးပေါ့ကွာ..အဘိုးကြီးနားကို ဒီသတင်းရောက်သွားရင်..ဗိုလ်မှူးကြီးလည်းအပြောအဆိုခံရမှာ…အဲ့ဒီကျ..မင်းလည်းသွားပြီသာမှတ်..ဟေ့ကောင်” “ချာတိတ်တွေပါ..ကျွန်တော် ကိုင်တွယ်ပါ့မယ်” “အေး…မင်းစောက်သုံးမကျရင် စောက်သုံးကျတဲ့ကောင်ကို ငါတို့ သုံးရလိမ့်မယ်..ပြီးတော့.လမ်းသရဲတွေရော..မင်းဖာဂေါင်းတွေကိုလည်း လမ်းပေါ်မှာ လားလား လားလား မမြင်ချင်တော့ဘူး..ဟုတ်ပြီလား” ဂျစ်ကားက စက်နှိုးကာ ဝေါခနဲ မောင်းထွက်သွား၏။ မိုးကျော် နဘေးနားသို့ အီဆာနှင့် အီဆတ်တို့ ရောက်လာကြသည်။ “မင်းတို့ ကြားတယ်မဟုတ်လား…စောက်ဗိုလ်စုတ်က ငါ့ကို […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၅)

diz_admin

November 18, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၅- (၁) သောင်ရင်းမြစ်လယ်က ကျည်ဆံတွေကြားမှာ ဒီလူတွေက လမ်းအတော် ကျွမ်းပုံရပါတယ်။ လက်နက်ကြီးကျည် ကျထားလို့ မီးလောင်ထားတဲ့ နေရာတွေကိုရှောင်ကွင်း၊ တချို့နေရာတွေမှာတော့ သစ်ခက်တွေခုတ်ပြီး တောမီးကို ငြိမ်းသတ်၊ ဝေါ်ကီတော်ကီထဲကနေ ကရင်စကားတွေနဲ့ပြော။ “နာဟူးဃာ … နာဟူးဃာ” (ကြားရလား … ကြားရလား လို့ မြန်မာလို အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့ ကျိုးဖိုးတွေရဲ့ စကားလုံးအတိုင်းဆိုရင်တော့ ရထားဖြစ်လား … ရထား ဖြစ်လားလို့ တဖက်က စက်ကိုင်ထားတဲ့လူကို မေးတဲ့သဘောပါ)။ အဲဒီတလုံးကလွဲရင် ကျန်တာကို ကျနော်က ဘာမှနားမလည်။ ဆိုတော့ ကျနော်စိတ်ထဲမှာ ကိုယ်တခါမှ အသေချာမသိဖူးသေးတဲ့ ဒီလူတွေနဲ့လိုက်လာမိတာ မှားပြီလား။ လိုင်းကားပြန်စီးပြီး မဲဆောက်ပြန်သွားရင် […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 18, 2022

အခန်း(၂၂) ငန်းနက် က သူ့ရှေ့မှ လူငယ်နှစ်ဦးကို သေချာစိုက်ကြည့်နေသည်။ ထို့နောက် သူ့လက်ထဲမှ စာကို နောက်တစ်ကြိမ် ပြန်ဖတ်လိုက်၏။ “လှမောင်သားဆိုတာ မင်းဖြစ်ရမယ်…ဟုတ်တယ်မဟုတ်လား” ဧရာကို လက်ညိုးထိုးလိုက်သည်။ ဧရာက ခေါင်းညိတ်ပြ၏။ “အေး…ငါတို့ အထက်ဘက်မှာ အလုပ်တွေလုပ်ခဲ့တုန်းက.မင်းအဖေ နဲ့ အမေက သိပ်အတွဲညီခဲ့တာကွ….အေးလေ.. အကိုကြီးက မင်းတို့ကို ကူညီပါလို့ စာထဲမှာရေးထားတယ်…အနှင်းတို့လှမောင်တို့ သားဆိုတော့ သူ မရေးလည်း ငါက ကူညီရမှာပါပဲ..ဒါနဲ့ မင်းဘေးက တစ်ယောက်က” “ကြေးမုံလို့ ခေါ်ပါတယ်…ကျွန်တော့်သူငယ်ချင်းပါ” “အေး…ငါ့သမီးယုမော် လှမ်းပြောထားလို့ ကြေးမုံဘာကောင်ဆိုတာ ငါသိထားပါတယ်..အင်း.. မင်းတို့ ဒီနယ်မြေမှာ မှောင်ခိုလမ်းကြောင်းသစ်ချချင်တယ်ဆိုတော့..ဘာတွေများသယ်မှာလဲ” “ခေတ်ပေါ်အဝတ်အစားနဲ့ ဖက်ရှင်ပစ္စည်းတွေပါ..နေကာမျက်မှန်တို့ သားရေဂျာကင်တို့ ဘောင်းဘီတို့” ငန်းနက်က မျက်မှောင်ကြုံ့လိုက်သည်။ “အထည်လိပ်တို့ စားသောက်ကုန်တို့ က ပိုမြတ်တာမဟုတ်ဘူးလား” ကြေးမုံက ပြုံးလိုက်သည်။ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄)

diz_admin

November 17, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၃) အပိုင်း -၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၄- (၁) ကော့မူးရာ (သို့) ABSDF ပထမအကြိမ်ညီလာခံ ကျင်းပတဲ့နေရာ ကော့မူးရာ ခေါ် ဝမ်ခစခန်းဟာ မဲဆောက်မြို့ကနေ  မိနစ် ၃၀ လောက်ပဲ ကားမောင်းရပြီး ထိုင်းဘက်ကမ်း ဝမ်ခရွာအထိ လိုင်းကားတွေ တနာရီတစီးနှုန်း ပြေးနေတဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ တံတားကြီး ၂ ခုက ဝမ်ခနဲ့ ကော့မူးရာ စခန်းကြားရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးဖောက်ထားတဲ့အတွက် မဲဆောက်ကလာတဲ့ အရေးကြီးကားတွေဟာ နာရီဝက်အတွင်း ကော့မူးရာစခန်းထဲအထိ ရောက်နိုင်တဲ့အနေ ထားဖြစ်ပါတယ်။ ဒီလို ဆက်သွယ်ရေးလွယ်ကူပြီး KNU အထူးတပ်ရင်း ၁၀၁ အခြေစိုက်တဲ့စခန်း ဖြစ်တာကြောင့် ABSDF ပထမ အကြိမ်ညီလာခံ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 17, 2022

အခန်း(၂၁) စားပွဲပေါ်တင်လိုက်သော ခြောက်လုံးပြူးသေနတ်ကြောင့် ကိုစံသိန်း ခန္ဓာကိုယ်က အနည်းငယ်မတ်သွားသည်။ “မင်း ငါ့ဆီက ဘာလိုချင်ပြန်ပြီတုန်း..ကြေးမုံရာ” ကိုစံသိန်း အသံက စိတ်ပျက်လက်ပျက်။ ကြေးမုံက ပြုံးလိုက်သည်။ “သြော်..ဘာမှ မလိုချင်ပါဘူး..ကိုစံသိန်းကြီးရဲ့….ကျွန်တော်နဲ့အတူ အလုပ်အတူတွဲလုပ်ပါလားလို့ လာကမ်းလှမ်းတာပါ” ကိုစံသိန်းက သက်ပြင်းချသည်။ “အေးပါကွာ..မင်းခေတ်ပဲ..ပြော..ဘယ်လိုလုပ်ချင်တာလဲ” “ကျွန်တော် လုပ်ငန်းထပ်ချဲ့မယ်..ကိုစံသိန်း..မော်လမြိုင်ကနေ တဆင့် ပစ္စည်းတင်ရတာ..အမြတ်က တဝက်လောက် ကွာနေတာလည်း သိတယ်…ဒီတော့ ယိုးဒယားနယ်စပ်အထိ ချဲ့မယ်” “အင်း..အဲ့ဒီလမ်းကြောကတော့ သူပုန်တွေကိုင်တာကွ…ငါတို့ကြောမဟုတ်ဘူး…သူ့ကုန်သည်နဲ့ သူ..လမ်းကြောင်းကြေးရှင်းပြီးသွားနေကြတာ..မပိုင်ပဲဝင်ရင် ကိုယ့်သေတွင်းကိုယ်တူးတာပဲ” “အင်းပါ..ဒါတွေ ကျွန်တော်သိပြီးသားပါ…အခုဟာက ဒီ ရထားလိုင်းမှာပဲ…ခင်ဗျားနဲ့ ကျွန်တော် ပူးပေါင်းလိုက်ကြမယ်လေ..ပူးပေါင်းတယ်ဆိုပေမယ့်လည်း ခင်ဗျားလုပ်နေကျ လမ်းကြောင်း ကို ခင်ဗျားလုပ်ပါ..အင်း..ကျွန်တော်တို့လမ်းကြောင်းပစ္စည်းတွေကိုတော့ ခင်ဗျားအဖွဲ့တွေက ဝင်ကြည့်ပေးပေါ့…ဒီမှာ ဘိုပြား နဲ့ ကျွန်တော့် ကောင်လေးနှစ်ကောင်က ခင်ဗျားနဲ့အတူ လုပ်ကြကိုင်ကြလိမ့်မယ်..ဟိုဘက်ကမှာ ကျွန်တော် လမ်းကြောင်းဖောက်နိုင်ပြီဆိုရင်လည်း..ခင်ဗျား အခုကုန်သည်တွေဆီ […]