BREAKING
September 19, 2024

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၉)

diz_admin

November 22, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၈) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၁၉ – (၁) ဒုတိယ အကြိမ်ညီလာခံနဲ့ နယ်မြေကော်မီတီကို ဖျက်သိမ်းခြင်း ၁၉၈၉ နှောင်းပိုင်း နိုဝင်ဘာလမှာတော့ ကျနော်တို့ KNU နယ်မြေကော်မတီကို ဆက်ထားဖို့ မလိုတော့ဘူး၊ စခန်းတွေအားလုံးကို ဗဟိုကော်မီတီကနေ တိုက်ရိုက်အုပ်ချုပ်တော့မယ်လို့ ဒုတိယအကြိမ် ဗဟိုညီလာခံနေက ဆုံးဖြတ်ချက် ထွက်လာပါတယ်။ နိုဝင်ဘာလ အစောပိုင်းက မင်းသမီးစခန်းမှာ ကျင်းပတဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကနေ အဲဒီလို ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် မဲဆောက်မြို့ပြင်က ကျနော်တို့ရဲ့ ရုံးခန်းကို ဗဟိုကော်မတီဆီ ထိုးအပ်၊ နယ်မြေ ကော်မတီဝင်တွေအားလုံး ကိုယ့်မိခင်စခန်း ကိုယ်ပြန်ဖို့ပြင်ရပါတယ်။ ကျနော်လည်း တနှစ်ကျော် ပိုင်ပိုင်-မာမာ (သွားလိုက်လာလိုက်) နေထိုင်ခဲ့ဖူးတဲ့ မဲဆောက် ရွှေမြို့တော်ကို နှုတ်ဆက်ပြီး […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 21, 2022

အခန်း(၂၆) ၁၉၇၁ ‌အောက်တိုဘာ (၁၅)ရက်။ မော်လမြိုင်၊ ရွှေမြိုင်သီရိရှိ ကြေးမုံ၏ ရုံးခန်း။ “ရော့…ကျွန်တော့်ကို ပစ်သတ်လိုက်ပါ…မမယု” ပစ္စတိုသေနတ်က ယုယုမော်ရှေ့ စားပွဲစွန်းသို့ လျောခနဲ ရောက်လာသည်။ “ဘာတွေဖြစ်နေတာလဲ..ကိုကြေး…ရှင့်ကို မယုက ဘာလို့ သတ်ရမှာလဲ” “ဘန်ကောက်မှာဖြစ်ခဲ့တဲ့ကိစ္စ…ကျွန်တော် ယောက်ျားမဆန်ဘူးလို့ ခံစားရတယ်..မမယုအပေါ် ကျွန်တော် တာဝန်မကျေခဲ့ဘူး” “သြော်..ဘန်ကောက်က ကိစ္စလား..အဟက်…ရှင်ယောက်ျားဆန်ပါတယ်..အဲ့ဒီညက ယောက်ျားဆန်လွန်းလို့လည်း မယုတို့နှစ်ယောက်ကြား ဟိုကိစ္စဖြစ်ခဲ့ကြတာမဟုတ်လား..ဘာကို ယောက်ျားမဆန်တာလဲ” ယုယုမော် ၏ လှောင်ရယ်သံကြောင့် ကြေးမုံ ပိုနေရခက်သွားသည်။ “အဲ့ဒီကိစ္စပဲလေ..အမှန်ဆို ကျွန်တော် မမယုကို တာဝန်ယူသင့်တာပေါ့..မဟုတ်ဘူးလား..အခုတော့ ကျွန်တော်က မြိုင့်ကို လက်ထပ်လိုက်တယ်..အဲ့ဒါလည်း ကလေးရှေ့ရေးအတွက်လည်း ပါလို့ပါ..မမယုရယ်” “ဟား….အသာလုပ်ပါ..ကိုယ်တော်ချောရဲ့..အဲ့ဒါက ရှင်ရော မယုရော အလိုတူအလိုပါဖြစ်ခဲ့တဲ့ကိစ္စလေ… ရှင့်မှာ ဘာတာဝန်တွေပိုရှိလို့ တာဝန်တွေယူချင်နေတာတုန်း…ရုပ်ရှင်ထဲက မင်းသားတွေ ပြောတဲ့စကားတွေ လာမပြောပါနဲ့လား” ကြေးမုံက […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၈)

diz_admin

November 21, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၇) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၁၈- (၁) ထိုင်းစကား မပီတဲ့ နန်စူစန် ဖမာ့များ စန်ခရဘူရီကနေ ကန်ချနဘူရီအထိ ရိုးရိုးဘတ်စကား အနီ၊ ကန်ချနဘူရီကနေ ဘန်ကောက်ကိုတော့ အဲယားကွန်း အစိမ်းရောင်ကားကို စီးပြီး ညနေ ၆ နာရီကျော် ၇ နာရီလောက်မှာ ဘန်ကောက် စိုင်တိုင်းမိုင် (တောင်ပိုင်းဒေသ ကားဂိတ်) ဆီ ကျနော်တို့ ၅ ဦး ချောချောမောမော ဆိုက်ရောက်လာပါတယ်။ ဒါပေမယ့် ဘန်ကောက်ကိုရောက်တာနဲ့ ပြဿနာက စပါလေရော။ ကိုယ့်ပုံကိုယ် မြို့သားပုံပေါက်နေပြီလို့ ထင်ထားပေမယ့် ထိုင်းရဲတွေ မျက်စိထဲမှာတော့ ကျနော်တို့ပုံတွေက ဖမ်းချင်စရာကြီး ဖြစ်နေပုံရပါတယ်။ ကျနော်တို့ ဝတ်စားထားတဲ့ပုံက ထိုင်းထောက်လှမ်းရေးလိုလို ပုံဖမ်းထားပေမယ့် တရုတ်လုပ် စစ်ကျောပိုးအိတ်တလုံးစီ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 20, 2022

အခန်း(၂၅) “ကိုကြေး..လာ..မိတ်ဆက်ပေးရဦးမယ်..ဒါ တက္ကသိုလ်တုန်းက မယု အရမ်းချစ်ရတဲ့ စီနီယာအမ..မနီနီ တဲ့…အခု တောင်ကြီးကောလိပ်မှာ လက်ထောက်ကထိကပေါ့” မျက်ခုံးမျက်ဖန်ကောင်းကောင်း၊ အောက်နှုတ်ခမ်းတွဲတွဲဖြင့် လှပသောအမျိုးသမီးက ကြေးမုံကို ပြုံးပြသည်။ “ဒါကတော့ မနီနီရဲ့..ဟိုဒင်း..” နီနီက ယုယုမော်၏ ပေါင်ကို အသာဆွဲဆိတ်လိုက်သည်။ “မနီနီရဲ့ အခင်မင်ဆုံးမိတ်ဆွေလို့…ဟင်း..ဟင်း..နာမည်က ဖလော်ရင့်မောင်စိန် တဲ့…တောင်ကြီးက ရွှေလိမ္မော်အရက်ဆိုတာ သူတို့ မိသားစုက ထုတ်တာပေါ့” နီနီနှင့်အတူပါလာသော အသားဖြူဖြူအမျိုးသားက ကြေးမုံကို လက်ကမ်းပေးသည်။ ကြေးမုံက လက်ဆွဲနှုတ်ဆက်လိုက်၏။ “ကဲ..စားကြပါဦး..ကျွန်တော်က ခုန အပေါ်မှာ ဧည့်သည်ကို ဧည့်ခံနေလို့ မမယုတို့ ရောက်တာမသိလိုက်တာပါဗျာ..တောင်းပန်ပါတယ်” “ရပါတယ်..ကိုကြေးရဲ့…ဒီမှာ ဒီက ညီမလေးက ဧည့်ခံနေတာပဲဟာ..ရပါတယ်” ယုယုမော်စကားကြောင့် ကြေးမုံက ဘေးနားတွင် ထိုင်နေသော မြိုင်ကို လှမ်းကြည့်လိုက်သည်။ မြိုင်က ကလေးကို ချီပြီး ထ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၇)

diz_admin

November 20, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၆) အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်မှ စစ်သည်တော်များ) အခန်း-၁၇- (၁) နယ်မြေကော်မီတီမှ မင်းသမီးစခန်းသို့ ခဏပြန်ခြင်း KNU နယ်မြေကော်မတီမှာ တာဝန်ထမ်းနေစဉ်အတွင်း မင်းသမီးခစန်းကို ၂ ခေါက် ပြန်ဖြစ်တယ်လို့ ထင်ပေမယ့် နေ့ရက်အတိအကျကိုတော့ မမှတ်မိတော့ပါ။ ပထမတခေါက် ပြန်ဖြစ်တာကတော့ ကလက်ဒေးမှာ ကျင်းပတဲ့ နယ်မြေကော်မတီဖွဲ့ပြီးကာစ ၁၉၈၉၊ ဇန်နာဝါရီလ လယ်လောက်မှာလို့ ထင်ပါတယ်။ ကျနော်နဲ့ ကိုကျော်ထင်တို့ ၂ ဦးဟာ KNU ပဒိုတဦးရဲ့ ကားကြုံနဲ့ ကလက်ဒေးကနေ မင်းမသီးစခန်းဆီ ပြန်လိုက်သွားပြီး နယ်မြေအစည်းဝေး အတွေ့အကြုံနဲ့ ဗဟိုဘက်က အခြေနေတွေကို စခန်းမှာ ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ ပြန်သွားတဲ့အချိန်မှာ စခန်းက မောင်တော်မှာ ဆက်ရှိနေဆဲဖြစ်ပေမယ့် ထားဝယ်ဘက်က ကျောင်းသားတချို့ကတော့ ရှေ့ပိုင်းမှာ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 19, 2022

အခန်း(၂၄) အိမ်တံခါးဝတွင် ကြေးမုံ ငူငူကြီးရပ်နေသည်။ ဧရာနှင့် မခင်ဝင်းကြည်တို့ ညားခါစက ရန်ကုန်တိရိစ္ဆာန်ရုံတွင် ရိုက်ထားသော ဓာတ်ပုံကလေးက ခေါင်းရင်းတွင် ထောင်ထား၏။ “ငကြေး…” သူ့ပုခုံးကို လာဖက်သော စိုးရ၏ အသံက တိမ်ဝင်သွားသည်။ “အားလုံးက ငါ့အပြစ်ပါကွာ..အဲ့ဒီနေ့က ငါ့ညီဖိုးအောင် ကို သူတို့ လိုက်သတ်နေကြလို့ ငါလည်း ကြောက်အားလန့်အားနဲ့ မင်းတို့အိမ်ကို ခေါ်လာမိတာ..ငါ့အပြစ်..ဧရာသေတာ ငါ့အပြစ်” ကြေးမုံက စကားတခွန်းမှ မပြောပဲ ထိုင်ခုံတွင် ကလေးချီလျက် ထိုင်နေသော မြိုင့်ထံသို့ လျှောက်သွားသည်။ မြိုင့်ထံမှ ရှိုက်သံ အိခနဲ ထွက်လာ၏။ ကြေးမုံက မြိုင့်လက်ထဲမှ ဧရာနှင့် မခင်ဝင်းကြည်တို့၏ သားကလေးကို ချီလိုက်သည်။ ကိုစန်းထွန်း၊ စိုးရ ၊ ခင်မောင်၊ စိုးနောင် နှင့် လူငယ်များက မြင်ကွင်းကို […]