သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)
diz_admin
November 25, 2022သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၁)>>>>> အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၂၂- (၁) နယ်မြေစိုးမိုးရေးနှင့် တောတွင်းအုပ်ချုပ်ရေး အဲဒီကာလ ကျနော်တို့တပ်တွေ လှုပ်ရှားတဲ့နေရာတွေကတော့ မြောက်ပိုင်းမှာဆိုရင် နတ်အိမ်တောင်စခန်းမှာ အခြေစိုက်ပြီး NMSP မွန်ပြည်သစ်ပါတီနဲ့ KNU နယ်စပ် နတ်ကြီးစင်၊ ရာဖူး၊ ကံပေါက်၊ ကလိန်အောင်ကနေ ထားဝယ်မြို့ အရှေ့ဘက်ရှိ မေတ္တာကျေးရွာနားအထိကို ဘိုင်သိန်းမြင့် ဦးဆောင်တဲ့ တပ်ခွဲ (၂) က တာဝန်ယူထားပါတယ်။ မေတ္တာ၊ ဖေါင်းတောဒေသကနေ ဘန်းချောင်းဒေသ၊ သရက်ချောင်းဒေသ၊ ပလောက်၊ ပြည်ခြားအထိကို ကိုဘုန်းကျော် ဦးဆောင်တဲ့ တပ်ခွဲ (၃) က တာဝန်ယူထားပါတယ်။ ပြည်ခြား၊ ထမင်းမစားကနေ မြိတ်မြို့အနီးက ပပြင်၊ ကျွဲကူးဒေသတွေအထိကို ကိုဖေသင် ဦးဆောင်တဲ့ တပ်ခွဲ (၁) က […]