အမှောင်ထဲမှ မင်းသားများ (၁၉၇၀)
diz_admin
November 6, 2022အခန်း(၁၁) “ရှင်က ဘယ်သူလဲ ကိုမိုးကျော်” “ကျွန်တော်က ကျွန်တော်ပဲလေ..စီစီရဲ့..ဘာဖြစ်လို့လဲ” “မနေ့က ကျွန်မတို့ ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာတော့ ရုံရှေ့မှ သတင်းတွေကြားရတယ်..လက်မှတ်မှောင်ခိုသမား တစ်ယောက်ကို ရိုက်သွားလို့တဲ့…မိုးကျော်တို့အုပ်စု လုပ်လိုက်တာလို့လည်း ပြောသံကြားရတယ်…အဲ့ဒါ ရှင်မဟုတ်လား” “ဟာဗျာ..မိုးကျော်ဆိုတဲ့ နာမည်တွေက ရန်ကုန်မှာ မှိုလိုပေါက်နေတာပါ… ဘယ့်နှယ့်..မဟုတ်တာတွေ..စီစီရယ်” “အင်းပါ..ကိုမိုးကျော်ရယ်….ကျွန်မ ရှင့်ကို စိတ်ပူလို့ပါ” မိုးကျော် ပြုံးလိုက်သည်။ ဦးလူနီ လမ်းထိပ်အရောက်တွင် ဆိုင်ကယ်ကို ဘရိတ်စောင့်အုပ်ရပ်လိုက်သဖြင့် စီစီ ၏ ကိုယ်လုံးအိအိလေးက မိုးကျော်၏ ကျောကုန်းထံသို့ ပြိုဆင်းလာသည်။ “အိ”ခနဲ အထိ တွင် မိုးကျော် တစ်ကိုယ်လုံး လျှပ်စီး မိ သလိုဖြစ်သွားသည်။ “ဘာလို့ အရမ်း စောင့်ရပ်လိုက်ရတာလဲ” “ဟိုမှာ ကိုယ့်သူငယ်ချင်းတစ်ယောက်တွေ့လိုက်လို့..စီစီ ကို အိမ်ရှေ့ထိ လိုက်မပို့တော့ဘူးနော်…ကျွန်တော်ကိစ္စလေးရှိလာလို့” “အွန်းဘာ” စီစီက […]