BREAKING
January 22, 2025

အခန်းဆက် ဝတ္ထုရှည်

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 29, 2024

[အခန်း ၁၃] ဗိုလ်မှူးကျော်တင့် က ဒေါ်တင်စိန်၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။ “ခဏနေဦး . . . အလျင်စလိုမလုပ်နဲ့ . . . တင်တင် . . . အခန်းထဲမှာရှိတဲ့ ကြည်ကြည့်ကို အရင်ဘေးလွတ်ရာပို့ဖို့လုပ် . . . သူက နေ့စေ့လစေ့ကြီး” ဒေါ်တင်စိန်က အခန်းတွင်းသို့ ပြေးဝင်သွား၏။ မောင်ရိန်ကလည်း စတင်းဂန်းဖြင့် ထွက်လာရန်ပြင်သည်။ “မောင်ရိန် . . . မင်းမိန်းမအရေးကြီးတယ် . . . သူ့ကို မင်းခေါ်သွား . . . နောက်ဖေးပေါက်ရှိလား” ကုတင်ပေါ်မှ ကြည်ကြည်က အနောက်ဘက်ပြတင်းတံခါးကို အသာလှပ်ကြည့်လိုက်သည်။ “မရဘူး . . . […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 28, 2024

[အခန်း ၁၂] လကို တိမ်ဖုံးသွားခဲ့ပြီ။ ညမှောင်မှောင်ထဲ။ ကျဆုံးခဲ့သူတို့အတွက် တိုးတိုးတိတ်တိတ် ရှိုက်သံ သဲ့သဲ့များ။ အထမ်းပုခက်များထဲမှ ဒဏ်ရာရသူများ၏ ညည်းညူသံများ။ ပတ်ပတ်လည်တောတောင်ကြီးထဲမှ သားရဲတို့၏ မျက်လုံးရောင်စုံများ။ “ရှေ့မှာ ကထောန်းရှိတယ် . . . မှောင်မှောင်မဲမဲထဲ ပြုတ်ကျရင် . . . ဒုက္ခများကုန်မယ် . . . ဒီတော့ ရောင်နီကို ခေတ္တစောင့်ပြီးမှ ခရီးဆက်ကြတာပေါ့ . . . ဒီနေရာမှာ ခဏနားမယ်” ဗိုလ်မှူးကျော်တင့် က အမိန့်ပေးလိုက်၏။ “ကထောန်း ဆိုတာ ချောက်ကမ်းပါးကြီးရှိတယ်လို့ ပြောတာ” ကြည်ကြည် ဘေးတွင် ဘယ်အချိန်ကရောက်နေမှန်းမသိသည့် မောင်ရိန်။ “ရှင် . . . ရောက်လာသေးတယ်နော်” ကျွန်းပင်ဖားဖားကြီးအောက်တွင် […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 26, 2024

[အခန်း ၁၁] ထိုနေ့မှ စတင်ပြီး နှစ်ပတ်ကျော်သည်အထိ မောင်ရိန် ပေါ်မလာပါ။ “သူ့တာဝန်က အနီးအနားရွာတွေက ပါတီထောက်ခံတဲ့ ရွာသူရွာသားတွေနဲ့ချိတ်ဆက်ပြီး သတင်းတွေ ထောက်လှမ်းဖို့လေ . . . ယူဂျီပေါ့ . . . ဒါကြောင့် သူက စခန်းမှာ ကြာကြာမနေတာ” ကြည်ကြည် မေးသည့်အခါ မဟိုက ထိုနှယ့်ရှင်းပြသည်။ မိုးကြည်ကမူ လူမတွေ့ရသော်လည်း အခြောက်အခြမ်းလေးများ၊ ငါးပိကောင်လေးများကို အခြားလူများနှင့် ကြည်ကြည့်ထံ ပို့ပေးတတ်သည်။ ၁၉၅၈ စက်တင်ဘာ ၃၀ ရက်နေ့။ မုတ်သုံမိုးက သစ်တောအုပ်အတွင်း သဲသဲမဲမဲရွာနေ၏။ ဝါးခမောက်ဆောင်းထားသော လူနှစ်ယောက် စောဖျားစခန်းကုန်းပေါ်သို့ ခပ်သုတ်သုတ် လမ်းလျှောက်လာသည်။ “ရဲဘော်မောင်ရိန် . . . ဘာများ ထူးလို့လဲ” ဆေး‌ပေါ့လိပ်ကိုယ်စီဖွာရင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 23, 2024

[အခန်း ၁၀] “ဖထီး…ဘာတွေလုပ်နေတာလဲ” မောင်ရိန်က အလန့်တကြားဖြင့် မေးလိုက်၏။ ထိုအချိန်တွင် အနောက်ဘက်မှ ရိုင်ဖယ်သေနတ်၊ ဓားရှည်များ ကိုင်ထားသည့် လူတစ်စုထွက်လာသည်။ “ရဲဘော်သူရိန်….ဘေးမသီရန်မခဘဲ အခုလို ပြန်တွေ့ရတာ..ဝမ်းသာသဗျာ” မောင်ရိန်ကို နှုတ်ဆက်လိုက်သူက ထားဝယ်ခရိုင် စစ်ရေးဒုတိယတာဝန်ခံ ကိုတင်ထွန်း။ တပ်နီလူငယ်များက ကြည်ကြည့်ကို ဝန်းရံလိုက်ကြသည်။ “ကဲ..မဘီတို့..သူ့ကို ကြိုးတုတ်လိုက်ကြပါ” စတင်းဂန်းကို လွယ်ထားသည့် အမျိုးသမီးရဲဘော်နှစ်ဦး ထွက်လာပြီး ကြည်ကြည်၏ လက်ကို ကြိုးတုပ်လိုက်ကြ၏။ “ဘာတွေဖြစ်နေကြတာတုန်းဗျ..သူက ရဲဘော် မရီရီရဲ့ ညီမပါ..သူ့တူမကို လာရှာတာပါဗျာ..ကျွန်တော်အာမခံပါတယ်…ဒီအတိုင်းလည်း စခန်းကို သူလိုက်မှာပါ” ကိုတင်ထွန်းက မောင်ရိန်၏ ပုခုံးကို ဖက်လိုက်၏။ “ရဲဘော်က . . . ဖထီးတဲမှာပဲ ပိတ်မိနေသော သတင်းတွေအဆက်ပြတ်သွားတယ်ထင်တယ် . . . ဒီမိန်းမက စစ်တပ်က […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 21, 2024

[အခန်း ၉] ၁၈၂၄ စက်တင်ဘာလ ၈ ရက်။ ဗိုလ်မှူးကြီး မိုင်းလ် ဦးဆောင်သော တိုက်သင်္ဘောများ၊ အမြောက်တင်လှေကြီးများပါဝင်သည့် ဗြိတိသျှရေကြောင်းချီတပ်ကြီးသည် ထားဝယ်ဆိပ်ကမ်းနှင့် အနီးဆုံးနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် ရှစ်ရက်ကတည်းက ထားဝယ်မြစ်ဝသို့ ရောက်နေသော ဗြိတိသျှရေတပ်ကို မြို့ဝန်ဦးရွှေလုတ်၏ လှေတပ်များက ခုခံတိုက်ခိုက်ခဲ့ကြ၏။ သို့သော်ငြား..လက်နက်အင်အားချင်းမှာ ကွာခြားလွန်းနေသည်။ ထားဝယ်စစ်သားများ၏ အလောင်းများမှာ ရေပြင်တွင် ပေါလောမျောလျက်။ မြို့ဝန်ဦးရွှေလုတ်မှာ တရွေ့ရွေ့နီးကပ်လာနေသော ဗြိတိသျှရေတပ်သင်္ဘောများကို မှန်ပြောင်းဖြင့် ကြည့်ရှုလိုက်သည်။ “မောင်ယာစိ . . . စစ်ကဲတွေရော၊ ဆိပ်ကမ်းစောင့်တပ်တွေကိုပါ အမိန့်ပေးစမ်း . . . မြို့ရိုးတွင်းကနေ ဝင်ရောက်ခုခံကြမယ်လို့” ဦးရွှေလုတ်ကိုယ်တိုင်လည်း ဝေါယာဉ်ဖြင့် မြို့ရိုးထဲသို့ ပြန်ဝင်သွား၏။ ထို့နောက် စစ်ကဲများခြံရံလျက် မြို့ရိုးတံတိုင်းပေါ်သို့ တက်လိုက်သည်။ “ရေဝန်နှင့် […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 19, 2024

[အခန်း ၈] ၁၈၂၄ မတ်လ ၁၀ ရက်နေ့။ ပီနန်းကျွန်း။ ဂျော့ချ်တောင်းမြို့။ ဗြိတိသျှစစ်ရေးပြကွင်း။ ဘင်ခရာတပ်ဖွဲ့၏ အသံက မိုးခြိမ်းသံအလား။ ဗိုလ်မှူးရေးနိုး ဦးဆောင်သည့် ဗြိတိသျှမြင်းတပ်၊ ခြေလျင်အစောင့်စစ်သည်တပ်များက သေနတ်ကိုယ်စီကိုင်ကာ ညီညီညာညာဖြင့် စစ်ရေးပြနေကြသည်။ ဗြိတိသျှမာလာယုအမြောက်တပ်ရင်းမှလည်း အမြောက်ကြီးများကို ပစ်ဖောက်ကာ အစွမ်းပြကြ၏။ စင်မြင့်ပေါ်တွင် ထိုင်နေသော ထားဝယ်မြို့ဝန် ဦးရွှေလုတ်၊ မလေးရှား၊ ခက်ဒါနယ်၊ စူလတန်စော်ဘွားဟောင်း အာမက်တာဂျူဒင်ဟာလင်ရှား၊ ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးကြီးမိုင်းလ်၊ ဗိုလ်မှူးကြီးဘိရှော့ တို့က စစ်ရေးပြတပ်များအား လက်ခုပ်တီးကာ အားပေးနေကြသည်။ ထိုအချိန်တွင် ထားဝယ်မြို့ဝန်ဦးရွှေလုတ်၏ ကုလားထိုင်အနောက်ဘက်သို့ အတူလိုက်ပါလာသူ စစ်ကဲမောင်ထမ်းပိုးက ဒူးထောက်ထိုင်ချလိုက်၏။ ထို့နောက် ဦးရွှေလုတ်၏ နားနားသို့ ကပ်ကာ တိုးတိုးပြောလိုက်သည်။ ဘင်ခရာသံများ၊ အမြောက်သံများနှင့်မို့ အသံက မကြားရ။ “ကျယ်ကျယ်ပြောစမ်း . […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 17, 2024

[အခန်း ၇] “ရှေးကြောန်းမလွဲ . . . ကော်ထောန်းပွဲမှာ မနည်းမေတ္တာ၊ ရှေးကပြု ဒိ ခုတွိပါ၊ သစ္စာမချို့ နှစ်ရာသို့၊ မရို့ပန်းဦး၊ ညွှန့်အဖူး ၊ ရှေးဦးနောန်က ပန်ပါ့မယ်” ခပ်လှမ်းလှမ်းဆီမှ သီချင်းသံသဲ့သဲ့ကြားရသဖြင့် ကြည်ကြည်က ဆိုင်ကယ်ကို ရပ်လိုက်သည်။ “ရှေ့မှာ ရွာနီးပြီလား” “စုံစင်ဖျားဆိုတဲ့ရွာရှိတဲ့နေရာကတော့..နေ့လယ်ကတည်းက . . . ကျော်လာခဲ့ပြီ..ကြားထဲမှာ ဝါးခုတ်၊ သစ်ခုတ်တဲ့ တောတိုက်လေးတွေတော့ ရှိနိုင်တယ် . . . သူတို့နဲ့တွေ့ရင်တော့ ဝင်းကဖော်ကို သွားတဲ့လမ်းမေးလို့ရမှာပဲ” ထိုစဉ် သီချင်းသံက ရုတ်တရတ်တိတ်သွား၏။ “ကျွန်မတို့ ဆိုင်ကယ်စက်သံကို သူတို့ ကြားသွားပြီထင်တယ် . . . ရှင် . . . ဒီနေရာမှာ […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

July 15, 2024

[အခန်း ၆] ကြည်ကြည်က အသက်ရှင်သန်ချိန်၏ နောက်ဆုံးစက္ကန့်များကို တုန်လှုပ်စွာဖြင့် မှတ်နေလိုက်၏။ တစ်၊ နှစ်၊ သုံး။ “ဟေ့ . . . သူ့ကို ကြိုးဖြည်ပေးလိုက်ကွာ” ထိုအခါမှ ကြည်ကြည်ဆွေ သက်ပြင်းချမိတော့သည်။ “သွား . . . ဆိုင်ကယ်ကို ခင်ဗျားမောင်း . . . ကျုပ်ပြတဲ့လမ်းအတိုင်းမောင်းနော် . . . တစ်ခုခုကြံစည်လို့ကတော့ . . . နောက်ကနေ ခေါင်းပွင့်အောင် ပစ်ထည့်လိုက်မှာ” ကြည်ကြည်ဆွေက ဆိုင်ကယ်ကို စက်နှိုးလိုက်၏။ မောင်ရိန်က သူမ၏ နောက်မှ ခွထိုင်သည်။ ခြောက်လုံးပြူးသေနတ်ကမူ ကြည်ကြည်ဆွေ၏ နောက်စေ့ကို တေ့ထားဆဲ။ မောင်ရိန်က လမ်းညွှန်သည်။ ကြည်ကြည်ဆွေက မောင်းသည်။ “ရှေ့က […]