BREAKING
September 19, 2024

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၇)

diz_admin

November 30, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၆) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်အဖွဲ့) အခန်း-၂၇- (၁) တတိယအကြိမ် ညီလာခံနဲ့ ABSDF အကွဲအပြဲစတင်ခြင်း ၂-နှစ်တခါ ညီလာခံလုပ်ရမယ်ဆိုတဲ့ ABSDF ဖွဲစည်းပုံ အခြေခံဥပဒေပါ စည်းကမ်းတွေအရ ၁၉၉၁ သြဂုတ်လအစောပိုင်းမှာ တတိယအကြိမ်ညီလာခံ ခေါ်မယ်လို့ ဗဟိုက ဖိတ်စာ ကျနော်တို့ မင်းသမီးစခန်းဆီ ရောက်လာပါတယ်။ မင်းသမီးစခန်းဟာ လူဦးရေ ၃၀၀-ကျော်ရှိတဲ့အတွက် ညီလာခံကိုယ်စားလှယ်ခွဲတန်း ၁၀-ဦးရပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံပါ ရွေးကောက်ပွဲကော်မရှင် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုယ်စားလှယ် ရွေးချယ်ရေးကော်မရှင်ကို ဖွဲ့ပါတယ်။ တပ်ရင်းဌာနချုပ်ကော်မရှင်၊ ရှေ့တန်း တပ်ခွဲအသီးသီးက ကော်မရှင်ခွဲတွေကနေ လျို့ဝှက်မဲစနစ်နဲ့ ရွေးချယ်မှုအရ ၁၀- ဦးစာရင်းထဲ ပါသွားသူတွေကတော့ ဗဟိုမှာရောက်နေတဲ့ ကိုကျော်ကျော်၊ ကိုခင်မောင်ဝင်းနဲ့ ကိုဌေးအောင်၊ နောက်တခါ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၆)

diz_admin

November 29, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၅) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၂၆ (၁) စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် မင်းသမီးခစန်းသို့ ရောက်လာခြင်း ကျနော်မှတ်မိသလောက်ဆိုရင် တပ်ရင်းညီလာခံအပြီး ၁၉၉၀ ဇူလိုင်လကနေ ၁၉၉၁ နှစ်ကုန်ပိုင်း၊ ABSDF ဗဟို နှစ်ချမ်းကွဲတဲ့အချိန်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ စခန်းကော်မတီဟာ စုစည်းညီညွတ်မှု အားအကောင်းဆုံး၊ တည်ငြိမ်မှုအရှိဆုံးကော်မတီတခုဖြစ်ခဲ့ပြီး အရေးကြီးတဲ့ကိစ္စ အတော်များများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကော်မတီတာဝန်ရှိသူတွေ ထိုင်းနိုင်ငံထဲခရီးထွက်ပြီး နိုင်ငံတကာ ဆက်ဆံရေး၊ ထိုင်းစီးပွားရေးသမားတွေနဲ့ ဆက်ဆံရေး၊ အလှူရှင်တွေနဲ့ ဆက်ဆံရေး၊ တခြားမဟာမိတ် အဖွဲ့တွေနဲ့ ဆက်ဆံရေး၊ ဘန်ကောက်က ကျောင်းသားတွေနဲ့ ဆက်ဆံရေးကိစ္စတွေကိုပါ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီကာလမှာ (အခန်း ၁၉ မှာဖေါ်ပြခဲ့တဲ့) ဆူခွန်ဗစ် ဆွိုင် ၇၁ ထဲက မင်းသမီးစခန်းရုံးကို ပိတ်ပစ်ခဲ့ပြီး […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၅)

diz_admin

November 28, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၄) အပိုင်း -၃- (အများသွားတောင်ကြားလမ်းပေါ်က စစ်သည်တော်များ) အခန်း-၂၅- (၁) နိုင်ငံခြားဘာသာစကားနှင့် တောခိုကျောင်းသားများ အုပ်ချုပ်မှုကိစ္စနည်းနည်း တည်ငြိမ်လာတဲ့အခါမှာတော့ တော်လှန်ရေးရဲ့ ပင်မသင်တန်းတွေဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ထောက်လှမ်းရေး ပညာဆိုင်ရာ ရက်ရှည်သင်တန်းတွေအပြင် ဘာသာစကား ရက်တိုသင်တန်း အမျိုးမျိုးဖွင့်ဖို့ ကျနော်တို့ စခန်းကော်မီတီက စီစဉ်ပါတယ်။ ပထမ ဆုံးဖွင်တဲ့ သင်တန်းက အင်္ဂလိပ်စာ အခြေခံသင်တန်းဖြစ်ပြီး အင်္ဂလန်မှ ကျောင်းသားတဦးက စေတနာ့ဝန်ထမ်းအဖြစ် လာသင်ပေးတာပါ။ ဒါပေမယ့် ပထမ ၃-၄ ရက်လောက်ပဲ သင်တန်းသား ၂၀ လောက်တက်ပြီး တဖြည်းဖြည်းနဲ့ နည်းနည်းသွားတဲ့အတွက် သင်တန်းဆရာလည်း စိတ်ပျက်ပြီး ပြန်သွားပါတယ်။ ဒုတိယ ဖွင့်တဲ့သင်တန်းကတော့ ထီးထာက ကရင်အမျိုးသမီးနဲ့ လက်ထပ်ထားတဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၄)

diz_admin

November 27, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃) အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်က စစ်သည်တော်များ) အခန်း-၂၄- (၁) တပ်ရင်းညီလာခံနဲ့ ကော်မီတီသစ်၊ တပ်မှူးသစ်များ ရွေးချယ်ခြင်း တပတ်၊ ၇ ရက်သာကြာမယ်ထင်ပြီး ခေါ်လိုက်တဲ့ တပ်ရင်းညီလာခံဟာ ၁၀ ရက်ကျော်တဲ့အထိ ဆွေးနွေးစရာ မကုန်သေးဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာလည်း ကျောင်းသားတွေနဲ့ တခြားအဖွဲ့စည်းတွေ မတူတဲ့အချက်ကို တင်ပြလိုပါတယ်။ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ နယ်စပ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့စည်းတွေ အစည်းဝေးလုပ်တဲ့အခါ ဘယ်နှစ်ရက်လုပ်မယ်၊ ဆွေးနွေးမယ့်အကြောင်းအရာက ဘာတွေဖြစ်တယ် စသဖြင့် အတိအကျသတ်မှတ်ပြီး ၂ ရက်၊ ၃ ရက်နဲ့ ပြတ်အောင်လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျိုးဖိုးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီလို ကြိုတင်ကန့်သတ်ထားတာကို မကြိုက်ဘူး။ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးရမယ်ဆိုပြီး ငြင်းလိုက်ခုန်လိုက်နဲ့ ၁၅ ရက်တိတိ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃)

diz_admin

November 26, 2022

<<<<<သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၂၃- (၁) တပ်ရင်းညီလာခံ ခေါ်ယူခြင်းနဲ့ ရှေ့တန်းခရီးစဉ် ဒီလိုမလွယ်တာတွေ အတော်များများကို ကြုံရပြီးတဲ့အခါမှာတော့ ရှေ့တန်း၊ နောက်တန်းက တပ်မှူးအားလုံးနဲ့ စခန်းကော်မတီဝင်တွေ တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ် ဆွေးနွေးမှဖြစ်မယ်လို့ စခန်းကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတွက် တပ်မှူးတွေအားလုံး အစုံအညီတက်နိုင်မဲ့ တပ်ရင်းညီလာခံ ခေါ်လိုက်ပါတယ်။ အဲဒီညီလာခံ မတိုင်မီလေးမှာ ရှေ့တန်းတခါမှ မရောက်ဖူးပဲ (ဝမ်တိုက်ပွဲမှာ ကတုတ်ကျင်းထဲကနေ သေနတ်ပစ်ဖူးတာကလွဲရင်) ဗိုလ်ဖြစ်နေတဲ့ ကျနော့်အတွက် ရှေ့တန်းသွားရေး ရှားရှားပါးပါး အခွင့်ရေးတခု ပေါ်လာပါတယ်။ ညီလာခံခေါ်ရခြင်းကိစ္စ ရှင်းပြဖို့၊ ကျည်ဆံပို့ရေး၊ မိုးကာပို့ရေး စသည်ဖြင့် အကြောင်းပြပေမယ့် တကယ်ကတော့ အထူးစစ်ကြောင်းကနေ နောက်တန်း ခဏပြန်လာပြီး ရှေ့တန်းပြန်သွားဖို့ပြင်နေတဲ့ တပ်ရေးဗိုလ်ကြီး ကိုအေးသော်နဲ့အတူ လူကြုံ၊ […]

အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

diz_admin

November 25, 2022

အခန်း(၂၉) ဇာတ်သိမ်း “သို့ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ ပါတီဌာနချုပ်၊ ရန်ကုန်မြို့ အကြောင်းအရာ။ လျှို့ဝှက်စွာ ခေါ်ယူဆွေး‌နွေးပေးပါရန် ကိစ္စ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးသွေးချောင်းစီးသွားမည့် ကြံဆောင်မှုတစ်ခုရှိနေပါသည်။ ၄င်းကိစ္စအား ပါတီအဆင့်အဆင့် တင်ပြနေခြင်းဖြင့် ရခိုင်လူထုအတွင်း ပေါက်ကြားပြီး ကျွန်တော်၏ မိသားစု လုံခြုံရေးကို စိတ်မချပါသဖြင့် မတင်ပြရဲပါ။ သို့ကြောင့် ကျွန်တော့်အား ပါတီတာဝန်ဖြင့် ပါတီဌာနချုပ်သို့ လျှို့ဝှက်စွာခေါ်ယူတွေ့ဆုံ ဆွေးနွေးပါရန် အစီရင်ခံအပ်ပါသည်။ ပုံ ……………………………….. ၁၀၀၀၉၆၄ ……………………………….. ၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို လူထု ထောက်ခံမဲ ၉၀.၁၉ ရာခိုင်နှုန်းဖြင့် အတည် ပြုလိုက်ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထို ၁၉၇၄ […]