BREAKING
September 20, 2024

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၉)

diz_admin

December 12, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၈) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၃၉- (၁) ညီလာခံဆုံးဖြတ်ချက်ကို လက်မခံသူ ၃၀-ခန့် ထိုင်းထဲထွက်သွားခြင်း ဘက်မလိုက်အဖွဲ့ ညီလာခံအတွင်း အများစုဆန္ဒမဲအရ ဒေါက်တာနိုင်အောင် ဗဟိုနဲ့ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ၁၀၀% ထောက်ခံမှုရခဲ့တာမျိုးတော့ မဟုတ်ပါ။ ၂-နှစ်ကျော် ဘက်မလိုက်အဖြစ် သီးခြားရပ်တည်လာပြီးမှ မူလပန်းတိုင်ဖြစ်တဲ့ ဗဟို ၂-ခု ပြန်ပေါင်းတဲ့အထိ မလုပ်နိုင်ပဲ လက်လျှော့လိုက်တဲ့ ခေါင်းဆောင်တွေ၊ ကော်မတီတွေအပေါ် ရဲဘော်အများစုက အတော်လေး အားမလိုအားမရ ဖြစ်သွားပုံရပါတယ်။ “ဒီလိုပေါင်းမယ်ဆိုရင် အစကတည်းက ဘာလို့ ဘက်မလိုက် ရပ်သေးလဲ” လို့ ပြင်းပြင်းထန်ထန်ဝေဖန်ပြီး ဒါဇင်နဲ့ချီတဲ့ ရဲဘော်တွေ တပ်ကနေ နှုတ်ထွက်ကုန်ကြပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကျနော်တို့ ဘက်မလိုက် တပ်အင်အား ၁၅၀-ကျော်ထဲက ၃၀-လောက်အထိ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၈)

diz_admin

December 11, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၇) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၈- (၁) သေလောထာစခန်းမှာကျင်းပတဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲ မာနယ်ပလောအစည်းဝေးခန်းမ ဆွေးနွေးပွဲ ပြီးတဲ့အခါမှာတော့ သဘာပတိအဖြစ် တာဝန်ယူရတဲ့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲမှာ ဆက်တည်းဖို့ မသင့်တော်တဲ့အတွက် ကြားနေရာဖြစ်တဲ့ စော်လဲထာရွာ ဆီပြန်လာပြီး ကိုမြင့်အောင်တို့အိမ်မှာ တည်းလိုက်၊ မယ်စရိယန်းမြို့ပေါ်ကို တက်ပြီး River Side Guest House မှာတည်းရင်း တပ်ရင်းနဲ့ ရနောင်းမြို့ဘက်ဆီ ဆက်သွယ်လိုက်နဲ့ နေခဲ့ပါတယ်။ ၄-ရက်လောက်ကြာတဲ့အခါမှာတော့ စော်လဲထာ အောက်ဖက်နားက သံလွင်မြစ်ဘေးရှိ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်ရှိရာ သေလောထာစခန်းဆီ ကျနော်တို့ဆင်းလာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မာနယ်ပလောနဲ့ ဥသုထာခရီးစဉ်တုန်းက သေလောထာဝန်းကျင်မှာ ကျောင်းသားစခန်းတွေကို မတွေ့ရသေးပေမယ့် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၇)

diz_admin

December 10, 2022

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၇- <<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၆) (၁) မာနယ်ပုလောသို့ တတိယခရီးစဉ် စခန်းကို ပြန်ရောက်ပြီးနောက်မှာတော့ ကျနော်တို့အဖွဲ့ရဲ့ မူလတာဝန်ဖြစ်တဲ့ နှစ်ဖက်ဗဟို ပြန်လည် ပေါင်းစည်းရေးအတွက် ဗဟိုဒေသဆီ သွားရောက်ညှိနှိုင်းရေး လုပ်ငန်းစဉ် စတင်ပါတယ်။ ဥက္ကဋ္ဌဖြစ်တဲ့ ကျနော်၊ အတွင်းရေးမှူး ကိုအောင်မော်၊ စည်းရုံး-ပြန်ကြား တာဝန်ခံ ဦးဟန်လင်းနဲ့ ဝါရင့် ရဲဘော်တဦးဖြစ်သူ ကိုအောင်သန့် (ထားဝယ်ကောလိပ်၊ အခု ကနေဒါ) တို့ကို ဒီကိစ္စဆောင်ရွက်ဖို့ စခန်းကော်မတီက တာဝန်ပေးလိုက်ပါတယ်။ ဒီတကြိမ်မှာတော့ ပင်လယ်ပြင်စစ်ကြောင်းကနေ ရန်ပုံငွေအနည်းအကျဉ်းရှာထားနိုင်ပြီဆိုတော့ ထိုင်းနိုင်ငံထဲ ဒီတိုင်း ခိုးမသွားတော့ပဲ ချင်းမိုင်ဒေသရှိ ထိုင်း ထောက်လှမ်းရေးအရာရှိတဦးဆီ အရင်သွားပြီး ၃-လကနေ ၆-လအထိ သုံးနိုင်တဲ့ လက်မှတ်တွေ လုပ်ကြပါတယ်။ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၆)

diz_admin

December 9, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၅) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၆- (၁) ဒုတိယအကြိမ် တပ်ရင်းညီလာခံ မာနယ်ပလောကရဲဘော်တွေ စခန်းကို ပြန်ရောက်ပြီးချိန်မှာ ရှေ့တန်းအသီးသီးက တပ်မှူးတွေကို ဆင့်ခေါ်ပြီး ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ စုံညီအစည်းဝေး သို့မဟုတ် တပ်ရင်းညီလာခံကို ထပ်လုပ်ခဲ့ပါတယ်။ စခန်းကော်မတီဝင်တွေ၊ တပ်မှူးတွေ၊ ဆေး၊ ဆက်သွယ်ရေး၊ ထောက်လှမ်းရေးတပ်ဆွယ်က တပ်ဆွယ်မှူးတွေ အပါအဝင် ကိုယ်စားလှယ် ၃၀-ခန့် ညီလာခံကို တက်ရောက်ခဲ့ပြီး ဘက်မလိုက်အဖွဲ့ ရှေ့ရေးကိစ္စတွေကို ၁၀-ရက်ခန့် ဆွေးနွေးခဲ့ပါတယ်။ ကျနော်မှတ်မိသလောက် အဓိကဆွေးနွေးတဲ့ အချက်တွေထဲမှာ ဘက်မလိုက်အဖွဲ့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ နှစ်ဖက်ဗဟို နှစ်ခု ပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ငန်းစဉ်ဆွဲပြီး အတိအကျဆောင်ရွက်ဖို့၊ တခြားတပ်ရင်းတွေထက်သာအောင် အဖက်ဖက်က တိုးတက်အောင်ပြင်ဆင်ဖို့၊ ပင်လယ်ပြင် ရန်ပုံငွေရှာနိုင်ရေးအတွက် သီးခြားတပ်စုတခုဖွဲ့ဖို့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၅)

diz_admin

December 8, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၄) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၅- (၁) ဘက်မလိုက်ကိုကူရင် ဘက်လိုက်တယ် အထင်ခံရမှာစိုး ကျနော်ဟာ မင်းသမီးစခန်းဆီ ပြန်လာပြီး တပ်မဟာ ၄-တပ်မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ခရိုင်ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း (အခု ဗဟို ဒုဥက္ကဌ) တို့နဲ့ အသေအချာဆွေးနွေးပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ကျနော်တို့အဖွဲ့ကိုကူညီရင် ကျန်တဲ့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ဘက်က တပ်တွေပြန်လာရေးကိုလည်း သူတို့ကူညီမှဖြစ်မယ်။ ကျနော်တို့တဖွဲ့တည်းကို ကွက်ပြီးကူညီရင် “ဘက်လိုက်တယ်လို့ စွပ်စွဲခံရမယ်။ အခုတောင် တပ်မဟာ ၄-က ဘက်မလိုက်အဖွဲ့ကို မျက်နှာသာပေးနေတယ်ဆိုပြီး စွပ်စွဲသံတွေကြားနေရတယ်” လို့ တပ်မဟာမှူးက ဗြောင်ပြောပြီး ကျနော်ရဲ့တင်ပြချက်ကို ငြင်းလိုက်ပါတယ်။ ကျနော့်ကို လိုက်ကူညီပေးနေတဲ့ ကျောင်းသားရေးရာတာဝန်ခံ ပဒိုမန်းငြိမ်းမောင်လည်း အတော်စိတ်ပျက်သွားပုံ ရပါတယ်။ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၄)

diz_admin

December 7, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၃) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၄- (၁) ပေးဆပ်သူတို့ရဲ့ ဒဏ်ရာတွေကို ဘယ်လိုကုစားပေးမလဲ ကျနော်တို့ ၂၀၁ တပ်ရင်း တခုတည်းမှာတင် ၁၉၈၈ ကနေ ၁၉၉၇ အထိ ၁၀ နှစ်တာ ကာလအတွင်း တိုက်ပွဲမှာကျဆုံးသူ ၆၀-ကျော်၊ ဖျားနာသေဆုံးသူ ၁၀-ဦးကျော်၊ ပျောက်ဆုံးသူ ၁၀-ဦးနီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀-ဦးခန့်ရှိတာကို တွေ့ရပါတယ်။ ဒဏ်ရာအပြင်းအထန် ရသွားသူတွေထဲမှာ ခြေတောက်တဖက်စီ ဖြတ်လိုက်ရတဲ့ ကိုဘသန်း၊ ကိုမဲဒူး၊ ကိုလှဌေး၊ ကိုကျော်နိုင်နဲ့ ကိုစိုးနိုင်တို့ကို ကျနော် အမှတ်ရနေပါတယ်။ သူတို့ အားလုံး အမေရိကန်မှာ ရောက်နေတယ်လို့ကြားရပေမယ့် သူတို့ရဲ့ဘ၀ အဆင်ပြေမပြေတော့ မသိရသေးပါဘူး။ ABSDF ဗဟို (http://www.absdf.com) က […]