BREAKING
September 20, 2024

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၅)

diz_admin

December 18, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၅- (၁) ပျိုးပန်းဝေ စာသင်ကျောင်းနှင့် တောတွင်းပညာရေး ပညာတပိုင်းတစနဲ့ တော်လှန်ရေးထဲပါလာတဲ့ ကျနော်တို့ အချင်းချင်းကြား နိုင်ငံခြားထွက်ပြီး ပညာဆက်သင်သင့်၊ မသင့် အငြင်းပွားမှု ကြီးကြီးမားမားရှိခဲ့တဲ့အကြောင်း ရှေ့ပိုင်းအခန်းတွေမှာ ကျနော် တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်တို့အကြား အငြင်းမပွားပဲ အားလုံးသဘောတူတဲ့ အချက်ကတော့ တပ်ဖွဲ့ဝင်မိသားစုတွေက မွေးဖွားလာတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ နောက်တခါ ရှေ့တန်းမှာ စစ်ကြောင်းသွားရင်းနဲ့ တွေ့ရတဲ့ မိဘမဲ့ကလေးငယ်တွေ၊ ပြည်တွင်းစစ်ဒဏ်ကြောင့် ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေအတွက် မူလတန်းကျောင်းတခု ဖွင့်ပေးမှဖြစ်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီစဉ်းစားချက်ကို စတင်အဆိုပြုလာသူကတော့ စခန်းကော်မတီ အဆက်ဆက်ရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး အခု ဗလဖ-ခေတ်မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူနေသူ ကျောင်းဆရာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄)

diz_admin

December 17, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၃) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၄ (၁) ရဲဘော်ဝင်းထိန်မှ DVB သတင်းထောက် ထက်အောင်ကျော် ဖြစ်လာခြင်း ကျနော် မှတ်မိသလောက်ဆိုရင် ရဲဘော်ဝင်းထိန်ကနေ DVB သတင်းထောက် ထက်အောင်ကျော်အဖြစ် တရားဝင်သတ်မှတ်တဲ့နေ့ဟာ ၁၉၉၈ နွေရာသီတုန်းက မယ်ဟောင်ဆောင်မှာ ကျင်းပတဲ့ မီဒီယာသင်တန်းမှာလို့ ထင်ပါတယ်။ “ကျန်တဲ့သူတွေက အမည်ရင်းတွေနဲ့ ပြန်လုပ်ကြပေမယ့် ခင်ဗျားကိုတော့ ထက်အောင်ကျော်အဖြစ် ပရိသတ်ကသိပြီးသားဆိုတော့ အဲဒီအမည်ကိုပဲ ဆက်ယူစေချင်ပါတယ်” ဆိုပြီး ABSDF ခေါင်းဆောင်တဦးလည်းဖြစ်၊ သင်တန်း တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ ကိုစိုင်းမြင့်သူက အကြံပြုတဲ့အတွက် ဒီလိုဖြစ်လာတာလို့ ပြောနိုင်ပါတယ်။ မင်းသမီးစခန်း ကျပြီးလို့ ဘန်ကောက်ကို ရောက်ကာစ၊ တနည်းအားဖြင့် တောတွင်းသတင်းထောက်ကနေ မြို့ပေါ်သတင်းထောက်ဖြစ်ကာစမှာ ပထမဆုံးတက်ဖူးတဲ့ သင်တန်းကတော့ IMMF (The […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၃)

diz_admin

December 16, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၂) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း- ၄၃- (၁) တပ်ရင်းများ ပြန်လည်ပေါင်းစည်းခြင်း ထပ်စကဲ၊ ပရာကျွတ်နဲ့ ဟွာဟင်ဖက်မှာ တနှစ်နီးပါးကြာပြီးတဲ့အခါမှာတော့ ပူးတွဲပင်လယ်ပြင် ကိစ္စ တာဝန်ပြီးသွားတဲ့အတွက် မင်းသမီးဒေသဆီ ကျနော်တို့ ပြန်လာခဲ့ပါတယ်။ ကျနော် ပြန်ရောက်တဲ့အချိန်မှာ ဗလဖ-တာဝန်ခံဟာ အကြောင်းအမျိုးမျိုးကြောင့် မင်းသမီးစခန်းမှာ ရုံးမထိုင်ပဲ ကန်ချနပူရီမြို့ပေါ်ရှိ ပဒိုဆန်နီရဲ့အိမ်မှာ အခန်းတခုငှားပြီး ရုံးထိုင်နေတာ တွေ့ရပါတယ်။ ဒီအတွက် ဗလဖ အစည်းဝေး လုပ်တဲ့အခါတိုင်း မင်းသမီးဒေသရှိ ဗလဖ အဖွဲ့ဝင်တွေ၊ တပ်ရင်း ၃-ခုက ကိုယ်စားလှယ်တွေအားလုံး ကန်ချနပူရီမြို့ပေါ် တက်ကြရပါတယ်။ အဲဒီအချိန်မှာ နယ်စပ် ဖုနန်းလွန်ရွာ (အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က နောက်ဆုံးထိုင်းရွာ) ကနေ ကန်ချပူရီအထိ လိုင်းကားပြေးနေပြီ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၂)

diz_admin

December 15, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၁) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၂- (၁) ပစ္စည်းမဲ့တော်လှန်ရေးနဲ့ NGO ယဉ်ကျေးမှု နယ်မြေသစ် ရှာဖို့ထွက်လာတဲ့ ကျနော်တို့ ၄ ဦးဆီမှာ ဓား ၂ လက်၊ ၃ လက်ကလွဲပြီး ဘာလက်နက်မှပါမလာ။ နောက်တခါ ရှေ့တန်း၊ နောက်တန်းနဲ့ ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေးစက်လည်း ပါမလာပါ။ ဒါပေမယ့် ကျနော်တို့အုပ်စု ဒီနေရာသစ်ဆီ ထွက်မလာခင်ကတည်းက ဘယ်နေ့မှာ ဘယ်ကိုရောက်မယ်၊ ဘယ်သူတွေက ဘယ်နေရာမှာ စောင့်ပါလို့ အတိအကျ ချိန်းဆိုထားပြီး ဖြစ်တဲ့အတွက် အဲဒီအချိန်ဇယားအတိုင်း ကွက်တိဝင်အောင် ကျနော်နဲ့ ကိုဖေကြည် ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ နယ်မြေသစ်အနေထား၊ စခန်းချမယ့် မြေအနေထားတွေကို လေ့လာပြီးတဲ့အခါမှာတော့ ကရင်အဖိုးကြီးအိမ်မှာပဲ တည ထပ်အိပ်ရပါတယ်။ နောက်တနေ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၁)

diz_admin

December 14, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၀) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၁- (၁) ဗကပ မြိတ်ခရိုင်စခန်းဆီသို့  ချုံချီစခန်းရှိ ပူးတွဲပင်လယ်ပြင် ရန်ပုံငွေရှာဖွေရေးရုံးခန်းမှာ ၄၊ ၅ လ တာဝန်ထမ်းနေစဉ်အတွင်း ကျနော့်မျက်စိထဲ အခုချိန်အထိ မှတ်မိနေတဲ့ မြင်ကွင်းတခုကတော့ ဒုတိယ-ကမ္ဘာစစ်လက်ကျန် စစ်သုံးဒေါ့ဂျစ်ကားဟောင်းပေါ်မှာ ဆန်အိတ်တွေကိုတင်၊ အဲဒီကားကို ဆင်နဲ့ဆွဲပြီး သယ်နေတဲ့ ဗကပ-မြိတ်ခရိုင် ရဲဘော်တွေပဲ ဖြစ်ပါတယ်။ မိုးတွင်းကာလဆိုရင် မြေနီလမ်းမှာ ရေအိုင်ပြီး ဗွက်ထနေတဲ့အတွက် ရှေ့မှာပြောခဲ့တဲ့ မွန်-စီးပွားရေးဌာနအထိပဲ ထိုင်းဖက်ကကားတွေ လာလို့ရပါတယ်။ အဲဒီနေရာမှာ ဆန်အိတ်တွေကို ထိုင်းကားပေါ်ကနေချ၊ အင်ဂျင်ပျက်နေတဲ့ ဒေါ့ဂျစ်ကားအဟောင်းပေါ်တင်၊ ပြီးမှ သူတို့ တပ်ရင်းပိုင် ဆင်ကြီးတကောင်နဲ့ အဲဒီဒေါ့ဂျစ်ကားပျက်ကို ကြိုးနဲ့ဆွဲ။ ရဲဘော်တချို့က ကားပေါ်ထိုင်ပြီး အော်ဟစ်ဆူညံစွာနဲ့ လိုက်ပါသွားကြပါတယ်။ သူတို့ရဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၀)

diz_admin

December 13, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၉) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၀- (၁) မင်းသမီးစခန်းမှ ထပ်စကဲဒေသသို့ ပူးတွဲပင်လယ်ပြင်အဖွဲ့အတွက် ဗလဖ-ကိုယ်စား တာဝန်ပေးခြင်း ခံရသူတွေကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုကော်မီတီဝင် ကိုဝေလင်းဇင်၊ အဖွဲ့ဝင်တွေအဖြစ် ၂၀၁-က ကျနော်နဲ့ ၁၀၁-က ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။ ကျနော်တို့ ၃-ဦးဟာ မင်းသမီးကနေ ကန်ချနပူရီ၊ ဘန်ကောက်၊ ပရာကျွတ်ကတဆင့် ပင်လယ်ကမ်းခြေမြို့လေးတခုဖြစ်တဲ့ ထပ်စကဲမြို့ဆီ ရောက်လာပါတယ်။ အဲဒီမြို့ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ရုံးမှာ ခေတ္တတည်းပြီး နောက်တရက်မှာတော့ ထပ်စကဲမြို့နဲ့ မြန်မာနိုင်ငံ မြိတ်ခရိုင်နယ်စပ်ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ဌာနချုပ်ရုံးရှိရာ “ဟွေးဖတ်စခန်း” ဆီရောက်လာပါတယ်။ အချိန်ကာလအားဖြင့် ၁၉၉၃ စက်တင်ဘာနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလ အစောပိုင်းလို့ ထင်ပါတယ်။ ထပ်စကဲမြို့အစွန် ထိုင်းရွာတွေကနေ မြေနီလမ်းအတိုင်း […]