BREAKING
January 22, 2025

အခန်းဆက် ဝတ္ထုရှည်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၉)

diz_admin

January 1, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၈) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၉- (၁) စစ်ပြေး ဒုက္ခသည်စခန်းများဆီသို့ မှတ်တမ်းတွေအရ ထီးခီးရုံးဆီ အိမ်ထောင်သည်လိုင်းက မိသားစုတွေ ရောက်လာတဲ့ အချိန်ဟာ ၁၉၉၇ ဖေဖော်ဝါရီလ ၂၂-ရက်နေ့ ဖြစ်ပါတယ်။ ကျနော့်အထင် ထီးခီးမှာ ၃-ရက်လောက် နေပြီးတဲ့နောက် နဝတ-တပ်တွေ ထီးခီးစခန်းအနီးထိ ရောက်လာနေပြီလို့ သိရတဲ့အတွက် မိသားစုတွေကို ထိုင်းနယ်မြေထဲထွက်ခွင့် KNU က ခွင့်ပြုလိုက်ပါတယ်။ အဲဒီ ၃ ရက်တာအတွင်း ကြုံခဲ့ရတဲ့ အဓိက အခက်ခဲကတော့ အိမ်သာမရှိခြင်း၊ သောက်ရေ၊ ချိုးရေ မလုံလောက်ခြင်းနဲ့ ကလေးသူငယ်တွေ ဖျားနာခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ရှေ့လျှောက် ကြုံလာရတော့မယ့် ဒုက္ခသည်စခန်းရဲ့ ရှေ့ပြေးလက္ခဏာတွေလို့ ဆိုနိုင်မယ်ထင်ပါတယ်။ KNU […]

အမှောင်ထဲမှ မင်းသားများ  ၁၉၉၀

diz_admin

December 31, 2022

Princes in The Darkness 1990s အခန်း(၄) “ဟိတ်..ကိုဗျာဟုတ်” အနောက်မှ ကျောကုန်းကို ဖတ်ခနဲ ရိုက်လိုက်သည်ကြောင့် ဗေဒါက ရုတ်တရတ်လက်ကို အသင့်အနေအထား ရွယ်လိုက်သည်။ “အံမယ်လေး.မလုပ်ပါနဲ့ရှင်..တို့..ပါ..ကိုဗေဒါကြီးရဲ့” “သုံးရာသီ”လက်ဖက်ရည်ဆိုင်တွင် ကိုပိုင်သတို့နှင့် ထိုင်နေစဉ် မထင်မှတ်ပဲ ရောက်လာသည့် သိင်္ဂီလင်းကြောင့် ဗေဒါမှ အံဩသွား၏။ အနောက်တွင် ပီတိကပ်ပါလာသော အံဩမှုမျိုး။ “ဟဲ့..သိင်္ဂီ..ညည်းက ဗေဒါနဲ့ သိနေတာလား” ကိုပိုင်သ က မေးလိုက်၏။ “သိပ..မနေ့ညက မဟာဝိုင်းက ပြန်တော့ သူပဲ အိမ်ပြန်လိုက်ပို့တာလေ…အဲ့ဒါကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး” သိင်္ဂီလင်းက ခွေးခြေခုံကို ဆွဲယူကာ ဗေဒါဘေးတွင် ကပ်ထိုင်ရင်း ပြောလိုက်၏။  “အေး..ဒါဆိုအတော်ပဲ..ဒီကောင်ကလည်း ပရိုဂျူဆာရူး ရူးနေတာဆိုတော့…နင့်ကို မင်းသမီးတင်ရိုက်လိုက်…ပြီးပြီ” “အင်း..အဲ့ဒါမေးချင်နေတာ..ဒီလောက်ရှုပ်ယှက်နေတဲ့လောကထဲကို..ယူက ဘာလို့ ဝင်ချင်ရတာလဲဟယ်” “ကျွန်တော်လည်း ဝင်ရှုပ်ချင်လို့ပေါ့ဗျာ” “အယ်လဲလဲ..ယူကလည်း အလာကြီးပါလား” […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၈)

diz_admin

December 31, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၇) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၈ (၁) စစ်ပူချိန်မှာ ကတိတည်ဖို့မလွယ်ပါ ဒီလိုနဲ့ ရင်း-၁၀ ဌာနချုပ်ကနေ အမိုရွာဆီ ကုန်းကြောင်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကားလမ်းကြမ်းအတိုင်း ပြန်လာလို့ လမ်းမှားစရာမရှိဘူးဆိုပေမယ့် အခြေနေက ပုံမှန်မဟုတ်။ ဆင်ဖြူတိုင်ဘက်က နဝတ-တပ်တွေ နယ်ကျွံပြီး ဒီကားလမ်းဝန်းကျင်ဆီ ရောက်လာနိုင်သလို KNU ဖက်က စစ်ကူလိုက်လာတဲ့တပ်တွေနဲ့ လမ်းမှာတိုးပြီး လူမှားပစ်ခံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဘာတပ်နဲ့မှ မတိုးပဲ ည ၆-နာရီခွဲလောက် မှောင်စပြုချိန်မှာ အမိုရွာဆီ ကျနော်တို့ တပ်စိပ် ပြန်ရောက်လာပါတယ်။ အသွားတုန်းက စခန်းချခဲ့တဲ့ ရင်း-၁၀ တပ်ထောက် ဗိုလ်ကြီးအိမ်ဘေးက အိမ်သေးသေးတအိမ်မှာ စခန်းချပြီး တပ်ထောက်ဗိုလ်ကြီးအိမ်မှာပဲ ထမင်းတောင်းစားရပါတယ်။ နေ့ချင်းပြန်ဆိုပြီး ထွက်လာတဲ့အတွက် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၇)

diz_admin

December 30, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၆) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၇ (၁) လမ်း-၃ သွယ် ခွာစစ်စီမံကိန်းနှင့် အရံစခန်းများ နဝတ-ဖက်က ထိုးစစ်ဆင်လာပြီဆိုတာကို သတင်းအစအနရတာနဲ့ ဒီစခန်းကနေ ဘယ်လိုခွာစစ်ဆင်မလဲဆိုတာကို ကျနော်တို့ ABSDF ခေါင်းဆောင်တွေကြား အကြိတ်အနယ် ဆွေးနွေးကြသလို KNU နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီကာလ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဖွဲ့စည်းပုံကတော့ ခရိုင်ဥက္ကဌအဖြစ် ပဒိုကွယ်ထူးဝင်း (အခု ဗဟို ဒုဥက္ကဌ) ၊ ဒုဥက္ကဌအဖြစ် တပ်မဟာ-၄ မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ အတွင်းရေးမှူးက ပဒိုနီးနီ၊ တွဲဖက်အတွင်းရေးမှူးက ပဒိုကော်သောင်းဖြစ်ပါတယ်။ စစ်ဆင်ရေးကိစ္စအတွက် ကျနော်တို့နဲ့ အဓိက ဆွေးနွေးရသူတွေကတော့ တပ်မဟာမှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ဗျုဟာမှူး ဗိုလ်မှူးကြီး ဗယ်လယ်၊ […]

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

diz_admin

December 29, 2022

Princes in The Darkness 1990s အခန်း(၃) “ဒါနဲ့ပဲ အီဆာကြီး ကို မင်းက သတ်ခဲ့တာပေါ့” စိုးမြတ်၏ စကားအဆုံးတွင် ဗေဒါက နောက်ထပ်စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ထို့နောက် လေထုထဲသို့ ဖွာထုတ်လိုက်၏။ “ဟုတ်တယ်…သူ့ကို သတ်ပြီးတာနဲ့ ကျွန်တော် ရပ်ကွက်လူကြီးတွေကိုခေါ်ပြီး ကျောက်တံတားစခန်းမှူး ဉီးစောဟန်နီဆီမှာ သွားအဖမ်းခံခဲ့တယ်” “ရပ်ကွက်ကလည်း မင်းဘက်ရှိနေတာပဲ..ဒီကာလကြီး မင်းပြေးရင်လွတ်ရဲ့သားနဲ့..ဘာလို့မပြေးတာလဲ” “ပြေးတော့ရော..ဘာထူးမှာလဲဗျာ…တသက်လုံး ဝရမ်းပြေးဘဝနဲ့ မလွတ်မလပ်နေနေရမှာ” “မင်း..ကျောင်းရောတက်သေးလား” “ကျွန်တော် ဒုတိယနှစ်တက်မယ့်နှစ်မှာပဲ အရေးအခင်းဖြစ်တာလေဗျာ..ဒါနဲ့ တစ်နှစ်အောက်သွားတဲ့သဘောပဲ” စိုးမြတ်က ခွက်ထဲမှ လက်ဖက်ရည်လက်ကျန်ကို မော့ချလိုက်၏။ “ကိုအီဆာ လိုလူတွေ၊ ငါတို့လိုလူတွေက တနေ့နေ့ တချိန်ချိန် သူများသတ်လို့ပဲ သေကြမယ်ဆိုတာ ငါတွေးထားပြီးသားပါ..ဒါပေမယ့်..ကိုအီဆာကို သတ်တဲ့သူဟာ မင်းလို အရာရှိသားသမီး၊ ပညာတတ်ကလေးလို့တော့ ငါမတွေးထားမိဘူး..အင်း..အီဆာကြီးတန်ပါတယ်..ဟား..ဟား” စိုးမြတ်က […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၆)

diz_admin

December 29, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၆- (၁) မင်းသမီးစခန်း ခွာစစ်အတွက် ပြင်ဆင်ဖို့လိုအပ်လာခြင်း ကျနော့်ဘဝမှာ ခဏတာလို့ထင်ခဲ့ပြီး တသက်စာဖြစ်သွားတဲ့ အဖြစ်ပျက်တွေ သိပ်မနည်းလှတော့ပါဘူး။ အဲဒီထဲမှာ မင်းသမီးစခန်း ခွာစစ်လည်း တခုအပါဝင်ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး အဲဒီ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တောခိုလာတဲ့ ကျနော်တို့ဟာ တနင်္သာရီမြစ်ဘေး၊ တောကြီးမျက်မည်းထဲက ဒီစခန်းမှာ ဆယ်နှစ်-ဆယ်မိုးနေထိုင်ခဲ့ပါတယ်။ ကျောင်းသားဘဝက ၄-နှစ်လောက် တက်ခဲ့ဖူးတဲ့ တက္ကသိုလ်တွေကိုတောင် ဘဝတလျှောက်လုံး တမ်းတမ်းတတ ဖြစ်နေသူတွေရှိတယ်ဆိုရင် ဆယ်နှစ်-ဆယ်မိုး ကျဉ်းထဲကျပ်ထဲ၊ မိုးထဲ ရေထဲ၊ တိုက်ပွဲတွေကြားထဲ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့ နေခဲ့ဖူးတဲ့ တောတွင်းက ဘဝတက္ကသိုလ်ကို ကျနော်တို့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅)

diz_admin

December 28, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၅- (၁) ပေါင်းစည်းရေးညီလာခံမှ ရွေးချယ်လိုက်သော ဗဟိုကော်မီတီအသစ် ညီလာခံ နောက်ဆုံးနေ့ ရွေးချယ်တင်မြှောက်ပွဲကနေ တက်လာတဲ့ ဗဟိုကော်မတီ အသစ်ထဲမှာ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု-ဥက္ကဋ္ဌ၊ ကိုအောင်သူငြိမ်းက အထွေထွေအတွင်းရေးမှူး၊ ကိုစိုင်းမြင့်သူက အတွင်းရေးမှူး-၁၊ ကိုမျိုးဝင်းက အတွင်းရေးမှူး-၂ ဖြစ်လာပါတယ်။ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ၈-ဦးကတော့ ကိုဌေးအောင်။ ကိုကျော်ကျော်၊ ကိုဝင်းမင်း၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင်ဦး၊ ကိုဝင်းနိုင်ဦး၊ ကိုအောင်နိုင်နဲ့ ကိုအောင်ခိုင်တို့ ဖြစ်ပါတယ်။ ဗဟိုကော်မတီဝင် ၁၇-ဦးကတော့ ကိုကျော်ကိုကိုဝင်း၊ ကိုလွမ်းဏီ၊ ကိုဇော်မင်း၊ ကိုမောင်မောင်တိတ်၊ ကိုကျော်မိုး၊ ကိုဇော်ဝင်းလွင်၊ ကိုဝင်းချို၊ ကိုကျော်ထင်၊ ကိုဆလိုင်းယောအောင်၊ ကိုမောင်ဒီ၊ ကိုရဲလင်းထွန်း၊ […]

အမှောင်ထဲမှ မင်းသားများ  ၁၉၉၀

diz_admin

December 27, 2022

Princes in The Darkness 1990s အခန်း(၂) ဗေဒါ က ခေါင်းကို လက်ဖြင့် အုပ်ပြီး ဝိုင်းရိုက်နေသည့်ကြားမှ တိုးထွက်ရန်ပြင်သည်။ ချွဲပြစ်ပြစ်သွေးများ၏ ပူနွေးမှုကို သူ့ခေါင်းနှင့် လက်တွင် ထိတွေ့ခံစားနေရ၏။ ဗေဒါ မျက်လုံးတို့ကို အားယူဖွင့်ကြည့်လိုက်သောအခါ မျက်နှာတစ်ခု။ နဖူးပြောင်ပြောင်၊ မျက်တွင်းမှောင်မှောင်နှင့် သွားများက နီရဲနေသည်။ “ကိုအီဆာကြီးကို ရိုက်ခဲ့တာ..မှတ်မိလား..ဟေ့ကောင်..မင်းတသက်လုံးမှတ်မိနေအောင် အခုလို လာလုပ်ပေးတာ…မင်း လို ခွေးသားပေါက်အဆင့်နဲ့ အီဆာကြီးကို မထိနဲ့” ထို့နောက်…တုတ်ကိုယ်စီ ကိုင်ထားသော သူများက ဗေဒါ့ရှေ့မှ အလျှိုလျှိုပျောက်ကွယ်သွားသည်။ “ဗေဒါ ရရဲ့လား” လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေသော သူများက ပြေးထွက်လာပြီး ဆွဲထူကြ၏။ သူတို့က ဗေဒါကို ဝင်ကူချင်ကြသော်လည်း တဖက်က လူအုပ်တောင့်နေသည့်အပြင် နာမည်ကြီးလူမိုက် အီဆာ၏တပည့်များမှန်းသိနေကြသည့်အတွက် ချက်ချင်းဝင်မပါကြခြင်းပင်။ ဗေဒါ […]