BREAKING
January 22, 2025

အခန်းဆက် ဝတ္ထုရှည်

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 10, 2024

[အခန်း ၁၉] ဇာတ်သိမ်း ၁၉၇၅ ခုနှစ်တွင် စစ်တပ်မှ ထားဝယ်ဒေသကို နောက်ထပ်တစ်ကြိမ် ရေပက်စစ်ဆင်ရေးအမည်ဖြင့် စစ်ဆင်ရေးကြီးဆင်နွှဲခဲ့သည်။ ထိုစစ်ဆင်ရေးတွင် တနင်္သာရီတိုင်း ကွန်မြူနစ်ပါတီ၏ တိုင်းအတွင်းရေးမှူး သခင်ဗစီ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ ထားဝယ်အမျိုးသမီးသမဂ္ဂအလုပ်အမှုဆောင် ဒေါ်ကျင်မယ်နှင့် ၇ နှစ်အရွယ်သမီး နီလာစိုးတို့ စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်သွန်းစိန်၊ ဒေါ်မြတ်သီအပါအဝင်အမျိုးသမီး ၄ ဦးကို စစ်တပ်မှ ဖမ်းဆီးမိကာ အဓမ္မပြုကျင့်ပြီး လှံစွပ်ဖြင့် ထိုးသတ်လိုက်ကြသည်။ ၁၉၈၁ ခုနှစ်တွင် ခလရ ၂၅ မှ ဗိုလ်ကြီးဝင်းနိုင်နှင့်အဖွဲ့သည် လောင်းလုံးမြို့နယ်၊ အနောက်ဘက်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်ယူစိန်၏ ဒုတိယဇနီး ဒေါ်မြတင်နှင့် တစ်နှစ်အရွယ်သားငယ်သေဆုံးခဲ့သည်။ ဗိုလ်ယူစိန်သည် ဒဏ်ရာဖြင့် လွတ်မြောက်သွားသဖြင့် ကျန်ရစ်ခဲ့သည့် သားဖြစ်သူ အသက် ၇ နှစ်အရွယ် […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၉) ဇာတ်သိမ်း]

Dawei Watch

August 10, 2024

ထားဝယ်ဒေသမှ လွတ်မြောက်ရေး ခရီးရှည်တက်ပွဲ။ အင်အား ၇၀၀ ကျော်ပါ လူတန်းရှည်ကြီး။ စစ်တပ်က တောက်လျှောက် လိုက်လံပိတ်ဆို့သည်။ နီနီရိန်က ဘာဘိုင်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း သူ့နောက်မှ လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်သည်။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 9, 2024

[အခန်း ၁၈] စစ်ဖိနပ်သံ ကြမ်းကြမ်းများ။ “ဪ . . . တပ်မတော်ကို ရဲရဲတောက်ခုခံတိုက်ခိုက်နေတာ . . . ဘယ်သူများလဲလို့ . . . တစ်ချိန်က နာမည်ကြီးခဲ့တဲ့ . . . အမေရိကန်ပြန် ဗိုလ်ကြီးကြည်ကြည်ဆွေ ပါလားဗျ” စစ်ကြောင်းမှူး ဗိုလ်မှူးဘစိန် က လဲကျနေသော ကြည်ကြည်၏ ခြေသလုံးမှ ဒဏ်ရာကို စစ်ဖိနပ်ဖြင့် ဖိနင်းပြီး ပြောလိုက်သည်။ “ဘယ်လိုလဲ . . . သစ္စာဖောက်မ . . . ကွန်မြူနစ်လုပ်ရတာ . . . တော်တော်မှ စိမ့်ရဲ့လား . .. ဟားဟား” ကြည်ကြည်က ဘာတစ်ခွန်းမှ မပြော။ […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၈)]

Dawei Watch

August 8, 2024

“ဪ . . . တပ်မတော်ကို ရဲရဲတောက်ခံပစ်နေတာ . . . အမေရိကန်ပြန် ဗိုလ်ကြီးပဲ” ဗိုလ်မှူးဘစိန်က မသတ်ဘဲ အခွင့်အရေး တစ်ခုပေးသည်။ ဗိုလ်ယူစိန် ဘယ်ရောက်သွားလဲ။ ကြည်ကြည်ဆွေ တစ်ခုခုပြောမည်ဆိုသဖြင့် ဗိုလ်မှူးဘစိန် ဒူးထောက်ရင်း အနားကပ်သွားလိုက်သည်။ ထိုမှသည် မထင်မှတ်သည့် အဖြစ်အပျက်များ။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 7, 2024

[အခန်း ၁၇] ယခင်က နီနီရိန်နှင့် စခန်းမှကလေးများ ဆင်းဆော့နေကျ စခန်းအနောက်မှ လျှိုမြောင်ကြီး။ အပေါ်စီးမှ ကြည့်လျှင် မတ်စောက်သော ကျောက်ဆောင်များ၊ သစ်ပင်အုပ်အုပ်များသာမြင်နေရသည်။ သစ်ပင်အုပ်များကြား လူတစ်ယောက်စာ ခက်ခက်ခဲခဲဆင်းရသော လမ်းကလေးလည်းရှိ၏။ ယခုတော့ သူတို့အတွက် ထိုနေရာသည် သေနတ်ကျည်ဆန်များကြားမှ ပုန်းခိုပြေးလွှားရာ။ အပေါ်ဘက်စခန်းဆီမှ ပစ်ခတ်သံများ၊ အော်ဟစ်ဆဲဆိုသံများ ကြားနေရ၏။ “ဒေါ်လေးဟို . . . အနောက်ဘက်မှာ လဲကျန်ခဲ့တာ . . . နီနီတွေ့လိုက်တယ် . . . မမမိုးကြည်” စခန်းအောက်ဘက် ချောင်းရိုးလေးရှိရာသို့ ပြေးနေသော မိုးကြည်မှာ နီနီရိန်စကားကြောင့် အနောက်သို့ လှည့်ကြည့်လိုက်၏။ လျှိုအဆင်းလမ်းတစ်နေရာတွင် လဲကျကျန်ရစ်‌သော ကိုယ်ဝန်ဆောင် မဟို။ “နီနီ . . . […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 4, 2024

[အခန်း ၁၆] “ရဲဘော်မောင်ရိန် ခေါ် သူရိန် မြေအောက်ထောက်လှမ်းရေးတာဝန်ခံ၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ထားဝယ်ခရိုင်) ဖက်ဆစ်အရင်းရှင်စနစ်ဆိုးကို ခုခံတွန်းလှန်ဖြိုဖျက်နေသည့် ငါတို့၏ တော်လှန်ရေးကြီးအတွက် သင့်အသက်နှင့် ခန္ဓာကို.ပေးဆပ်ခဲ့မှုအား၊ တော်လှန်သော ပါတီ၊ တော်လှန်သော ပြည်သူ့တပ်မတော်သားများနှင့် တော်လှန်သော ပြည်သူအပေါင်းက မမေ့မလျော့ ဂုဏ်ပြုအပ်ပါသည်။ သင့်အား ငါတို့ အလေးနီပြုပါ၏ ။ ပုံ ဗမာပြည်ကွန်မြူနစ်ပါတီ(တနင်္သာရီတိုင်း)” ဗိုလ်ယူစိန် ၏ စာဖတ်ပြသံ အဆုံး အားလုံး တိတ်ဆိတ်နေကြ၏။ “မကြည်ကြည်ဆွေရော” မဟို၏ အသံကခပ်တိုးတိုး။ “သူ ဒီအခမ်းအနားကို မတက်ဘူးလို့..သခင်ဗစီကို သတင်းပို့ထားပြီးသားတဲ့…မနက်အစောကြီးကတည်းက အာဏာနီ အမျိုးသမီးစခန်းကို သွားတဲ့ အဖွဲ့နဲ့ ပါသွားတယ်” နီနီရိန်ကို ပုဆိုးတစ်ထည်ဖြင့် စလွယ်သိုင်းချီပိုးထားသော မိုးကြည်က ခပ်တိုးတိုးပင် ပြန်ဖြေသည်။ …………………………………………….. ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ။ […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 3, 2024

[အခန်း ၁၅] “ခင်ဗျားတို့ကို.အခုလို မသေမပျောက်ဘဲ ပြန်တွေ့ရတာ ဝမ်းသာတယ်ဗျာ . . စခန်းထဲမှာ.ဗိုလ်ယူစိန်တို့.သခင်ဗစီတို့လည်း ခင်ဗျားကို စောင့်နေကြတယ်” ရိုင်ဖယ်သေနတ်ကိုင်ထားသော ရဲဘော်ကျော်သောင်းက ပြုံးပြုံးရွှင်ရွှင်။ နီနီရိန်ကို ထွေးပွေ့ထားသော ကြည်ကြည်၏ ပုခုံးကို မောင်ရိန်က ဖက်ထားလိုက်သည်။ ကျောက်နီမော်ရှိ သားဖွားဆရာမ မသန်းသန်းဆွေ၏ အိမ်တွင် မထင်မှတ်ဘဲ ခြောက်လခန့်သောင်တင်ပြီးသည့်နောက် မော် ၃ စခန်းသို့ သူတို့ရောက်လာကြပေပြီ။ စခန်းအဝင်အဝတွင်ပင် အမျိုးသမီးအဖွဲ့များက သူတို့ကို ထွက်ကြိုကြ၏။ ချိုင်းထောက်ဖြင့် ကျွမ်းကျင်စွာလမ်းလျှောက်လာသော မိုးကြည်က ရှေ့ဆုံးက။ “ဒေါ်လေးကြည်ရယ် . . . အော့က္လော့ဝပ်ကို ဝင်စီးပြီဆိုကတည်းက သမီး တစ်ညမှ အိပ်လို့မပျော်ဘူး . . . တော်ပါသေးရဲ့ . . . ဒါ […]

The Sheronies of Tavoy – ထားဝယ်နှင်းဆီ

Dawei Watch

August 1, 2024

[အခန်း ၁၄] လှိုင်းတို့သည် ကြမ်းတစ်ချည်၊ ငြိမ့်တစ်လှည့်။ အော့က္လော့ဝပ်မှ အထက်ဘက် ကျောက်နီမော်ရွာဆီသို့ မျဉ်းဖြောင့်အတိုင်း ဆန်တက်လာသော စက်လှေတစ်စီး။ အော့က္လော့ဝပ်ရွာအောက်ပိုင်းတောတန်းကြီးထဲတွင် တိုက်ပွဲများဖြစ်ပွားနေကြစဉ် အော့က္လော့ဝပ်ရွာ ဘုန်းတော်ကြီးမှ မောင်ရိန်နှင့် ကြည်ကြည်တို့ကို စက်လှေတစ်စီးဖြင့် ဘေးကင်းလုံခြုံသည့် ကျောက်နီမော်ရွာဆီသို့ ပို့ခိုင်းလိုက်ခြင်းဖြစ်သည်။ ကျောက်နီမော်သည် စက်လှေဆိပ်ရှိသည့် တံငါရွာကြီးဖြစ်ပြီး ထားဝယ်မြို့မှ ၃၉ မိုင်အကွာတွင် တည်ရှိသည်။ ထားဝယ်ဒေသ မည်သည့်နေရာသို့မဆို ရေကြောင်းဖြင့် ကူးသန်းသွားနိုင်သည့်အနေအထားရှိ၏။ အော့က္လော့ဝပ်ရွာမှ ရေလမ်းအတိုင်း မြောက်ဘက်သို့ ကျောက်ဝပ်ပြင်တစ်ရွာကျော် ခရီးသာခြားသည်။ တံငါရွာဖြစ်သဖြင့် ကုန်သည်များအဝင်အထွက်များပြီး စက်လှေအဝင်အထွက်များသဖြင့် မျက်နှာစိမ်းများ ရောက်ရှိလည်း အထူးအဆန်းဖြစ်မနေ။ ထိုအားသာချက်များကြောင့် အော့က္လော့ဝပ်ဘုန်းတော်ကြီးက ကျောက်နီမော်သို့ ပို့ခိုင်းလိုက်ခြင်းပင်။ “ခဏလေးပါ . . . ကြည် . . . […]