BREAKING
September 19, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၄)

diz_admin

November 27, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃) အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်က စစ်သည်တော်များ) အခန်း-၂၄- (၁) တပ်ရင်းညီလာခံနဲ့ ကော်မီတီသစ်၊ တပ်မှူးသစ်များ ရွေးချယ်ခြင်း တပတ်၊ ၇ ရက်သာကြာမယ်ထင်ပြီး ခေါ်လိုက်တဲ့ တပ်ရင်းညီလာခံဟာ ၁၀ ရက်ကျော်တဲ့အထိ ဆွေးနွေးစရာ မကုန်သေးဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာလည်း ကျောင်းသားတွေနဲ့ တခြားအဖွဲ့စည်းတွေ မတူတဲ့အချက်ကို တင်ပြလိုပါတယ်။ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ နယ်စပ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့စည်းတွေ အစည်းဝေးလုပ်တဲ့အခါ ဘယ်နှစ်ရက်လုပ်မယ်၊ ဆွေးနွေးမယ့်အကြောင်းအရာက ဘာတွေဖြစ်တယ် စသဖြင့် အတိအကျသတ်မှတ်ပြီး ၂ ရက်၊ ၃ ရက်နဲ့ ပြတ်အောင်လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျိုးဖိုးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီလို ကြိုတင်ကန့်သတ်ထားတာကို မကြိုက်ဘူး။ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးရမယ်ဆိုပြီး ငြင်းလိုက်ခုန်လိုက်နဲ့ ၁၅ ရက်တိတိ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃)

diz_admin

November 26, 2022

<<<<<သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၂၃- (၁) တပ်ရင်းညီလာခံ ခေါ်ယူခြင်းနဲ့ ရှေ့တန်းခရီးစဉ် ဒီလိုမလွယ်တာတွေ အတော်များများကို ကြုံရပြီးတဲ့အခါမှာတော့ ရှေ့တန်း၊ နောက်တန်းက တပ်မှူးအားလုံးနဲ့ စခန်းကော်မတီဝင်တွေ တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ် ဆွေးနွေးမှဖြစ်မယ်လို့ စခန်းကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတွက် တပ်မှူးတွေအားလုံး အစုံအညီတက်နိုင်မဲ့ တပ်ရင်းညီလာခံ ခေါ်လိုက်ပါတယ်။ အဲဒီညီလာခံ မတိုင်မီလေးမှာ ရှေ့တန်းတခါမှ မရောက်ဖူးပဲ (ဝမ်တိုက်ပွဲမှာ ကတုတ်ကျင်းထဲကနေ သေနတ်ပစ်ဖူးတာကလွဲရင်) ဗိုလ်ဖြစ်နေတဲ့ ကျနော့်အတွက် ရှေ့တန်းသွားရေး ရှားရှားပါးပါး အခွင့်ရေးတခု ပေါ်လာပါတယ်။ ညီလာခံခေါ်ရခြင်းကိစ္စ ရှင်းပြဖို့၊ ကျည်ဆံပို့ရေး၊ မိုးကာပို့ရေး စသည်ဖြင့် အကြောင်းပြပေမယ့် တကယ်ကတော့ အထူးစစ်ကြောင်းကနေ နောက်တန်း ခဏပြန်လာပြီး ရှေ့တန်းပြန်သွားဖို့ပြင်နေတဲ့ တပ်ရေးဗိုလ်ကြီး ကိုအေးသော်နဲ့အတူ လူကြုံ၊ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)

diz_admin

November 25, 2022

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၁)>>>>> အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၂၂- (၁) နယ်မြေစိုးမိုးရေးနှင့် တောတွင်းအုပ်ချုပ်ရေး အဲဒီကာလ ကျနော်တို့တပ်တွေ လှုပ်ရှားတဲ့နေရာတွေကတော့ မြောက်ပိုင်းမှာဆိုရင် နတ်အိမ်တောင်စခန်းမှာ အခြေစိုက်ပြီး NMSP မွန်ပြည်သစ်ပါတီနဲ့ KNU နယ်စပ် နတ်ကြီးစင်၊ ရာဖူး၊ ကံပေါက်၊ ကလိန်အောင်ကနေ ထားဝယ်မြို့ အရှေ့ဘက်ရှိ မေတ္တာကျေးရွာနားအထိကို ဘိုင်သိန်းမြင့် ဦးဆောင်တဲ့ တပ်ခွဲ (၂) က တာဝန်ယူထားပါတယ်။ မေတ္တာ၊ ဖေါင်းတောဒေသကနေ ဘန်းချောင်းဒေသ၊ သရက်ချောင်းဒေသ၊ ပလောက်၊ ပြည်ခြားအထိကို ကိုဘုန်းကျော် ဦးဆောင်တဲ့ တပ်ခွဲ (၃) က တာဝန်ယူထားပါတယ်။ ပြည်ခြား၊ ထမင်းမစားကနေ မြိတ်မြို့အနီးက ပပြင်၊ ကျွဲကူးဒေသတွေအထိကို ကိုဖေသင် ဦးဆောင်တဲ့ တပ်ခွဲ (၁) က […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၁)

diz_admin

November 24, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၀) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၂၁- (၁) စခန်းကော်မတီသစ်နဲ့ မင်းသမီး-အမာရာ ကန်ချနပူရီကနေ မင်းသမီးစခန်းဆီ ကျနော်ပြန်ရောက်လာတဲ့အချိန်မှာ စခန်းကော်မတီက အသစ် ဖြစ်နေပါပြီ။ ရှေ့ပိုင်းမှာပြောခဲတဲ့ ကိုမင်းအောင်၊ ကိုဌေးအောင်တို့ခေတ် မဟုတ်တော့။ မော်လမြိုင်တက္ကသိုလ် နောက်ဆုံးနှစ် သမိုင်းကျောင်းသားတဦးဖြစ်သူ ကံပေါက်ဒေသမှ ကိုအောင်သန်းဝင်းက ဥက္ကဋ္ဌ (နောက်ပိုင်း ဗဟိုတွဲဖက် အတွင်းရေးမှူး၊ အခု အမေရိကန်)၊ ဒု ဥက္ကဋ္ဌကတော့ ဖွဲ့စည်းပုံအရ တပ်ရင်းမှူး ဖြစ်လာမယ့်သူကို ပေးမှာဖြစ်တဲ့အတွက် တပ်ရင်းမှူးရွေးပွဲကို စောင့်နေဆဲကာလ ဖြစ်ပါတယ်။ (စခန်းကော်မတီဝင် ၈ ဦးကို ရဲဘော်ထုရဲ့ဆန္ဒမဲနဲ့ တိုက်ရိုက်ရွေးချယ်ပြီး တပ်ရင်းမှူးနဲ့ ဒုရင်းမှူးကိုတော့ ကော်မတီရဲ့တင်ပြချက်အပေါ် အခြေခံကာ ဗဟိုစစ်ကော်မရှင်က အတည်ပြုခန့်အပ်ပါတယ်)။ အတွင်းရေးမှူးအဖြစ် စက်မှုတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၀)

diz_admin

November 23, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၉) အပိုင်း-၃- (အများသွားတောင်ကြားလမ်းက စစ်သည်တော်များ) အခန်း-၂၀- (၁) ကန်ချနဘူရီ (သို့) မြန်မာ့တော်လှန်ရေးသမိုင်းထဲက မြို့ ကန်ချနဘူရီမှာ ကျနော်တို့ တည်းခိုလေ့ရှိတဲ့နေရာက River Kwai ဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ V-Guest House ဖြစ်ပါတယ်။ ဘုရားသုံးဆူဘက်ကလာတဲ့ ကျောင်းသားတွေလည်း ဒီမှာတည်း လေ့ရှိတယ်လို့ ကြားရပေမယ့် ကျနော်နဲ့တော့ တခါမှမဆုံဖြစ်ပါဘူး။ ကန်ချနဘူရီမြို့ဟာ ကျနော်တို့ မင်းသမီးခစန်းရှိတဲ့ ထိုင်းနယ်စပ်က ဖုနန်းလွန် သို့မဟုတ် ရေပူရွာ (အခု ကန်ချနပူရီ-ထားဝယ် အဝေးပြေးကားလမ်းပေါ်က ထိုင်းနယ်စပ်ဂိတ်ရှိတဲ့ရွာ) နဲ့ တနာရီခွဲ ခရီးလောက်သာရှိပေမယ့် အဲဒီခေတ်က လမ်းသိပ်မကောင်းသေးပဲ မြေနီလမ်းအဆင့်ပဲ ရှိပါသေးတယ်။ နောက်တခါ ဖုနန်းလွန် နယ်စပ်ကနေ ထီးခီးကိုဝင်တဲ့လမ်း၊ အထူးသဖြင့် ထီးခီးကနေ ထီးထာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၉)

diz_admin

November 22, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၈) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၁၉ – (၁) ဒုတိယ အကြိမ်ညီလာခံနဲ့ နယ်မြေကော်မီတီကို ဖျက်သိမ်းခြင်း ၁၉၈၉ နှောင်းပိုင်း နိုဝင်ဘာလမှာတော့ ကျနော်တို့ KNU နယ်မြေကော်မတီကို ဆက်ထားဖို့ မလိုတော့ဘူး၊ စခန်းတွေအားလုံးကို ဗဟိုကော်မီတီကနေ တိုက်ရိုက်အုပ်ချုပ်တော့မယ်လို့ ဒုတိယအကြိမ် ဗဟိုညီလာခံနေက ဆုံးဖြတ်ချက် ထွက်လာပါတယ်။ နိုဝင်ဘာလ အစောပိုင်းက မင်းသမီးစခန်းမှာ ကျင်းပတဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကနေ အဲဒီလို ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် မဲဆောက်မြို့ပြင်က ကျနော်တို့ရဲ့ ရုံးခန်းကို ဗဟိုကော်မတီဆီ ထိုးအပ်၊ နယ်မြေ ကော်မတီဝင်တွေအားလုံး ကိုယ့်မိခင်စခန်း ကိုယ်ပြန်ဖို့ပြင်ရပါတယ်။ ကျနော်လည်း တနှစ်ကျော် ပိုင်ပိုင်-မာမာ (သွားလိုက်လာလိုက်) နေထိုင်ခဲ့ဖူးတဲ့ မဲဆောက် ရွှေမြို့တော်ကို နှုတ်ဆက်ပြီး […]