သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၈)
diz_admin
November 11, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့…) အခန်း (၈) (၁) ဆီးပင်တန်းညီလာခံနှင့် နယ်မြေကော်မီတီပေါ်လာခြင်း နှစ် ၂ဝ ကျော်ကြာပြီးတဲ့နောက် အချက်အလက် အတော်များများကို ပြန်မှတ်မိဖို့ ကျနော်မနည်းကြိုးစားနေရပေမယ့် KNU နယ်မြေကော်မတီဖွဲ့တဲ့နေ့ကို စဉ်းစားရင်း အလိုလို သတိရနေတာကတော့ “ကျောက်စရစ် မာခေါင်ခေါင်မှာ အတောင်ကျွတ်တဲ့ ကြိုးကြာ ရေရှာမရသကဲ့သို့” ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ အဲဒီ စကားလုံးရဲ့ ပိုင်ရှင်ကတော့ သံလွင်စခန်းက ကိုယ်စားလှယ် (နောက်ပိုင်း ၂၀၉ တပ်ရင်းမှူးနဲ့ ဗဟိုကော်မတီဝင် ဖြစ်လာသူ) ကိုသိန်းဆန်းဖြစ်ပြီး လက်ရှိဗဟိုကော်မတီ အောက်ခြေ လွတ်နေပုံကို ဝေဖန်ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဝေဖန်ပြောဆိုချက်တွေဟာ ထိရောက်ပေမယ့် သူများကို ပြောခွင့်မပေးပဲ သူချည်း နင်းကန်ပြောနေလို့ […]