BREAKING
September 19, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၀)

diz_admin

December 3, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၉) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၀- (၁) ပူးတွဲ ညီညွတ်ရေးကော်မီတီ ပေါ်လာခြင်း ၂၀၁ တပ်ရင်း၊ ဘက်မလိုက်အဖွဲ့ဥက္ကဋ္ဌအဖြစ် ကျနော်တာဝန်ယူနေစဉ် နောက်ထပ်ယူရတဲ့ ထပ်ဆောင်းတာဝန်တခုကတော့ ကွဲပြဲသွားတဲ့ စခန်း ၅-ခု စုပေါင်းဖွဲ့စည်းလိုက်တဲ့ “ပူးတွဲညီညွတ်ရေးကော်မတီ” အတွင်းရေးမှူး တာဝန်ပါ။ ဒီကော်မီတီဟာ တပ်ရင်း ၅-ခုအပေါ် အခြေခံထားတဲ့အတွက် အဲဒီကာလ တပ်ရင်း ၅-ခုရဲ့ ဖွဲ့စည်းပုံနဲ့ ဦးဆောင်သူတွေစာရင်းကို အရင်တင်ပြချင်ပါတယ်။ ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ မူလပုံစံအတိုင်း ဥက္ကဋ္ဌ၊ တပ်ရင်းမှူး ၂-မျိုးတွဲ ဖွဲ့စည်းပုံနဲ့ ဆက်သွားနေပေမယ့် ကျန်တပ်ရင်း ၄-ခုကတော့ ကော်မီတီစနစ်ကို ဖျက်သိမ်းပြီး တပ်ရင်းမှူးစနစ်၊ ပုံစံသစ်နဲ့ သွားနေကြပြီဖြစ်ပါတယ်။ ၂၀၁ ကိုနိုင်အောင်ဖက်မှာ ကိုဇော်သန်း (၁၉၉၇ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၉)

diz_admin

December 2, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၈) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၂၉- (၁) နတ်အိမ်တောင်တိုက်ပွဲနှင့် အိမ်နီးချင်းတပ်ရင်းများ ဒီလို အကွဲအပြဲကိစ္စ၊ နယ်မြေခွဲဝေရေးကိစ္စ၊ လက်နက်ခွဲဝေးရေးကိစ္စတွေနဲ့ ကျနော်တို့ အကြီးအကျယ် ငြင်းခုန်လို့ကောင်းတုန်း ၁၉၉၁ ဒီဇင်ဘာ ဒုတိယ သတင်းပတ်ထဲမှာ အရေးပေါ်သတင်းတခု ဝင်လာပါတယ်။ အဲဒါကတော့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ နယ်မြေထဲမှာပါတဲ့ တပ်ခွဲ ၂ အခြေစိုက်ရာ နတ်အိမ်တောင်စခန်းကို နဝတ တပ်တွေက ထိုးစစ်ဆင်ဖို့ စစ်ကြောင်းတွေ တက်လာနေပြီဆိုတဲ့သတင်းပါ။ ဒါကြောင့် ငြင်းခုန်မှုတွေကို ခေတ္တဆိုင်းငံ့ပြီး စစ်ပွဲကိစ္စအတွက် အရေးပေါ်ပြင်ဆင်ရပါတယ်။ နတ်အိမ်တောင်စခန်းကနေ အကွဲအပြဲ အစည်းဝေးအတွက် တပ်ရင်းဆီရောက်နေတဲ့ (ဒုရင်းမှူးဖြစ်သွားသူ) တပ်ခွဲမှူး ကိုတင်ထွန်း၊ နောက် ကော်မတီဝင် ဦးဟန်လင်းနဲ့ ရဲဘော်တချို့ကို နတ်အိမ်တောင်ဒေသဆီ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၈)

diz_admin

December 1, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၇) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၂၈- (၁) ဘက်မလိုက် ညီညွတ်ရေးအဖွဲ့ ပေါ်လာခြင်း ညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်ကို တွေ့ကတည်းက မညီမညွတ်ဖြစ်နေကြပြီဆိုတာကို မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးကို လေ့လာဖူးသူတိုင်း သိပြီးဖြစ်မှာပါ။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း “ငြိမ်းချမ်းစွာ ကွဲပြဲရေးမူ” အရ ၂၀၁ တပ်ရင်း ၃ ခြမ်းကွဲပြီးတဲ့နောက် မူလနေရာမှာ ဆက်နေတဲ့ ကျနော်တို့အုပ်စုဟာ “ဘက်မလိုက် ညီညွတ်ရေးအဖွဲ့” ဆိုတဲ့ခေါင်းစဉ်နဲ့ စခန်းကော်မတီအသစ်ကို ဖွဲ့လိုက်ပါတယ်။ အရင်ကရှိခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စခန်းမှာ ရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့၊ ရှေ့တန်းမှာလည်း ကော်မရှင်တွေဖွဲ့ပြီး ရဲဘော်တွေရဲ့ မဲဆန္ဒတွေကို ခံယူရပါတယ်။ အဲဒီရွေးချယ်မှုအရ ပေါ်လာတဲ့ စခန်းကော်မတီသစ်မှာ ကျနော် (ဝင်းထိန်)က ဥက္ကဋ္ဌ၊ ကိုမျိုးသိန်း (ရှေ့ပိုင်းမှာဖော်ပြခဲ့တဲ့ တပ်ထောက်အရာရှိ၊ အခုကနေဒါ) […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၇)

diz_admin

November 30, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၆) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်အဖွဲ့) အခန်း-၂၇- (၁) တတိယအကြိမ် ညီလာခံနဲ့ ABSDF အကွဲအပြဲစတင်ခြင်း ၂-နှစ်တခါ ညီလာခံလုပ်ရမယ်ဆိုတဲ့ ABSDF ဖွဲစည်းပုံ အခြေခံဥပဒေပါ စည်းကမ်းတွေအရ ၁၉၉၁ သြဂုတ်လအစောပိုင်းမှာ တတိယအကြိမ်ညီလာခံ ခေါ်မယ်လို့ ဗဟိုက ဖိတ်စာ ကျနော်တို့ မင်းသမီးစခန်းဆီ ရောက်လာပါတယ်။ မင်းသမီးစခန်းဟာ လူဦးရေ ၃၀၀-ကျော်ရှိတဲ့အတွက် ညီလာခံကိုယ်စားလှယ်ခွဲတန်း ၁၀-ဦးရပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံပါ ရွေးကောက်ပွဲကော်မရှင် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုယ်စားလှယ် ရွေးချယ်ရေးကော်မရှင်ကို ဖွဲ့ပါတယ်။ တပ်ရင်းဌာနချုပ်ကော်မရှင်၊ ရှေ့တန်း တပ်ခွဲအသီးသီးက ကော်မရှင်ခွဲတွေကနေ လျို့ဝှက်မဲစနစ်နဲ့ ရွေးချယ်မှုအရ ၁၀- ဦးစာရင်းထဲ ပါသွားသူတွေကတော့ ဗဟိုမှာရောက်နေတဲ့ ကိုကျော်ကျော်၊ ကိုခင်မောင်ဝင်းနဲ့ ကိုဌေးအောင်၊ နောက်တခါ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၆)

diz_admin

November 29, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၅) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၂၆ (၁) စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် မင်းသမီးခစန်းသို့ ရောက်လာခြင်း ကျနော်မှတ်မိသလောက်ဆိုရင် တပ်ရင်းညီလာခံအပြီး ၁၉၉၀ ဇူလိုင်လကနေ ၁၉၉၁ နှစ်ကုန်ပိုင်း၊ ABSDF ဗဟို နှစ်ချမ်းကွဲတဲ့အချိန်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ စခန်းကော်မတီဟာ စုစည်းညီညွတ်မှု အားအကောင်းဆုံး၊ တည်ငြိမ်မှုအရှိဆုံးကော်မတီတခုဖြစ်ခဲ့ပြီး အရေးကြီးတဲ့ကိစ္စ အတော်များများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကော်မတီတာဝန်ရှိသူတွေ ထိုင်းနိုင်ငံထဲခရီးထွက်ပြီး နိုင်ငံတကာ ဆက်ဆံရေး၊ ထိုင်းစီးပွားရေးသမားတွေနဲ့ ဆက်ဆံရေး၊ အလှူရှင်တွေနဲ့ ဆက်ဆံရေး၊ တခြားမဟာမိတ် အဖွဲ့တွေနဲ့ ဆက်ဆံရေး၊ ဘန်ကောက်က ကျောင်းသားတွေနဲ့ ဆက်ဆံရေးကိစ္စတွေကိုပါ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီကာလမှာ (အခန်း ၁၉ မှာဖေါ်ပြခဲ့တဲ့) ဆူခွန်ဗစ် ဆွိုင် ၇၁ ထဲက မင်းသမီးစခန်းရုံးကို ပိတ်ပစ်ခဲ့ပြီး […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၅)

diz_admin

November 28, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၄) အပိုင်း -၃- (အများသွားတောင်ကြားလမ်းပေါ်က စစ်သည်တော်များ) အခန်း-၂၅- (၁) နိုင်ငံခြားဘာသာစကားနှင့် တောခိုကျောင်းသားများ အုပ်ချုပ်မှုကိစ္စနည်းနည်း တည်ငြိမ်လာတဲ့အခါမှာတော့ တော်လှန်ရေးရဲ့ ပင်မသင်တန်းတွေဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ထောက်လှမ်းရေး ပညာဆိုင်ရာ ရက်ရှည်သင်တန်းတွေအပြင် ဘာသာစကား ရက်တိုသင်တန်း အမျိုးမျိုးဖွင့်ဖို့ ကျနော်တို့ စခန်းကော်မီတီက စီစဉ်ပါတယ်။ ပထမ ဆုံးဖွင်တဲ့ သင်တန်းက အင်္ဂလိပ်စာ အခြေခံသင်တန်းဖြစ်ပြီး အင်္ဂလန်မှ ကျောင်းသားတဦးက စေတနာ့ဝန်ထမ်းအဖြစ် လာသင်ပေးတာပါ။ ဒါပေမယ့် ပထမ ၃-၄ ရက်လောက်ပဲ သင်တန်းသား ၂၀ လောက်တက်ပြီး တဖြည်းဖြည်းနဲ့ နည်းနည်းသွားတဲ့အတွက် သင်တန်းဆရာလည်း စိတ်ပျက်ပြီး ပြန်သွားပါတယ်။ ဒုတိယ ဖွင့်တဲ့သင်တန်းကတော့ ထီးထာက ကရင်အမျိုးသမီးနဲ့ လက်ထပ်ထားတဲ့ […]