BREAKING
September 19, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၆)

diz_admin

December 9, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၅) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၆- (၁) ဒုတိယအကြိမ် တပ်ရင်းညီလာခံ မာနယ်ပလောကရဲဘော်တွေ စခန်းကို ပြန်ရောက်ပြီးချိန်မှာ ရှေ့တန်းအသီးသီးက တပ်မှူးတွေကို ဆင့်ခေါ်ပြီး ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ စုံညီအစည်းဝေး သို့မဟုတ် တပ်ရင်းညီလာခံကို ထပ်လုပ်ခဲ့ပါတယ်။ စခန်းကော်မတီဝင်တွေ၊ တပ်မှူးတွေ၊ ဆေး၊ ဆက်သွယ်ရေး၊ ထောက်လှမ်းရေးတပ်ဆွယ်က တပ်ဆွယ်မှူးတွေ အပါအဝင် ကိုယ်စားလှယ် ၃၀-ခန့် ညီလာခံကို တက်ရောက်ခဲ့ပြီး ဘက်မလိုက်အဖွဲ့ ရှေ့ရေးကိစ္စတွေကို ၁၀-ရက်ခန့် ဆွေးနွေးခဲ့ပါတယ်။ ကျနော်မှတ်မိသလောက် အဓိကဆွေးနွေးတဲ့ အချက်တွေထဲမှာ ဘက်မလိုက်အဖွဲ့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ နှစ်ဖက်ဗဟို နှစ်ခု ပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ငန်းစဉ်ဆွဲပြီး အတိအကျဆောင်ရွက်ဖို့၊ တခြားတပ်ရင်းတွေထက်သာအောင် အဖက်ဖက်က တိုးတက်အောင်ပြင်ဆင်ဖို့၊ ပင်လယ်ပြင် ရန်ပုံငွေရှာနိုင်ရေးအတွက် သီးခြားတပ်စုတခုဖွဲ့ဖို့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၅)

diz_admin

December 8, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၄) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၅- (၁) ဘက်မလိုက်ကိုကူရင် ဘက်လိုက်တယ် အထင်ခံရမှာစိုး ကျနော်ဟာ မင်းသမီးစခန်းဆီ ပြန်လာပြီး တပ်မဟာ ၄-တပ်မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ခရိုင်ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း (အခု ဗဟို ဒုဥက္ကဌ) တို့နဲ့ အသေအချာဆွေးနွေးပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ကျနော်တို့အဖွဲ့ကိုကူညီရင် ကျန်တဲ့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ဘက်က တပ်တွေပြန်လာရေးကိုလည်း သူတို့ကူညီမှဖြစ်မယ်။ ကျနော်တို့တဖွဲ့တည်းကို ကွက်ပြီးကူညီရင် “ဘက်လိုက်တယ်လို့ စွပ်စွဲခံရမယ်။ အခုတောင် တပ်မဟာ ၄-က ဘက်မလိုက်အဖွဲ့ကို မျက်နှာသာပေးနေတယ်ဆိုပြီး စွပ်စွဲသံတွေကြားနေရတယ်” လို့ တပ်မဟာမှူးက ဗြောင်ပြောပြီး ကျနော်ရဲ့တင်ပြချက်ကို ငြင်းလိုက်ပါတယ်။ ကျနော့်ကို လိုက်ကူညီပေးနေတဲ့ ကျောင်းသားရေးရာတာဝန်ခံ ပဒိုမန်းငြိမ်းမောင်လည်း အတော်စိတ်ပျက်သွားပုံ ရပါတယ်။ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၄)

diz_admin

December 7, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၃) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၄- (၁) ပေးဆပ်သူတို့ရဲ့ ဒဏ်ရာတွေကို ဘယ်လိုကုစားပေးမလဲ ကျနော်တို့ ၂၀၁ တပ်ရင်း တခုတည်းမှာတင် ၁၉၈၈ ကနေ ၁၉၉၇ အထိ ၁၀ နှစ်တာ ကာလအတွင်း တိုက်ပွဲမှာကျဆုံးသူ ၆၀-ကျော်၊ ဖျားနာသေဆုံးသူ ၁၀-ဦးကျော်၊ ပျောက်ဆုံးသူ ၁၀-ဦးနီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀-ဦးခန့်ရှိတာကို တွေ့ရပါတယ်။ ဒဏ်ရာအပြင်းအထန် ရသွားသူတွေထဲမှာ ခြေတောက်တဖက်စီ ဖြတ်လိုက်ရတဲ့ ကိုဘသန်း၊ ကိုမဲဒူး၊ ကိုလှဌေး၊ ကိုကျော်နိုင်နဲ့ ကိုစိုးနိုင်တို့ကို ကျနော် အမှတ်ရနေပါတယ်။ သူတို့ အားလုံး အမေရိကန်မှာ ရောက်နေတယ်လို့ကြားရပေမယ့် သူတို့ရဲ့ဘ၀ အဆင်ပြေမပြေတော့ မသိရသေးပါဘူး။ ABSDF ဗဟို (http://www.absdf.com) က […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၃)

diz_admin

December 6, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၂) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၃- (၁) လောကွာလူစခန်းမှ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်သို့ နောက်တရက်မှာတော့ ကိုမျိုးသိန်း၊ ဦးဟန်လင်းတို့နဲ့ အသေချာဆွေးနွေးပြီးတဲ့နောက် ကျနော်တို့ တပ်တွေ ပြန်ခေါ်နိုင်ရေးအတွက် နော်တစစ်ကြောင်းရှိ ကျောင်းသားတပ်တွေကို တာဝန်ယူထားသူ ကိုမိုးသီးဇွန်တို့ ဗဟိုကော်မတီက အတွင်းရေးမှုး ၂ နဲ့ စစ်ဦးစီးမှူးဖြစ်သူ ကိုမျိုးသန့် သို့မဟုတ် အဲဒီကာလအခေါ် ဗိုလ်မှူးမျိုးသန့်ဆီ သွားတွေ့ရပါတယ်။ လောကွားလူကုန်းကနေ မာနယ်ပလောရင်ပြင်ထဲပြန်လာ၊ ပြီးတော့မှ မာနယ်ပလော ရင်ပြင်ရဲ့ ဟိုဖက် တောင်ကုန်းပေါ်ရှိ ကွန်မန်ဒိုကုန်းပေါ်တက်၊ ကွန်မန်ဒိုစခန်းဘေးမှာရှိတဲ့ KNU ရဲ့ နာမည်အကြီးဆုံး ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒီရဲ့ ရုံးခန်းမှာ ကိုမျိုးသန့်ကို ကျနော် တွေ့ရပါတယ်။ သူတို့ ၂ ဦးစလုံး […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၂)

diz_admin

December 5, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၁) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၂- (၁) မာနယ်ပလောဌာနချုပ်ကာကွယ်ရေးအတွက် စစ်ကူလိုက်ခြင်း ဘက်မလိုက်ညီညွတ်ရေးအဖွဲ့၊ ပူးတွဲညီညွတ်ရေးကော်မီတီ၊ DAB စစ်ကြောင်းတွေနဲ့ ကျနော်တို့တပ်တွေ တနင်္သာရီကမ်းရိုးတန်းတလျှောက် စည်းရုံးလှုပ်ရှားလို့ အရှိန်ကောင်းတုန်း၊၁၉၉၂ ခု၊ ဖေဖေါ်ဝါရီ လကုန်ပိုင်းလောက်မှာ မာနယ်ပလောဌာနချုပ်ကနေ သတင်းထူးတခု ဝင်လာပါတယ်။ ၁၉၉၁ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မာနယ်ပလောထိုးစစ်ဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေပြီး အခုဆိုရင် မာနယ်ပလောရဲ့ အဓိက ခံစစ်ကြောင်းတွေဖြစ်တဲ့ နော်တတောင်တန်းနဲ့ ခွေးအိပ်တောင်ဝန်းကျင်အထိ ရောက်နေပြီ။ အခု မတ်လ ၂၇-တပ်မတော်နေ့အမီ မာနယ်ပလောကိုသိမ်းနိုင်ဖို့ နဝတက အပြင်းအထန်ကြိုးစားနေတယ်။ ဌာနချုပ်ဝန်းကျင်ရှိ KNU, ABSDF, NDF, DAB က တပ်တွေအားလုံးစုပေါင်း ခုခံတိုက်ခိုက်နေတယ်။ ဒီတိုက်ပွဲမှာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၁)

diz_admin

December 4, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၀) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၁- (၁) ထူးခြားသော ကျောင်သားရေးရာတာဝန်ခံ (သို့မဟုတ်) မန်းငြိမ်းမောင် ၁၉၉၁ ခုနှစ် ဒီဇင်ဘာကနေ ၁၉၉၃ နှစ်ကုန်ပိုင်းအထိ ဘက်မလိုက်ဥက္ကဋ္ဌတာဝန်၊ ပူးတွဲညီညွတ်ရေးကော်မီတီအတွင်းရေးမှူး တာဝန်တွေ ယူနေရစဉ်ကာလအတွင်း ကျနော်တို့နဲ့ အဓိက ဆက်စပ်ဆောင်ရွက်ရသူ KNU အရာရှိကတော့ ဆရာမန်းငြိမ်း (ခေါ်) ပဒိုမန်းငြိမ်းမောင်ဖြစ်ပါတယ်။ (သူဟာ ကိုကိုးကျွန်းကနေ ၁၉၇၀ မှာ လက်လှော်လှေနဲ့ ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးထဲကတဦး၊ မြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” စာအုပ်ထဲက ဇတ်လိုက် သံချောင်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီး နိုင်ငံတော်အား စစ်မက်ဖက်ပြိုင်မှုနဲ့ တသက်တကျွန်း ချခံရသူ၊ ၂၀၁၂ ခုနှစ် […]