သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၄)
diz_admin
November 27, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃) အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်က စစ်သည်တော်များ) အခန်း-၂၄- (၁) တပ်ရင်းညီလာခံနဲ့ ကော်မီတီသစ်၊ တပ်မှူးသစ်များ ရွေးချယ်ခြင်း တပတ်၊ ၇ ရက်သာကြာမယ်ထင်ပြီး ခေါ်လိုက်တဲ့ တပ်ရင်းညီလာခံဟာ ၁၀ ရက်ကျော်တဲ့အထိ ဆွေးနွေးစရာ မကုန်သေးဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာလည်း ကျောင်းသားတွေနဲ့ တခြားအဖွဲ့စည်းတွေ မတူတဲ့အချက်ကို တင်ပြလိုပါတယ်။ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ နယ်စပ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့စည်းတွေ အစည်းဝေးလုပ်တဲ့အခါ ဘယ်နှစ်ရက်လုပ်မယ်၊ ဆွေးနွေးမယ့်အကြောင်းအရာက ဘာတွေဖြစ်တယ် စသဖြင့် အတိအကျသတ်မှတ်ပြီး ၂ ရက်၊ ၃ ရက်နဲ့ ပြတ်အောင်လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျိုးဖိုးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီလို ကြိုတင်ကန့်သတ်ထားတာကို မကြိုက်ဘူး။ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးရမယ်ဆိုပြီး ငြင်းလိုက်ခုန်လိုက်နဲ့ ၁၅ ရက်တိတိ […]