သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၂)
diz_admin
December 5, 2022<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၁) အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့) အခန်း-၃၂- (၁) မာနယ်ပလောဌာနချုပ်ကာကွယ်ရေးအတွက် စစ်ကူလိုက်ခြင်း ဘက်မလိုက်ညီညွတ်ရေးအဖွဲ့၊ ပူးတွဲညီညွတ်ရေးကော်မီတီ၊ DAB စစ်ကြောင်းတွေနဲ့ ကျနော်တို့တပ်တွေ တနင်္သာရီကမ်းရိုးတန်းတလျှောက် စည်းရုံးလှုပ်ရှားလို့ အရှိန်ကောင်းတုန်း၊၁၉၉၂ ခု၊ ဖေဖေါ်ဝါရီ လကုန်ပိုင်းလောက်မှာ မာနယ်ပလောဌာနချုပ်ကနေ သတင်းထူးတခု ဝင်လာပါတယ်။ ၁၉၉၁ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မာနယ်ပလောထိုးစစ်ဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေပြီး အခုဆိုရင် မာနယ်ပလောရဲ့ အဓိက ခံစစ်ကြောင်းတွေဖြစ်တဲ့ နော်တတောင်တန်းနဲ့ ခွေးအိပ်တောင်ဝန်းကျင်အထိ ရောက်နေပြီ။ အခု မတ်လ ၂၇-တပ်မတော်နေ့အမီ မာနယ်ပလောကိုသိမ်းနိုင်ဖို့ နဝတက အပြင်းအထန်ကြိုးစားနေတယ်။ ဌာနချုပ်ဝန်းကျင်ရှိ KNU, ABSDF, NDF, DAB က တပ်တွေအားလုံးစုပေါင်း ခုခံတိုက်ခိုက်နေတယ်။ ဒီတိုက်ပွဲမှာ […]