BREAKING
September 16, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈)

diz_admin

December 21, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၇) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၈- (၁) နိုင်ငံခြားသားအမြင်နဲ့ မြန်မာအမြင် မတူသောအချက်များ ဖုနန်းလွန်ကနေ တပ်မဟာ-၄ ဌာနချုပ် ထီးခီးကိုရောက်တော့ ကျနော်တို့အဖမ်းခံရတဲ့သတင်းကို KNU အရာရှိတွေ အားလုံးသိပြီးနေပါပြီ။ KNU ဟာ နိုင်ငံခြားသတင်းထောက်တွေကို သူတို့ကိုယ်တိုင်ဖိတ်ပြီး နောက်တန်း၊ ရှေ့တန်း နေရာအတော်များများကို ပြသနေပေမယ့် သူတို့ကို အသိမပေးပဲ ကျနော်တို့ အစီစဉ်နဲ့ ဒီလိုမျိုး သီးခြားခေါ်လာတာကိုတော့ သိပ်ကြိုက်ပုံမရ။ ဒါပေမယ့် တားဆီးဖို့ကလည်း မသင့်တော်တာနဲ့ ဘယ်နား မခေါ်သွားနဲ့၊ ဘယ်ဟာတွေကို မပြနဲ့လို့ ကျနော်ကို တီးတိုးပြောပြီး နိုင်ငံခြားသားအတွက် ရှေ့တန်းခရီးသွားခွင့်လက်မှတ် ရေးပေးလိုက်ပါတယ်။ အဲဒီတော့မှ မောင်ဒေးဗစ်ရဲ့ မျက်နှာ ပြုံးရိပ်သန်းလာပြီး သူကင်မရာကိုထုတ်ကာ စတင်ရိုက်ပါတော့တယ်။ သူ ပထမဆုံးရိုက်တာက […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၇)

diz_admin

December 20, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၆) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၇- (၁) အမျိုးးသားညီလာခံတိုက်ဖျက်ရေးအတွက် ပြင်ဆင်ခြင်း ကျနော်တို့အုပ်စု ရဟန်းဝတ်တဲ့အချိန်ဟာ ၇-ရက်ထက် မပိုပါဘူး။ ရှေ့တန်းထွက်ရေးကိစ္စ၊ တခြားကိစ္စတွေအတွက် အစည်းအဝေးလုပ်စရာရှိလို့ဆိုပြီး တောင်ပိုင်း စစ်ဒေသတာဝန်ခံ ကိုမျိုးဝင်းနဲ့ ကျနော်အပါဝင် တာဝန်ရှိသူ ၄၊ ၅ ဦး အရင် လူထွက်လိုက်ရပါတယ်။ ကျန်တဲ့ ရဲဘော်တွေကတော့ ၁၀-ရက်ကနေ သီတင်း ၂-ပတ်အထိ ဆက်ဝတ်ကြပါတယ်။ ကျနော်တို့ တောင်ပိုင်းစစ်ဒေသ အစည်းဝေးရဲ့ ဆုံးဖြစ်ချက်ကတော့ ပြည်ခြား-ပုလောဒေသဆီ ခရီးထွက်ပြီး ရှေ့တန်းတပ်တွေကို ပြန်လည်စုဖွဲ့ရေး၊ လူထုစည်းရုံးဟောပြောရေး၊ အထူးသဖြင့် အဲဒီအချိန်ဟာ နဝတ-ကနေ အမျိုးသားညီလာခံ ပြန်လည်ကျင်းပမယ်လို့ ကြေညာထားချိန်ဖြစ်တဲ့အတွက် အဲဒီညီလာခံကို (အဲဒီကာလ စကားလုံးအတိုင်းဆိုရင်) ဘက်ပေါင်းစုံကနေ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၆)

diz_admin

December 19, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၅) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၆- (၁) သူပုန်တွေ ဥပုသ်စောင့်ခြင်း ပညာရေးအကြောင်းကနေ ဘာသာရေးဖက်ကို ဆက်ပြောရမယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်သူပုန်တွေ တောထဲမှာ ရဟန်းခံရှင်ပြုပွဲ အကြီးအကျယ်လုပ်ပြီး လနဲ့ချီ တရားထိုင်နေကြတယ်ဆိုရင် စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ရှေ့ပိုင်းအခန်းတခုမှာ ကျနော်တင်ပြခဲ့ဖူးတဲ့အတိုင်း မောင်တော်စခန်းကနေ အမရာစခန်းဆီ ပြောင်းလာကတည်းက အဲဒီမှာ ဘုန်းကြီးကျောင်းဟောင်း တဆောင်ရှိနေပါတယ်။ သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဝါးပြားမိုး (ကြားခတ်ဝါးလုံးကို ၂ ခြမ်းခွဲ၊ အတွင်းက အဆစ်တွေကို ထွင်ပြီး ပက်လက်တခြမ်း၊ မှောက်ခုံတခြမ်းနဲ့ စနစ်တကျမိုးထားတာဟာ အတော်ထူးခြားပါတယ်) ပေ-၂၀၊ ၁၂-ပေ ပတ်လည်လောက်ရှိတဲ့ ဒီကျောင်းဟာ ကျနော်တို့စခန်းမှာ ရှိသမျှအဆောက်ဦတွေထဲ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက ဘုန်းကြီးကျောင်းပဲရှိပြီး ဘုန်းကြီးမရှိတဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၅)

diz_admin

December 18, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၅- (၁) ပျိုးပန်းဝေ စာသင်ကျောင်းနှင့် တောတွင်းပညာရေး ပညာတပိုင်းတစနဲ့ တော်လှန်ရေးထဲပါလာတဲ့ ကျနော်တို့ အချင်းချင်းကြား နိုင်ငံခြားထွက်ပြီး ပညာဆက်သင်သင့်၊ မသင့် အငြင်းပွားမှု ကြီးကြီးမားမားရှိခဲ့တဲ့အကြောင်း ရှေ့ပိုင်းအခန်းတွေမှာ ကျနော် တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်တို့အကြား အငြင်းမပွားပဲ အားလုံးသဘောတူတဲ့ အချက်ကတော့ တပ်ဖွဲ့ဝင်မိသားစုတွေက မွေးဖွားလာတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ နောက်တခါ ရှေ့တန်းမှာ စစ်ကြောင်းသွားရင်းနဲ့ တွေ့ရတဲ့ မိဘမဲ့ကလေးငယ်တွေ၊ ပြည်တွင်းစစ်ဒဏ်ကြောင့် ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေအတွက် မူလတန်းကျောင်းတခု ဖွင့်ပေးမှဖြစ်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီစဉ်းစားချက်ကို စတင်အဆိုပြုလာသူကတော့ စခန်းကော်မတီ အဆက်ဆက်ရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး အခု ဗလဖ-ခေတ်မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူနေသူ ကျောင်းဆရာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄)

diz_admin

December 17, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၃) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၄ (၁) ရဲဘော်ဝင်းထိန်မှ DVB သတင်းထောက် ထက်အောင်ကျော် ဖြစ်လာခြင်း ကျနော် မှတ်မိသလောက်ဆိုရင် ရဲဘော်ဝင်းထိန်ကနေ DVB သတင်းထောက် ထက်အောင်ကျော်အဖြစ် တရားဝင်သတ်မှတ်တဲ့နေ့ဟာ ၁၉၉၈ နွေရာသီတုန်းက မယ်ဟောင်ဆောင်မှာ ကျင်းပတဲ့ မီဒီယာသင်တန်းမှာလို့ ထင်ပါတယ်။ “ကျန်တဲ့သူတွေက အမည်ရင်းတွေနဲ့ ပြန်လုပ်ကြပေမယ့် ခင်ဗျားကိုတော့ ထက်အောင်ကျော်အဖြစ် ပရိသတ်ကသိပြီးသားဆိုတော့ အဲဒီအမည်ကိုပဲ ဆက်ယူစေချင်ပါတယ်” ဆိုပြီး ABSDF ခေါင်းဆောင်တဦးလည်းဖြစ်၊ သင်တန်း တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ ကိုစိုင်းမြင့်သူက အကြံပြုတဲ့အတွက် ဒီလိုဖြစ်လာတာလို့ ပြောနိုင်ပါတယ်။ မင်းသမီးစခန်း ကျပြီးလို့ ဘန်ကောက်ကို ရောက်ကာစ၊ တနည်းအားဖြင့် တောတွင်းသတင်းထောက်ကနေ မြို့ပေါ်သတင်းထောက်ဖြစ်ကာစမှာ ပထမဆုံးတက်ဖူးတဲ့ သင်တန်းကတော့ IMMF (The […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၃)

diz_admin

December 16, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၂) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း- ၄၃- (၁) တပ်ရင်းများ ပြန်လည်ပေါင်းစည်းခြင်း ထပ်စကဲ၊ ပရာကျွတ်နဲ့ ဟွာဟင်ဖက်မှာ တနှစ်နီးပါးကြာပြီးတဲ့အခါမှာတော့ ပူးတွဲပင်လယ်ပြင် ကိစ္စ တာဝန်ပြီးသွားတဲ့အတွက် မင်းသမီးဒေသဆီ ကျနော်တို့ ပြန်လာခဲ့ပါတယ်။ ကျနော် ပြန်ရောက်တဲ့အချိန်မှာ ဗလဖ-တာဝန်ခံဟာ အကြောင်းအမျိုးမျိုးကြောင့် မင်းသမီးစခန်းမှာ ရုံးမထိုင်ပဲ ကန်ချနပူရီမြို့ပေါ်ရှိ ပဒိုဆန်နီရဲ့အိမ်မှာ အခန်းတခုငှားပြီး ရုံးထိုင်နေတာ တွေ့ရပါတယ်။ ဒီအတွက် ဗလဖ အစည်းဝေး လုပ်တဲ့အခါတိုင်း မင်းသမီးဒေသရှိ ဗလဖ အဖွဲ့ဝင်တွေ၊ တပ်ရင်း ၃-ခုက ကိုယ်စားလှယ်တွေအားလုံး ကန်ချနပူရီမြို့ပေါ် တက်ကြရပါတယ်။ အဲဒီအချိန်မှာ နယ်စပ် ဖုနန်းလွန်ရွာ (အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က နောက်ဆုံးထိုင်းရွာ) ကနေ ကန်ချပူရီအထိ လိုင်းကားပြေးနေပြီ […]