BREAKING
September 16, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄)

diz_admin

December 27, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၃) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း- ၅၄- (၁) ABSDF ပြန်လည်ပေါင်းစည်းရေး ညီလာခံကျင်းပခြင်း မြန်မာ့တော်လှန်ရေးသမိုင်းမှာ မကွဲဘူးတဲ့ နိုင်ငံရေးအဖွဲ့အစည်း မရှိသလောက် ရှားတယ်ဆိုတဲ့ စကားနဲ့အညီ ကျနော်တို့ ABSDF ဟာလည်း နယ်စပ်ဒေသ နိုင်ငံရေးအရှိန် အကောင်းဆုံးကာလ ၁၉၉၁ စက်တင်ဘာဝန်းကျင်မှာ စတင်ကွဲပြဲခဲ့ပါတယ်။ အဲဒီလို ကွဲပြဲချိန်ကစပြီး ဗဟို ၂-ခု ပြန်လည်ပေါင်းစည်းရေးအတွက် ကျနော်တို့ မင်းသမီးစခန်း ၂၀၁-တပ်ရင်း ဘက်မလိုက်အဖွဲ့ အပါအဝင် အဖွဲ့အစည်းတချို့၊ ပုဂ္ဂိုလ်တချို့က ကြားဝင် စေ့စပ်ပေးခဲ့ကြပေမယ့် အချိန်မတန်သေးလို့လား မသိပါဘူး၊ ဗဟို ၂-ဘက် ခေါင်းဆောင်ပိုင်းက ပေါင်းစည်းချင်တဲ့လက္ခဏာ မပြခဲ့ပါဘူး။ “အချိန်က စကားပြောလိမ့်မယ်” ဆိုတဲ့စကားကို ဒီနေရာမှာ သုံးသင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၃)

diz_admin

December 26, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၅၃- (၁) မျောက်ပစ်မုဆိုးမှ သဘာဝပတ်ဝန်းကျင်သတင်းထောက် အဖြစ်သို့ အဲဒီလို သစ်ပင်ပေါ်က မျောက်တွေကို ပစ်စားခဲ့ဖူးတဲ့၊ အင်းအိုင်တွေထဲ လက်ဗစ်ဗုံး ပစ်ချပြီး ငါး ဖမ်းခဲ့ဖူးတဲ့၊ သဘာဝချောင်းရေထဲ စားကြွင်းစားကျန်နဲ့ ပလပ်စတစ်စတွေ ပစ်ချခဲ့ဖူးတဲ့ ကျနော် DVB သတင်းထောက်အဖြစ် ပေးပို့တဲ့ သတင်းတွေထဲမှာ ပထမဆုံး ပေါက်သွားတဲ့သတင်းက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအကြောင်း ဖြစ်နေတယ်ဆိုရင် စာဖတ်ပရိတ်သတ် ယုံပါ့မလား။ ၁၉၉၅ နှောင်းပိုင်းမှာ DVB သတင်းထောက် စဖြစ်လာတဲ့ ကျနော့်အတွက် ပထမဆုံး လိုက်ရတဲ့ သတင်းကြီးတခုက နတ်အိမ်တောင်-ကံပေါက်ဒေသမှာ စတင် ဖောက်လုပ်နေတဲ့ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက Total ကုမ္ပဏီ၊ အမေရိကန်က […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂)

diz_admin

December 25, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၁) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၅၂- (၁) မျောက်သားစားချင်ရင် အလှူရှင်မျက်နှာကိုမကြည့်နဲ့ “မျောက်သားစားချင်ရင် မျောက်မျက်နှာကို မကြည့်နဲ့” ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူတွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တောထဲမှာ ငတ်ပြတ်နေတဲ့ ကျနော်တို့ ကျိုးဖိုးတွေအဖို့ကတော့ မျောက်မျက်နှာ ကြည့်ရုံတင်မက၊ မျောက်တကောင်လုံးကို အသေချာကြည့်ပြီး စားနေကြသူတွေဆိုတော့ အဲဒီ ဆိုရိုးစကားက မမှန်တော့ပါဘူး။ ၁၉၉၄ နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလထဲမှာလို့ ထင်ပါတယ်။ ထောက်ပံ့ရေးတာဝန်နဲ့ ဟွာဟင်ဒေသက စခန်းသစ်ဆီ နိုင်ငံခြားသား NGO ဝန်ထမ်းတဦးကို ကျနော်ခေါ်သွားဖူးပါတယ်။ စခန်းသစ်တည်ဆောက်ကစ ABSDF အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိချင်လို့ဆိုပြီး လိုက်ကြည့်သူကတော့ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းထဲမှာ ရုံးခန်းဖွင့်ထားတဲ့ နာမည်ကြီး NGO […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၁)

diz_admin

December 24, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၀) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၅၁- (၁) လက်နက်ကိုင်တော်လှန်ရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး (Environmental) ဆိုတဲ့ စကားလုံးဟာ အခုခေတ် လူငယ်တွေအတွက် အသစ်အဆန်း မဟုတ်လောက်ပေမယ့် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်၊ ကျနော်တို့ တောစခိုစဉ် အချိန်ကတော့ ဒီ စကားလုံးဟာ ကျနော့်အတွက် လုံး၀ အသစ်အဆန်း ဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ကျနော့်ကို စတင်မိတ်ဆက်ပေးသူကတော့ နှုတ်ခမ်းမွေး ကားကား၊ ပိန်ပိန်ရှည်ရှည်နဲ့ နယူးဇီလန်နိုင်ငံသား Steve Thompson ပါ။ ၁၉၈၈၊ ၈၉ က မဲဆောက်မြို့ ဝန်းကျင်မှာအခြေစိုက်ပြီး KNU နယ်မြေထဲက ကျောင်းသားစခန်း ၇-ခု အတွက် ABSDF […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၀)

diz_admin

December 23, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၉) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၅၀- (၁) ခရီးသည်တင်ကားကို တားပြီး တော်လှန်ရေး တရားဟောခြင်း ဖြစ်ချင်တော့ ကထောင်နီရွာမှာ စခန်းချနေတုန်း စည်းရုံးရေးမှူး ကိုကိုကျော် ဝါးဆစ်လှေကားပေါ်က ချော်ကျပြီး ခေါင်းကွဲသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျနော်တို့အတွက် ဆိုရင်တော့ နမော်နမဲ့နိုင်လို့ ဖြစ်တာလို့ အလွယ်တကူ မှတ်ချက်ချလိုက်ပြီး ဘာမှ စာဖွဲ့စရာ မရှိလောက်ပါ။ ဒါပေမယ့် ကျနော်တို့ ကြုံတွေသမျှကို မှတ်တမ်းတင်နေတဲ့ နိုင်ငံခြားသား သတင်းထောက်တဦး အမြင်မှာတော့ ဒါဟာ ငှက်ဖျားမိထားလို့ အားနဲမူးဝေနေတဲ့ ကျောင်းသား တော်လှန်ရေးသမားတဦး လှေကားပေါ်က ပြုတ်ကျတာလို့ မောင်ဒေးဗစ်က ရုပ်သံ မှတ်တမ်းထဲမှာ ထည့်ပြောထားပါတယ်။ နောက်တနေ့ မနက်မှာတော့ ရွာကနွားလှည်းတစီးကို အကူညီတောင်း၊ ပါတ်တီးအဖြူကြီး ခေါင်းမှာစည်းထားတဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၉)

diz_admin

December 22, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈) အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ) အခန်း-၄၉- (၁) နိုင်ငံခြားသတင်းထောက်နဲ့ ရှေ့တန်းသွားရတဲ့ ဒုက္ခ ပြည်ခြား-ပုလောဒေသ ရှေ့တန်းခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ် ၂၀ လောက်ကြာပြီးချိန်မှာ  မောင်ဒေးဗစ်ကို အခုလို ကျနော် ချီမွမ်းခန်းဖွင့်နေပေမယ့် ၁၉၉၅ တုန်းက အမြင်ကတော့ တကယ့်ပြောင်းပြန်ပါ။ နိုင်ငံခြားသား သတင်းထောက်တဦးကို ရှေ့တန်းခေါ်သွားရတဲ့တာဝန်က အတော်ကြီးတဲ့အတွက် ခေါ်လာမိတာမှားပြီလား လို့တောင် စဉ်းစားခဲ့ဖူးပါတယ်။ ကျနော်တို့တပ်တွေနဲ့အတူ နိုင်ငံခြားသတင်းထောက်တွေ၊ အထူးသဖြင့် လူဖြူတွေ ပါလာတယ်လို့ နဝတ-ဘက်က သိသွားရင် အင်အားအလုံးအရင်းသုံးပြီး မရ၊ ရတဲ့နည်းနဲ့ လိုက်လံပိတ်ဆို့ တားဆီးလေ့ ရှိတယ်လို့ ရှေ့တန်းအတွေ့ အကြုံရှိသူ တပ်ခွဲမှူး ကိုလှဦးကပြောပါတယ်။ တကယ်ကတော့ DAB စစ်ကြောင်းတွေ ခေတ်ကောင်းစဉ် ၁၉၉၂-၉၃ […]