BREAKING
September 7, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၀)

diz_admin

January 2, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၉) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၆၀- (၁) ဒုက္ခသည်စခန်းရဲ့ အခြားတဘက် မျက်နှာမှာ ဖုမဝမ်စခန်းမှာ သီတင်း ၂-ပတ်လောက်ကြာပြီး နည်းနည်းတည်ငြိမ်လာတဲ့ အခါမှာတော့ နယ်စပ် တောထဲက ကျနော်တို့တပ်တွေနဲ့ ဆက်သွယ်ရေး၊ ဘန်ကောက်မှာရောက်နေတဲ့ ကိုမင်းအောင်နဲ့ ဆက်သွယ်ရေး ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အခု ကျနော်တို့ ရောက်နေတဲ့ ဖုမဝမ် ဒုက္ခသည်စခန်းဟာ နယ်စပ်နဲ့ ၅-ကီလိုလောက်ပဲ ဝေးပြီး နယ်စပ် တောင်ကျောဆီ တက်သွားတဲ့ ကားလမ်းကို ဒီစခန်းထဲကနေ လှမ်းမြင်နေရပါတယ်။ ဒီနေရာဟာ မင်းသမီးစခန်းရဲ့ အောက်ဘက် ၂၀-ကီလို အကွာလောက်မှာရှိတဲ့ ဘောယက္ခ KNU နယ်စပ်ဂိတ်စခန်းနဲ့ သိပ်မဝေးဘူးလို့ သိရပါတယ်။ အဲဒီစခန်းဘက်ကနေ KNU အဖွဲ့ဝင် မိသားစုတွေနဲ့အတူ ရှေ့ပိုင်းမှာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၉)

diz_admin

January 1, 2023

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၈) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၉- (၁) စစ်ပြေး ဒုက္ခသည်စခန်းများဆီသို့ မှတ်တမ်းတွေအရ ထီးခီးရုံးဆီ အိမ်ထောင်သည်လိုင်းက မိသားစုတွေ ရောက်လာတဲ့ အချိန်ဟာ ၁၉၉၇ ဖေဖော်ဝါရီလ ၂၂-ရက်နေ့ ဖြစ်ပါတယ်။ ကျနော့်အထင် ထီးခီးမှာ ၃-ရက်လောက် နေပြီးတဲ့နောက် နဝတ-တပ်တွေ ထီးခီးစခန်းအနီးထိ ရောက်လာနေပြီလို့ သိရတဲ့အတွက် မိသားစုတွေကို ထိုင်းနယ်မြေထဲထွက်ခွင့် KNU က ခွင့်ပြုလိုက်ပါတယ်။ အဲဒီ ၃ ရက်တာအတွင်း ကြုံခဲ့ရတဲ့ အဓိက အခက်ခဲကတော့ အိမ်သာမရှိခြင်း၊ သောက်ရေ၊ ချိုးရေ မလုံလောက်ခြင်းနဲ့ ကလေးသူငယ်တွေ ဖျားနာခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ရှေ့လျှောက် ကြုံလာရတော့မယ့် ဒုက္ခသည်စခန်းရဲ့ ရှေ့ပြေးလက္ခဏာတွေလို့ ဆိုနိုင်မယ်ထင်ပါတယ်။ KNU […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၈)

diz_admin

December 31, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၇) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၈ (၁) စစ်ပူချိန်မှာ ကတိတည်ဖို့မလွယ်ပါ ဒီလိုနဲ့ ရင်း-၁၀ ဌာနချုပ်ကနေ အမိုရွာဆီ ကုန်းကြောင်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကားလမ်းကြမ်းအတိုင်း ပြန်လာလို့ လမ်းမှားစရာမရှိဘူးဆိုပေမယ့် အခြေနေက ပုံမှန်မဟုတ်။ ဆင်ဖြူတိုင်ဘက်က နဝတ-တပ်တွေ နယ်ကျွံပြီး ဒီကားလမ်းဝန်းကျင်ဆီ ရောက်လာနိုင်သလို KNU ဖက်က စစ်ကူလိုက်လာတဲ့တပ်တွေနဲ့ လမ်းမှာတိုးပြီး လူမှားပစ်ခံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဘာတပ်နဲ့မှ မတိုးပဲ ည ၆-နာရီခွဲလောက် မှောင်စပြုချိန်မှာ အမိုရွာဆီ ကျနော်တို့ တပ်စိပ် ပြန်ရောက်လာပါတယ်။ အသွားတုန်းက စခန်းချခဲ့တဲ့ ရင်း-၁၀ တပ်ထောက် ဗိုလ်ကြီးအိမ်ဘေးက အိမ်သေးသေးတအိမ်မှာ စခန်းချပြီး တပ်ထောက်ဗိုလ်ကြီးအိမ်မှာပဲ ထမင်းတောင်းစားရပါတယ်။ နေ့ချင်းပြန်ဆိုပြီး ထွက်လာတဲ့အတွက် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၇)

diz_admin

December 30, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၆) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၇ (၁) လမ်း-၃ သွယ် ခွာစစ်စီမံကိန်းနှင့် အရံစခန်းများ နဝတ-ဖက်က ထိုးစစ်ဆင်လာပြီဆိုတာကို သတင်းအစအနရတာနဲ့ ဒီစခန်းကနေ ဘယ်လိုခွာစစ်ဆင်မလဲဆိုတာကို ကျနော်တို့ ABSDF ခေါင်းဆောင်တွေကြား အကြိတ်အနယ် ဆွေးနွေးကြသလို KNU နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီကာလ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဖွဲ့စည်းပုံကတော့ ခရိုင်ဥက္ကဌအဖြစ် ပဒိုကွယ်ထူးဝင်း (အခု ဗဟို ဒုဥက္ကဌ) ၊ ဒုဥက္ကဌအဖြစ် တပ်မဟာ-၄ မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ အတွင်းရေးမှူးက ပဒိုနီးနီ၊ တွဲဖက်အတွင်းရေးမှူးက ပဒိုကော်သောင်းဖြစ်ပါတယ်။ စစ်ဆင်ရေးကိစ္စအတွက် ကျနော်တို့နဲ့ အဓိက ဆွေးနွေးရသူတွေကတော့ တပ်မဟာမှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ဗျုဟာမှူး ဗိုလ်မှူးကြီး ဗယ်လယ်၊ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၆)

diz_admin

December 29, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၆- (၁) မင်းသမီးစခန်း ခွာစစ်အတွက် ပြင်ဆင်ဖို့လိုအပ်လာခြင်း ကျနော့်ဘဝမှာ ခဏတာလို့ထင်ခဲ့ပြီး တသက်စာဖြစ်သွားတဲ့ အဖြစ်ပျက်တွေ သိပ်မနည်းလှတော့ပါဘူး။ အဲဒီထဲမှာ မင်းသမီးစခန်း ခွာစစ်လည်း တခုအပါဝင်ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး အဲဒီ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တောခိုလာတဲ့ ကျနော်တို့ဟာ တနင်္သာရီမြစ်ဘေး၊ တောကြီးမျက်မည်းထဲက ဒီစခန်းမှာ ဆယ်နှစ်-ဆယ်မိုးနေထိုင်ခဲ့ပါတယ်။ ကျောင်းသားဘဝက ၄-နှစ်လောက် တက်ခဲ့ဖူးတဲ့ တက္ကသိုလ်တွေကိုတောင် ဘဝတလျှောက်လုံး တမ်းတမ်းတတ ဖြစ်နေသူတွေရှိတယ်ဆိုရင် ဆယ်နှစ်-ဆယ်မိုး ကျဉ်းထဲကျပ်ထဲ၊ မိုးထဲ ရေထဲ၊ တိုက်ပွဲတွေကြားထဲ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့ နေခဲ့ဖူးတဲ့ တောတွင်းက ဘဝတက္ကသိုလ်ကို ကျနော်တို့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅)

diz_admin

December 28, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄) အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ) အခန်း-၅၅- (၁) ပေါင်းစည်းရေးညီလာခံမှ ရွေးချယ်လိုက်သော ဗဟိုကော်မီတီအသစ် ညီလာခံ နောက်ဆုံးနေ့ ရွေးချယ်တင်မြှောက်ပွဲကနေ တက်လာတဲ့ ဗဟိုကော်မတီ အသစ်ထဲမှာ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု-ဥက္ကဋ္ဌ၊ ကိုအောင်သူငြိမ်းက အထွေထွေအတွင်းရေးမှူး၊ ကိုစိုင်းမြင့်သူက အတွင်းရေးမှူး-၁၊ ကိုမျိုးဝင်းက အတွင်းရေးမှူး-၂ ဖြစ်လာပါတယ်။ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ၈-ဦးကတော့ ကိုဌေးအောင်။ ကိုကျော်ကျော်၊ ကိုဝင်းမင်း၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင်ဦး၊ ကိုဝင်းနိုင်ဦး၊ ကိုအောင်နိုင်နဲ့ ကိုအောင်ခိုင်တို့ ဖြစ်ပါတယ်။ ဗဟိုကော်မတီဝင် ၁၇-ဦးကတော့ ကိုကျော်ကိုကိုဝင်း၊ ကိုလွမ်းဏီ၊ ကိုဇော်မင်း၊ ကိုမောင်မောင်တိတ်၊ ကိုကျော်မိုး၊ ကိုဇော်ဝင်းလွင်၊ ကိုဝင်းချို၊ ကိုကျော်ထင်၊ ကိုဆလိုင်းယောအောင်၊ ကိုမောင်ဒီ၊ ကိုရဲလင်းထွန်း၊ […]