BREAKING
September 7, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ကျေးဇူးတင်ရှိခြင်း)

diz_admin

November 4, 2022

ဒီစာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်အပ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ တောတောင်တွေထဲ ခက်ခဲကြမ်းတမ်းစွာ အတူတကွ ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ၂၀၁ တပ်ရင်း၊ မင်းသမီးစခန်းမှ ဘဝတူရဲဘော်ရဲဘက်တွေ၊ တခြား တပ်ရင်း စခန်းအသီးသီးက ရဲဘော် ရဲဘက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ရှားပါးဓာတ်ပုံတွေ ရှာဖွေပေးတဲ့၊ ကျနော်မေးမြန်းသမျှကို ဖြေကြားပေးကြတဲ့ တပ်ရင်းအသီးသီးက ရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်ကြောင်း ပထမ ဆုံး ပြောချင်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ ဒီစာအုပ်အတွက် အမှာစာရေးပေးတဲ့ လက်ရှိ ABSDF ဥက္ကဌ ကိုသံခဲနဲ့တကွ ကျနော်မေးမြန်းသမျှအချက်အလက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေ ရှာဖွေပေးခဲ့တဲ့ လက်ရှိ ဗဟိုကော်မီတီတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ တတိယ အနေနဲ့ကတော့ ဒီလိုစာအုပ်မဖြစ်ခင်မှာ အခန်းဆက်ဆောင်းပါး ၅၂ ခုကို […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ)

diz_admin

November 4, 2022

ရဲဘော်ထက်အောင်ကျော် —– သို့ ကိုထက်အောင်ကျော် (ခ) ကိုဝင်းထိန်ခင်ဗျား . . . ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးတော့ ခင်ဗျားတို့က မြန်မာပြည်တောင်ပိုင်း ထိုင်းနယ်စပ် မင်းသမီးစခန်းကိုရောက်တယ်။ ကျန်နော်တို့က အနောက်ပိုင်း မဏိပူယတောင်တန်းပေါ်က လိုင်ခူးစခန်းကို ရောက်တယ်။ တကယ့်တောင်နဲ့ အနောက်။ စာသင်ခန်းထဲကနေ တောထဲကိုရောက်ခဲ့ကြတဲ့ ကျန်နော်တို့တတွေဟာ တော်လှန်ရေးဆိုတဲ့ ကျောင်းတော်ကြီးမှာ ခေါင်းစဉ်တပ်လို့တောင် လိုက်မမှီတဲ့ ဘာသာဗေဒပေါင်းစုံကို သင်ကြားခဲ့ရတာတွေလည်း အတူတူပါပဲ။ ကျနော်တို့က ရခိုင်၊ ဇိုမီး၊ ကွတ်ကီး၊ ချင်း၊ နာဂ၊ ကသည်း၊ ကချင်၊ ရှမ်း တိုင်းရင်းသားတွေနဲ့ လက်တွဲနေတဲ့အချိန်မှာ ခင်ဗျားတို့က ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ပလောင်၊ ပအို့ဝ်၊ ဆလုံ၊ ထားဝယ်ဒေသခံတွေနဲ့ ချီတက်နေကြတာ၊ တယောက်နဲ့တယောက် တဖက်နဲ့တဖက် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(စာရေးသူရဲ့ အမှာစာ)

diz_admin

November 4, 2022

အခုထုတ်ဝေလိုက်တဲ့ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ဟာ ဧရာဝတီမဂ္ဂဇင်းမှာ တနှစ်ကျော် အပတ်စဉ်ဖေါ်ပြပါရှိခဲ့တဲ့ အခန်းဆက်ဆောင်းပါး ၅၂-ပိုင်းကို ပြန်လည်စုစည်းပြီး ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ တောတွင်းဘဝဖြတ်သန်းမှုအခြေနေ၊ အထူးသဖြင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ “ရဲဘော်သူငယ်ချင်း” တွေအကြောင်းကို မှတ်တမ်းတခုအနေနဲ့ရေးထားသင့်တယ်၊ တချိန်ချိန်မှာ အသေချာရေးမယ်လို့စိတ်ကူးထားတာကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တန်း ရေးဖို့ဖြစ်လာတာကတော့ ၂၀၀၈-ခုနှစ် ဒီဇင်ဘာလမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ “Far from Home: 20 years in Exile” စာအုပ်မိတ်ဆက်ပွဲကျမှ ဖြစ်ပါတယ်။ “တောထဲကအတွေ့အကြုံတွေအကြောင်း ရေးထားတယ်ဆိုလို့ ခင်ဗျားစာအုပ်ကို ဖတ်ကြည့်တာ ဘာမှလဲ ထူးထူးခြားခြားမပါဘူး၊ ဆောင်းပါးဟောင်းတွေချည်းပါပဲလား” ဆိုပြီး စာအုပ်ထုတ်ဝေပွဲ အခမ်းအနားဆီ တက်လာတဲ့ ABSDF ခေါင်းဆောင်ဟောင်းတဦးက ကျနော့်ကို ဝေဖန်ခဲ့ပါတယ်။ အဲဒီဝေဖန်ချက်ဟာ ကျနော်ခေါင်းထဲစွဲနေပြီး နိုင်ငံရေးထင်မြင်ချက်ဆောင်းပါးတွေအပြင် တကယ့် […]

ရက်ရက်စက်စက် ပဲခွပ်နဲ့အခုတ်ခံခဲ့ရတဲ့ အိပ်မက်

diz_admin

February 18, 2021

ဗားရှင်း ၂ အိပ်ရာက နိုးလာတော့ ဖုန်းကို ဖွင့်ကြည့်တဲ့အခါမှာ သတင်းတွေဟာ စိတ်မကောင်းဖွယ်ရာတွေနဲ့ စောင့်ကြို နေတယ်။ ညတုန်းက နိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဖေ့ဘုတ်လူမှုကွန်ရက်ပေါ် မှာ သူတစ်မျိုး၊ ငါတစ်မျိုး ရေးကြသားကြ၊ ဝေဖန်ကြ၊ သုံးသပ်ကြနဲ့။ ဘယ်လို ပဲ ဖြစ်ဖြစ် မြင်တွေ့ကြားသိရတာတွေကတော့ ထိတ်လန့်ဖွယ်ရာတွေပါပဲ။ စိုး တထိတ်ထိတ်နဲ့ အိပ်ရာဝင်ခဲ့ရပြီး အိပ်မက်တွေ အိပ်မက်ဆိုးတွေ မက်ခဲ့ရ၊ နိုးလာချိန်မှာလည်း သာယာချမ်းမြေ့ ဖွယ်ရာကို မတွေ့ရ။ ဒီလိုညတွေ အခုဆို ဘယ်နှညရှိခဲ့ပြီလဲ။ ဘယ်လောက်ကြာအောင် ရှည်လျားဦးမှာလဲ။ မှန်းဆနိုင်စွမ်း မရှိခဲ့။ စိတ်ညစ်ညူးစွာနဲ့ပဲ လက်ဖက်ရည် ဆိုင်ကိုထွက်လာရင်း “အိပ်မက်” ဆိုတဲ့ စကားလုံးဟာ အတွေးထဲကို ဝင်ရောက် လာတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီ […]

အလွမ်းရောင်သက် ဇေတဝန်

diz_admin

February 11, 2021

မြိတ်မြို့မှ တောင်ဘက်သို့ ရေမိုင် ၁၀ မိုင်ခန့်မျှ တနင်္သာရီမြစ်ကြောင်း အတိုင်း စက်လှေလေးစီးပြီး ဆန်တက်၍ သွားလိုက်သည်နှင့် မြစ်ပြင်ကို ဝန်းရံ ပိတ်ဆို့ကာ ဆင်ကြီးတစ်ကောင် မာန်စွယ် ကိုချလျက် ဝပ်စင်းခယနေသည့်ဟန် သဏ္ဌာန်ရှိသော “ဆင်ဒင်(ဆင်တင်)တောင်တန်းကြီး” ကို အဝေးကပင် လှပစွာ မြင်ရပေမည်။ ထိုဆင်ဒင်တောင်တန်းအရှေ့သို့ မရောက်မီ-(တနင်္သာရီ မြစ်ဖျားအထက် သို့ မတက်ခင်မှာ) တွေ့မြင်ရမည့် တောင်စွယ်သည် တနင်္သာရီမြစ်ရေဆုံ/ မြစ်ခွဲ အမှတ်အသားပြ “ဇေတဝန်” တောင်တန်းပင်ဖြစ်သည်။ အရှေ့အနောက်၊ လေးဘက်လေးတန် ဝဲယာ အုတ်လှေကားကြီးများက တောင်ပေါ်သို့ တက်ရောက်ရန် အဝေးကပင် ဆွဲဆောင်နေသည်။ လှေကား တစ်ထစ်ချင်းကို တက်ရင်း ကျေးလက် ရှုခင်းများကို ကြည့်ရသည်က တကယ့်ကို သာယာကြည်နူးဖွယ်ဖြစ်သည်။စိမ်းလန်းသာယာသော ရှုခင်းပသာဒများ စွာခြံရံလျက်- တနင်္သာရီပြည်နှင့် ပုဂံခေတ် […]