BREAKING
September 16, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆)

diz_admin

November 9, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅) အပိုင်း -၁- အခန်း-၆- (၁) အင်အားသစ်များ ထပ်ရောက်လာခြင်းနဲ့ ကိုယ်စားလှယ်ရွေးချယ်ခြင်း ကျနော်တို့အဖွဲ့ မောင်တော်မှာ စခန်းဆောက်နေချိန် ပထမဆုံး ရောက်လာတဲ့ အုပ်စုကတော့ ကိုကျော်ကျော် (နောက်ပိုင်း ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ။ NDD နဲ့ PDC မှာ လက်ရှိ ခေါင်းဆောင် တာဝန်ယူနေသူ) နဲ့ ရန်ကုန်ကလာတဲ့ ကျောင်းသား ၄၊ ၅ ဦးဖြစ်ပါတယ်။ ဒုတိယ ရောက်လာတာကတော့ နတ်အိမ်တောင် စခန်းကနေ (ကျနော်တို့ ခွဲ ၁ မှာသောင်တင်နေသလို သူတို့အုပ်စုလည်း နတ်အိမ်တောင်မှာ သောင်တင်နေတာပါ) ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ ထားဝယ်နဲ့ ကံပေါက်အုပ်စု ဖြစ်ပါတယ်။ တတိယ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅)

diz_admin

November 8, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄) အပိုင်း-၁- အခန်း-၅- (၁) မောင်တော် ကျိုးဖိုးနဲ့ မင်းသမီး အမရာတို့တွေ့ပြီ… ဒီခေါင်းစည်း စာသားကို ဖတ်ပြီး ထက်အောင်ကျော် တယောက် တောထဲမှာ နှစ်ပါးသွား ကဖို့ ပြင်နေသလားလို့တော့ မထင်လိုက်ပါနဲ့။ ကရင်စကား နှစ်လုံးကို ဗမာမှုပြုထားတဲ့ ကျနော်တို့ ကျောင်းသားစခန်း တပ်တည်နေရာနှစ်ခုကိုတွဲပြီး ပြောလိုက်တာပါ။ မောင်တော် ဆိုတာက ကျနော်တို့ ကျောင်းသားတွေရဲ့ ပထမဆုံးစခန်းနေရာဖြစ်ပြီး အမရာကတော့ ဒုတိယနဲ့ နောက်ဆုံးနေရာပါ။ မင်းသမီးဆိုတာကတော့ မင်းသမီးချောင်းဖျားနဲ့ ချောင်းဝမှာရှိတဲ့ KNU စခန်းနဲ့ ကရင်ရွာတွေကို ဆိုလိုတာပါ။ မင်းသမီးစခန်း (မူလ ကရင်စကားကတော့ မင်တမီ ပါ) ဆိုတာက ခုနက ကျနော်ရှေ့မှာ ပြောခဲ့တဲ့ ထားဝယ်ဘက်မှာ မြစ်ဖျားခံတဲ့ ဘန်းချောင်းနဲ့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄)

diz_admin

November 7, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃) အခန်း-၁- အပိုင်း-၄- (၁) ဘန်းချောင်းဘေးမှာ တလတာ အချိန်တလကြာတဲ့အထိ ဘာမှမထူးဘူးဆိုရင် ဒီမှာဆက်နေမလား၊ ထားဝယ်ပြန်မလားဆိုပြီး ကျနော်တို့အကြား ငြင်းခုံမှုတွေ တိုးပွားလာပါတယ်။ မဲဆောက်နဲ့ သေဘောဘိုးဘက်က ကျောင်းသားတွေ၊ နောက်တခါ မင်းသမီးဘက်က ကျောင်းသားတွေနဲ့လည်း ကျနော်တို့က ဘယ်လိုမှ တိုက်ရိုက် ဆက်သွယ်မှုမရ၊ KNU ဆီကတဆင့် ကြေးနန်း သတင်းတချို့ကို ရနေပေမယ့် ကျနော်တို့က ဒါကို အယုံအကြည် သိပ်မရှိတော့ပါဘူး။ နောက်ဆုံးမှာတော့ မင်းသမီးဘက် ရောက်နေသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ဆိုပြီး ကျနော်တို့ဆီက ကိုယ်စားလှယ် ၂ ဦး ကိုရွေး၊ KNU လက်ထဲ အပ်ပြီး လွှတ်လိုက်ပါတယ်။ အဲဒီ ၂ ဦးကတော့ တနင်္သာရီတိုင်း လက်ရွေးစင် ဘော်လုံးသမား သန်းဝင်း […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃)

diz_admin

November 6, 2022

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂) >>>>> အပိုင်း-၁- အခန်း-၃- (၁) စစ်ကြောင်းနှစ်ခုအဖြစ် လမ်းခွဲချီတက်ခြင်း… ကျနော်တို့ကို ဗကပ ထားဝယ်ခရိုင် နိုင်ငံရေးမှူးရဲဘော် တင်ရှိန်၊ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်း ဆိုတဲ့ ညီအစ်ကိုနှစ်ဦး ဦးဆောင်တဲ့အဖွဲ့က ကြိုဆို စကားပြောခဲ့ပါတယ် (ဗကပ – တင်္သာရီတိုင်းဟာ နောက်ပိုင်းမှာ မြိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦးအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်းဟာ ၁၉၉၀ ဝန်းကျင် တိုက်ပွဲတခုမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်)။ အဲဒီတုန်းက သူတို့ညီအကို နှစ်ဦး ပြောတဲ့အထဲမှာ သူတို့ပါတီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ထားဝယ်လူထုရဲ့ ထောက်ခံမှုအခြေနေတွေ၊ လက်နက်ကိုင်လှုပ်ရှားမှု အခြေအနေ အတော်လေး စုံစုံလင်လင် ပါဝင်ပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက် တခုကတော့ KNU နယ်မြေဆီမသွားပဲ သူတို့ နယ်မြေမှာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂)

diz_admin

November 5, 2022

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁) >>>>> အပိုင်း-၁- အခန်း -၂- (၁) ထားဝယ်မြို့ရဲ့ အခြားတဖက် မျက်နှာမှာ… ကံဆိုးချင်တော့ မြစ်လယ်တည့်တည့်မှာ စစ်သင်္ဘောကြီးတစီး ရပ်ထားတာကို တွေ့လိုက်ရပါတယ်။ “ဘုရားရေ၊ သွားပြီထင်တယ်။ ဒီတခါတော့ ဆန္ဒပြပွဲအတွင်းမသေဘဲ ရေလယ်မှာ ပစ်သတ်ခံရတော့မယ်ထင်ပါတယ်” လို့ စိတ်ထဲက အတော်စိုးရိမ်ပြီး ဘုရားတလိုက်မိပါတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ ပြောရမလား၊ တမင် သိရက်နဲ့ လွှတ်ပေးလိုက်တာလားတော့ မပြောတတ်၊ အဲဒီသင်္ဘောကြီးက တချက်မှမလှုပ်ဘူး။ ဆလိုက်မီးနဲ့ ထိုးပြီး သတိပေးတာမျိုးလည်းမရှိဘူး။ ရင်တမမနဲ့စီးလာရတဲ့ လှေခရီးဟာ မနက် ၅ နာရီခွဲလောက်မှာတော့ စော်ဝရွာကို ဆိုက်ပါတယ်။ အဲဒီမှာ သေနတ်ကိုင်ထားတဲ့ ဗကပ ဆိုတာကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ်မြင်ဖူးပါတယ်။ ထားဝယ်က ကျောင်းသားတချို့လည်း သူတို့နဲ့အတူ ရှိနေတာကို […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁)

diz_admin

November 4, 2022

စာရေးသူရဲ့ အမှာစာ >>>>>ABSDF ဥက္ကဌ ရဲဘော်သံခဲ၏ အမှာစာ >>>>>ကျေးဇူးတင်ရှိခြင်း >>>>> အပိုင်း (၁) အခန်း -၁- (ထားဝယ်မှ မင်းသမီးစခန်းသို့…) (၁) နှစ် ၂၀ ကျော် ခရီးစဉ်ရဲ့ ပထမဆုံးနေ့ … တောစခိုဖြစ်တဲ့နေ့အကြောင်း တွေးမိတိုင်း ပထမဆုံး သတိရတာကတော့ “လမ်းကြုံလို့ တောခိုလာသူ” ဆိုပြီး ရဲဘော်တချို့က ကျနော့်ကို စ နောက်လေ့ ရှိတဲ့ စကားလုံးလေးပါ။ သူတို့ပြောမယ်ဆိုလည်း ပြောစရာပါပဲ။ တောခိုဖို့ ကြိုတင်စီစဉ်ထားခြင်း မရှိတဲ့ ကျနော်ဟာ တောခိုမယ့်လူတွေ ကျနော်တို့ ရွာဆီ ရောက်လာရာကနေ အဲဒီလူတွေနဲ့အတူ လိုက်ပါလာရင်းနဲ့ တောထဲရောက်လာတဲ့သူဆိုရင် မမှားပါဘူး။ ကျနော့် စိတ်ထဲ မှတ်မိသလောက်ကို ပြန်ကောက်ရမယ်ဆိုရင် အဲဒီနေ့က ၁၉၈၈ စက်တင်ဘာလ […]