BREAKING
September 16, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂)

diz_admin

November 15, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁) အပိုင်း-၂- (မင်းသမီးခစန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၂- (၁) မာနယ်ပလောဌာနချုပ်သို့ ပထမခရီးစဉ် KNU နယ်မြေကော်မီတီမှာ တာဝန်ထမ်းစဉ်အတွင်း မာနယ်ပလောကို ၃၊ ၄ ခေါက် ကျနော်ရောက်ဖူးခဲ့ပေမယ့် ပထမ အခေါက်ရောက်တာဟာ အရေးပေါ်ညီလာခံ မတိုင်မီလား၊ ညီလာခံပြီးမှလား ဆိုတာကိုတော့ အသေချာ မမှတ်မိတော့ပါ။ ပထမအခေါက်ဟာ ဥက္ကဋ္ဌ ကိုကျော်ကျော်၊ အတွင်းရေးမှူး ကိုခင်မောင်စိုးတို့နဲ့အတူ ကျနော် ပါသွားတာဖြစ်တဲ့အတွက် နယ်မြေကော်မီတီ ဖွဲ့ပြီးကာစမှာ သွားတာဖြစ်ဖို့များပါတယ်။ အချိန်ကာလကို အတိအကျ မမှတ်မိတော့ပေမယ့် ထူးခြားလှတဲ့ မာနယ်ပလောရဲ့ ပထဝီ အနေထားနဲ့ အခင်းအကျင်းကိုတော့ အခုထိ စိတ်ထဲမှာ မြင်နေဆဲဖြစ်ပါတယ်။ ထုံးစံအတိုင်း မဲဆောက်၊ မယ်လ၊ မက်သလေ၊ ခလေတလူကနေ မာနယ်ပလောအထိ ကားကြုံ၊ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁)

diz_admin

November 14, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၀) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၁- (၁) တပ်ရင်းနံပါတ်များ သတ်မှတ်ခြင်း ညီလာခံအတွင်းဆွေးနွေးတဲ့ နောက်ထပ်အရေးကြီးတဲ့အချက်တခုကတော့ ABSDFစခန်းတွေအတွက် တပ်ရင်းနံပါတ်တွေ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျောင်းသားတွေရောက်နေတဲ့ လူမျိုးစုလက်နက်ကိုင်နယ်မြေအလိုက် တပ်ရင်း နံပါတ်တွေကို သတ်မှတ်လိုက်ပြီး မွန်နယ်မြေ အတွက် အမှတ် ၁ နဲ့ စဖို့။ ကရင်နယ်မြေကို အမှတ်၂။ ကရင်နီနယ်ကို အမှတ် ၃။ ရှမ်း၊ ရလလဖ၊ ပအို့ ၊ ပလောင်နယ်တွေကို အမှတ် ၄။ ၅။ ၆။ ၈။ ကချင် နယ်ကို အမှတ် ၇။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အမှတ် ၉ နဲ့ စဖို့ သတ်မှတ်လိုက်ပါတယ်။ အဲဒီသတ်မှတ်ချက်တွေအရ မွန်ပြည်သစ်နယ်မြေ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၀)

diz_admin

November 13, 2022

<<<<<သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၉) အပိုင်း-၂ (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့…) အခန်း – ၁၀ – (၁) အရေးပေါ်ညီလာခံကျင်းပရာ သံလွင်စခန်းဆီသို့ ကျနော်တို့အုပ်စု မဲဆောက်မှာ တရုံးရုံးဖြစ်နေတုန်း ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ အရေးပေါ် ညီလာခံခေါ်မယ်ဆိုပြီး ဖိတ်စာရောက်လာပါတယ်။ ဘာကြောင့်ခေါ်ဖို့လိုသလဲဆိုတဲ့ အကြောင်းပြချက်ကို ကျနော် အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ဗဟိုဦးစီးအဖွဲ့မှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ အတွင်းရေးမှူး ကိုသန်းဝင်းတို့ပဲ ရှိနေပြီး ဒုတိယ ဥက္ကဋ္ဌ ကိုဝင်းမိုး၊ တွဲဘက် အတွင်းရေးမှုး ၂ ဦးဖြစ်တဲ့ ကိုအောင်နိုင် (အခု VOA မြန်မာပိုင်းဌာနမှူး) နဲ့ ဆလိုင်းကိုကိုဦး တို့က မရှိကြပါဘူး။ ထိုင်းရဲက ဖမ်းလို့ ဘန်ကောက်မှာ သောင်တင်နေပြီး နယ်စပ်ကို […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၉)

diz_admin

November 12, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၈) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့…) အခန်း-၉ (၁) ၃/ ၈၉ မဲဆောက် နှစ်သစ်ကူးပွဲ ပြီးတဲ့နောက်မှာတော့ ဒေသအခြေအနေ လေ့လာရေးခရီးစဉ်အဖြစ် ကလက်ဒေးကနေ ၃ နာရီနီးပါး လမ်းလျှောက်ရတဲ့ ကလက်ဒေး – ရွေဂွန်း ကားလမ်းကြမ်းပေါ်က ကုန်သည်စခန်းထောက် ရှမ်းရွာသစ် ဆိုတဲ့ ရွာလေးတခုကို ကျနော် ရောက်ခဲ့ပါတယ်။ အဲဒီမှာ အိမ်ခြေ ၅၀ လောက်နဲ့ KNU အကောက်စခန်းတခုရှိပါတယ်။ အထူးသဖြင့် နွားမှောင်ခိုသယ်တဲ့လမ်းကြောင်း ဖြစ်တာကို သတိထားမိပါတယ်။ ကလက်ဒေးစခန်းက ကျောင်းသားတွေကတော့ ဒီရွာကို စခန်းထောက်အဖြစ် အသုံးပြုပြီး ကုန်သည်တွေ၊ ခရီးသွားတွေကို စည်းရုံးဟောပြောတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ ရှေ့တန်းသတင်းယူတာတွေကို လုပ်နေတာ တွေ့ရပါတယ်။ အဲဒီရွာကအပြန် သီတင်းတပတ်လောက် ကြာပြီးတဲ့အချိန်မှာတော့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၈)

diz_admin

November 11, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့…) အခန်း (၈) (၁) ဆီးပင်တန်းညီလာခံနှင့် နယ်မြေကော်မီတီပေါ်လာခြင်း နှစ် ၂ဝ ကျော်ကြာပြီးတဲ့နောက် အချက်အလက် အတော်များများကို ပြန်မှတ်မိဖို့ ကျနော်မနည်းကြိုးစားနေရပေမယ့် KNU နယ်မြေကော်မတီဖွဲ့တဲ့နေ့ကို စဉ်းစားရင်း အလိုလို သတိရနေတာကတော့ “ကျောက်စရစ် မာခေါင်ခေါင်မှာ အတောင်ကျွတ်တဲ့ ကြိုးကြာ ရေရှာမရသကဲ့သို့” ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ အဲဒီ စကားလုံးရဲ့ ပိုင်ရှင်ကတော့ သံလွင်စခန်းက ကိုယ်စားလှယ် (နောက်ပိုင်း ၂၀၉ တပ်ရင်းမှူးနဲ့ ဗဟိုကော်မတီဝင် ဖြစ်လာသူ) ကိုသိန်းဆန်းဖြစ်ပြီး လက်ရှိဗဟိုကော်မတီ အောက်ခြေ လွတ်နေပုံကို ဝေဖန်ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဝေဖန်ပြောဆိုချက်တွေဟာ ထိရောက်ပေမယ့် သူများကို ပြောခွင့်မပေးပဲ သူချည်း နင်းကန်ပြောနေလို့ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇)

diz_admin

November 10, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလော စခန်းဆီသို့…) အခန်း- ၇- (၁) မင်းသမီးမှ မဲဆောက်ဒေသသို့ ပထမခရီးစဉ် မဲဆောက်နဲ့ ထိုင်းနိုင်ငံထဲ ပထမဆုံးအကြိမ် ခရီးထွက်ရတဲ့ နေ့ရက်အတိ အကျကိုပြန်မမှတ်မိတော့ပေမယ့် အဲဒီနေ့ဟာ ၁၉၈၈၊ နိုဝင်ဘာလ ဒုတိယပတ်၊ တတိယပတ်လောက် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကျနော့်ဘဝအတွက် ပထမဆုံး နိုင်ငံခြားခရီးစဉ်ဆိုပြီး စိတ်ထဲမှာ အတော်လှုပ်ရှား နေပါတယ်။ မြို့ပြ အငွေ့အသက်၊ မော်တော်ကား အခိုးအငွေ့တွေနဲ့ ၂ လကျော် ဝေးနေတဲ့ကျနော့်အဖို့ လွန့်တိုး (ပေါင်မုန့်ကား) မီနီဗင်လေးကို စီးပြီး ထီးခီးကနေ ထိုင်းဘက်ကို ထွက်လာကတည်းက အားလုံးဟာအသစ်အဆန်း ဖြစ်နေပါတယ်။ ကားမောင်းသူက ပဒိုသူရယ်၊ သူဘေးမှာက ထိုင်း ထောက်လှမ်းရေး တဦးပါတယ်လို့ […]