BREAKING
September 19, 2024

သမိုင်း

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၈)

diz_admin

November 21, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၇) အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ) အခန်း-၁၈- (၁) ထိုင်းစကား မပီတဲ့ နန်စူစန် ဖမာ့များ စန်ခရဘူရီကနေ ကန်ချနဘူရီအထိ ရိုးရိုးဘတ်စကား အနီ၊ ကန်ချနဘူရီကနေ ဘန်ကောက်ကိုတော့ အဲယားကွန်း အစိမ်းရောင်ကားကို စီးပြီး ညနေ ၆ နာရီကျော် ၇ နာရီလောက်မှာ ဘန်ကောက် စိုင်တိုင်းမိုင် (တောင်ပိုင်းဒေသ ကားဂိတ်) ဆီ ကျနော်တို့ ၅ ဦး ချောချောမောမော ဆိုက်ရောက်လာပါတယ်။ ဒါပေမယ့် ဘန်ကောက်ကိုရောက်တာနဲ့ ပြဿနာက စပါလေရော။ ကိုယ့်ပုံကိုယ် မြို့သားပုံပေါက်နေပြီလို့ ထင်ထားပေမယ့် ထိုင်းရဲတွေ မျက်စိထဲမှာတော့ ကျနော်တို့ပုံတွေက ဖမ်းချင်စရာကြီး ဖြစ်နေပုံရပါတယ်။ ကျနော်တို့ ဝတ်စားထားတဲ့ပုံက ထိုင်းထောက်လှမ်းရေးလိုလို ပုံဖမ်းထားပေမယ့် တရုတ်လုပ် စစ်ကျောပိုးအိတ်တလုံးစီ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၇)

diz_admin

November 20, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၆) အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်မှ စစ်သည်တော်များ) အခန်း-၁၇- (၁) နယ်မြေကော်မီတီမှ မင်းသမီးစခန်းသို့ ခဏပြန်ခြင်း KNU နယ်မြေကော်မတီမှာ တာဝန်ထမ်းနေစဉ်အတွင်း မင်းသမီးခစန်းကို ၂ ခေါက် ပြန်ဖြစ်တယ်လို့ ထင်ပေမယ့် နေ့ရက်အတိအကျကိုတော့ မမှတ်မိတော့ပါ။ ပထမတခေါက် ပြန်ဖြစ်တာကတော့ ကလက်ဒေးမှာ ကျင်းပတဲ့ နယ်မြေကော်မတီဖွဲ့ပြီးကာစ ၁၉၈၉၊ ဇန်နာဝါရီလ လယ်လောက်မှာလို့ ထင်ပါတယ်။ ကျနော်နဲ့ ကိုကျော်ထင်တို့ ၂ ဦးဟာ KNU ပဒိုတဦးရဲ့ ကားကြုံနဲ့ ကလက်ဒေးကနေ မင်းမသီးစခန်းဆီ ပြန်လိုက်သွားပြီး နယ်မြေအစည်းဝေး အတွေ့အကြုံနဲ့ ဗဟိုဘက်က အခြေနေတွေကို စခန်းမှာ ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ ပြန်သွားတဲ့အချိန်မှာ စခန်းက မောင်တော်မှာ ဆက်ရှိနေဆဲဖြစ်ပေမယ့် ထားဝယ်ဘက်က ကျောင်းသားတချို့ကတော့ ရှေ့ပိုင်းမှာ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၆)

diz_admin

November 19, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၅) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၆- (၁) ပစ်တိုင်း မထိ၊ ထိတိုင်း မသေ နှစ်ဖက် အသုံးပြုတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် မိုင်း-ဗုံးတွေအကြောင်းကိုလည်း ပြောချင်ပါတယ်။ မိုင်းတွေထဲမှာတော့ ရှေ့ထွက်မိုင်းဟာ အသုံးဝင်ဆုံးဖြစ်ပါတယ်။ ဗုံးတွေထဲမှာတော့ M 16 သေနတ် ပြောင်းထိပ်မှာ တင်ပြီးပစ်တဲ့ ခွင်းဗုံးနဲ့ အမေရိကန်လုပ် လက်ပစ်ဗုံးအသေးစားတွေပေါ့။ ဒါပေမယ့် ကျနော်တို့အကြား ဖောဖောသီသီ သုံးနိုင်တဲ့ ဗုံးသီးကတော့ “မဖွားရှင်” ခေါ် KNU ရဲ့ လက်လုပ်ဗုံးပဲ ဖြစ်ပါတယ်။ လက်လုပ်ဗုံးဆိုတဲ့အတိုင်း ပင်တွေ ဘာတွေအသေချာမပါ။ ယမ်းတွေနဲ့ သံတိုသံစတွေ ထည့်ထားတဲ့ ဗုံးသီးထဲကနေ အုန်းဆံကြိုးလိုလို၊ အပ်ချည်ကြိုးလိုလို အဖြူရောင်ကြိုးစ အကြီးကြီးတခု တပေခွဲလောက် အရှည်ထွက်နေပါတယ်။ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၅)

diz_admin

November 18, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄) အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၅- (၁) သောင်ရင်းမြစ်လယ်က ကျည်ဆံတွေကြားမှာ ဒီလူတွေက လမ်းအတော် ကျွမ်းပုံရပါတယ်။ လက်နက်ကြီးကျည် ကျထားလို့ မီးလောင်ထားတဲ့ နေရာတွေကိုရှောင်ကွင်း၊ တချို့နေရာတွေမှာတော့ သစ်ခက်တွေခုတ်ပြီး တောမီးကို ငြိမ်းသတ်၊ ဝေါ်ကီတော်ကီထဲကနေ ကရင်စကားတွေနဲ့ပြော။ “နာဟူးဃာ … နာဟူးဃာ” (ကြားရလား … ကြားရလား လို့ မြန်မာလို အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့ ကျိုးဖိုးတွေရဲ့ စကားလုံးအတိုင်းဆိုရင်တော့ ရထားဖြစ်လား … ရထား ဖြစ်လားလို့ တဖက်က စက်ကိုင်ထားတဲ့လူကို မေးတဲ့သဘောပါ)။ အဲဒီတလုံးကလွဲရင် ကျန်တာကို ကျနော်က ဘာမှနားမလည်။ ဆိုတော့ ကျနော်စိတ်ထဲမှာ ကိုယ်တခါမှ အသေချာမသိဖူးသေးတဲ့ ဒီလူတွေနဲ့လိုက်လာမိတာ မှားပြီလား။ လိုင်းကားပြန်စီးပြီး မဲဆောက်ပြန်သွားရင် […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄)

diz_admin

November 17, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၃) အပိုင်း -၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၄- (၁) ကော့မူးရာ (သို့) ABSDF ပထမအကြိမ်ညီလာခံ ကျင်းပတဲ့နေရာ ကော့မူးရာ ခေါ် ဝမ်ခစခန်းဟာ မဲဆောက်မြို့ကနေ  မိနစ် ၃၀ လောက်ပဲ ကားမောင်းရပြီး ထိုင်းဘက်ကမ်း ဝမ်ခရွာအထိ လိုင်းကားတွေ တနာရီတစီးနှုန်း ပြေးနေတဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ တံတားကြီး ၂ ခုက ဝမ်ခနဲ့ ကော့မူးရာ စခန်းကြားရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးဖောက်ထားတဲ့အတွက် မဲဆောက်ကလာတဲ့ အရေးကြီးကားတွေဟာ နာရီဝက်အတွင်း ကော့မူးရာစခန်းထဲအထိ ရောက်နိုင်တဲ့အနေ ထားဖြစ်ပါတယ်။ ဒီလို ဆက်သွယ်ရေးလွယ်ကူပြီး KNU အထူးတပ်ရင်း ၁၀၁ အခြေစိုက်တဲ့စခန်း ဖြစ်တာကြောင့် ABSDF ပထမ အကြိမ်ညီလာခံ […]

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၃)

diz_admin

November 16, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂) အပိုင်း-၂- (မင်းသမီးခစန်းမှ မာနယ်ပလောစခန်းဆီသို့) အခန်း-၁၃- (၁) ဖက်ဒရယ်မြို့တော်နဲ့ ဖက်ဒရယ်တက္ကသိုလ် မာနယ်ပလော ကွင်းပြင်ထဲကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုတောကြီးမျက်မည်းထဲက သူပုန်ဌာနချုပ်မှာ လျှပ်စစ်မီး ၂၄ နာရီ လင်းနေတယ်ဆိုရင်မြန်မာနိုင်ငံက စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ကျန်တဲ့မြို့တွေကို အမှောင်ချပြီး နေပြည်တော်ဌာနချုပ်တခုတည်း မီးလင်းနေအောင် စီမံထားတာမျိုး မဟုတ်ပါဘူး။ ခုနက မြင့်မားလှတဲ့ နော်ဒေးတောင်တန်းပေါ်ကနေ ကျလာတဲ့ချောင်းရေကို တမံလုပ်ပြီး အဲဒီကနေ ရေအားလျှပ်စစ်နဲ့ မာနယ်ပလော တခွင်လုံးကို လျှပ်စစ်မီး ပေးထားတာပါ။ ဒါ့အပြင် ရေကိုလည်း ပိုက်တွေနဲ့ သွယ်ပေးထားတဲ့အတွက် ရေ၊ မီး အတော်အဆင်ပြေတဲ့နေရာ။ တီဗီစလောင်း လိုင်းပေါင်းစုံရတဲ့ တောတွင်းမြို့တော်လို့ ပြောရင်ရမယ် ထင်ပါတယ်။ ပဒိုဘသင် အိမ်ကနေ ဘေးပတ်လည်အိမ်တွေကို ကျနော်လေ့လာကြည့်တဲ့အခါ […]