သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး(ကျေးဇူးတင်ရှိခြင်း)
diz_admin
November 4, 2022ဒီစာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီခဲ့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်အပ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ တောတောင်တွေထဲ ခက်ခဲကြမ်းတမ်းစွာ အတူတကွ ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ၂၀၁ တပ်ရင်း၊ မင်းသမီးစခန်းမှ ဘဝတူရဲဘော်ရဲဘက်တွေ၊ တခြား တပ်ရင်း စခန်းအသီးသီးက ရဲဘော် ရဲဘက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ရှားပါးဓာတ်ပုံတွေ ရှာဖွေပေးတဲ့၊ ကျနော်မေးမြန်းသမျှကို ဖြေကြားပေးကြတဲ့ တပ်ရင်းအသီးသီးက ရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်ကြောင်း ပထမ ဆုံး ပြောချင်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ ဒီစာအုပ်အတွက် အမှာစာရေးပေးတဲ့ လက်ရှိ ABSDF ဥက္ကဌ ကိုသံခဲနဲ့တကွ ကျနော်မေးမြန်းသမျှအချက်အလက်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေ ရှာဖွေပေးခဲ့တဲ့ လက်ရှိ ဗဟိုကော်မီတီတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ တတိယ အနေနဲ့ကတော့ ဒီလိုစာအုပ်မဖြစ်ခင်မှာ အခန်းဆက်ဆောင်းပါး ၅၂ ခုကို […]