BREAKING
September 7, 2024

သရုပ်ဖော်ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့သစ်တော ပိုပြုန်းသွားနိုင်

diz_admin

March 3, 2021

စီးပွားရေး ပိတ်ဆို့မှု၊ ကုန်သွယ်ရေး ပိတ်ဆို့မှုများ၏ ဖိအားကြောင့် မြန်မာ့ တပ်မတော်သည် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများမရှိသော နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများကို သစ်လုပ်ကွက်များ ပိုချပေးလာနိုင်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု နှင့် နိုင်ငံခြားတိုင်းပြည်များနှင့် စီးပွားရေး လုပ်ငန်းများက မြန်မာပြည်အပေါ် ကုန်သွယ်ရေးသပိတ်မှောက်မှု မြင့်လာခြင်းတို့မှာ မြန်မာပြည်၏ သစ်တော ပြုန်းတီးမှုကို အားပေးရာရောက်နိုင်သည်။ တစ်နည်းဆိုသော် ထိုသို့သော အခြေအနေသည် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စံချိန်စံညွှန်းမျိုး မရှိ သော၊ အလေးမထားသော ရင်းနှီးမြှုပ်နှံ သူများလက်သို့ မြန်မာ့သစ်တောများ ပြန်ရောက်သွားနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက သတိပေး ကြပါသည်။ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို မြန်မာ့တပ်မတော်က ယခုလအတွင်း […]

ပုံပြင်

diz_admin

February 18, 2021

“မေမေ ပုံပြောပြနော်။ သမီး မအိပ် ချင်သေးလို့” ဟော ထုံးစံအတိုင်း စလာပြီ။ ကြီးကောင်ဝင်လာတာတောင် ပုံပြင် နားထောင်ချင်စိတ် မပျောက်သေး။ “ပုံပြင်တော်တော်များများက သမီး နားထောင်ပြီးသား ဖြစ်နေပြီလေ။” “မေကလဲ ခါတိုင်းလိုပဲ လက်တန်း စဉ်းစားပြီး ဟိုစပ်ဒီစပ်ပြောပြလေ”“အေးပါ အေးပါ” ဟိုးတစ်ခါတုန်းက စိမ်းလန်းစိုပြည်ပြီး သီးပင်စားပင်တွေလည်း ပေါကြွယ်ဝတဲ့ တောင်ခြေရွာလေးတစ်ရွာ ရှိသတဲ့။ ရွာသူရွာသားတွေကလည်း ရှိသမျှနဲ့ ရောင့်ရဲတင်းတိမ်ကြပြီး ပျော်ပျော်ပါးပါး နေတတ်ကြသတဲ့။ တစ်ရက်တော့ တောင်ပေါ်တောနက်ထဲက ဘီလူးမိစ္ဆာတစ်ကောင်ဟာ ရွာထဲ ကို ဝင်လာ၊ ရွာလယ်ဇရပ်ကို ခြေကုပ် ယူပြီး လူသားကော တိရစ္ဆာန်ပါမကျန် ဖမ်းဆီးစားသောက်ဝါးမျို ဖို့ကြံသတဲ့။ ဘီလူးကြီးက ဝရဇိန် လက်နက်ငါးမျိုး ကိုပါ ပိုင်ဆိုင်တာ သိကြတော့ ရွာသား တွေဟာ အင်မတန် […]

လငပုပ်ဖမ်းတဲ့ ညများ

diz_admin

February 10, 2021

ကျွန်တော်တို့မြို့မှာ နည်းနည်းတော့ ထူးဆန်းနေတယ်။ လလည်းမသာ တိမ်လည်းမဖုံးပါဘဲ တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်မြို့ လုံး ယောကျာ်း၊ မိန်းမ ကလေးလူကြီး သံပုံးတွေ၊ ဒယ်အိုးတွေ၊ စတီးနဲ့လုပ်ထား တဲ့ ဝရန်ဒါတွေ၊ ပြောရရင် အသံထွက်တဲ့ အရာမှန်သမျှ နီးရာကောက်ပြီး တီးနေ ကြတယ်။မှတ်မှတ်ရရ ဖေဖော်ဝါရီလ ၃ ရက် ည ၈ နာရီကစပြီး အဲဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုး ဖြစ်နေတာ ခုဆိုရင် နှစ်ညရှိ ပြီ။ ည ၈ နာရီထိုးတာနဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ တစ်ရပ်ကွက်လုံးညံနေတာ။ ရပ်ကွက်ထဲ နားမခံသာလို့ ဆိုင်ကယ်တစ်စီးနဲ့ လမ်းပေါ်ထွက်လိုက်တော့ “အမိဝေး”။ ပိုတောင်ဆိုးသေး။ ဆိုင်ကယ်တွေ ကားတွေမှန်သမျှ ဟွန်း အဆက်မပြတ်တီးပြီးကို အလျင်စလို သွားလာနေကြတာ တစ်မြို့လုံး မီးပဲ […]

အရ၊ အလျော့ ရခြင်းနှင့် လျော့ခြင်း

diz_admin

February 5, 2021

ချဲ့၍ ဆိုရသော် ကိုယ့်တွင် ရရှိ လာခြင်းနှင့် ကိုယ်ထံမှ ယုတ်လျော့ သွားခြင်းဖြစ်သည်။ သတ္တဝါဟူသမျှတို့ ၏ သဘာဝမှာ ကိုယ်က ရလျှင် ဝမ်းသာတတ်၊ ကျေနပ်တတ်ကြပြီး ကိုယ့်ဆီက လျော့သွားလျှင်မူ ဝမ်းနည်းတတ်၊ နှမြော တတ်ကြပါသည်။ ကိုယ်က ရလိုက်လေ ခြင်းဟု ခံစားမိပြီး အပျော်ကြီးပျော်ကြသူ တို့ကို တွေ့ဖူးပါလိမ့်မည်။ ထို့အတူ ကိုယ်က ပေးလိုက်ရလေခြင်းဟူ၍ တအုံ့ နွေးနွေးနှင့် စုတ်တသပ်သပ်ဖြစ်နေသူတို့ လည်း ရှိပါ၏။ ကျွန်တော်တို့သည် အချိန်နှင့်အမျှ တစ်ခုခုကို သိရန်ကိုသာ အားထုတ်နေ ကြသူများ ဖြစ်သည်။ သို့မဟုတ် တစ်ခုခုကို ရရှိရန် လုံးပမ်းနေကြသည်။ ထိုအချိန် မှာပင် ကျွန်တော်တို့ထံမှ ယုတ်လျော့သွားရမှုများလည်း အခြားတစ်ဖက်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေပါသည်။ အမှန်တွင်မူ ရခြင်းနှင့် […]

မိုးများရေရှား တနင်္သာရီတိုင်းမှာ အဖြေမရှိသေးပါ

diz_admin

January 20, 2021

ကမ္ဘာကြီး ပူနွေးလာမှုရဲ့နောက်ထပ်ရိုက်ခတ်မှုကတော့ ရေအရင်းအမြစ်တွေ ရှားပါးလာပြီး ရေခန်းခြောက်မှုတွေ ပိုဖြစ်လာတဲ့ ပြဿနာပါပဲ။ ကမ္ဘာ့ အပူချိန် ၁.၅ ဒီဂရီ ပိုပူလာ တယ်ဆိုတာ ဂြိုလ်ကမ္ဘာဟာ တကယ့် မဖြတ်ရတဲ့ အန္တရာယ်စည်းကို ကျော်နေပြီဆိုတာကို ပြတာပါ။ အပူချိန်တွေ ထပ်တိုးလာနေတာဟာ ဆိုးလာတဲ့ အခြေအနေကနေ ကြောက်လန့်စရာကောင်းတဲ့ အနေအထားကို တဖြည်းဖြည်း ရွေ့လာနေတာပါ။ ကမ္ဘာ့ အပူချိန်မြင့်တက်မှုကြောင့် ရေခဲတောင်တွေ အရည်ပျော်ခြင်း၊ မြေအောက်ရေ ခန်းခြောက်ခြင်းတွေ အလျင်အမြန်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံလည်း ရေရှားပါးမှု အန္တရာယ်က တဖြည်းဖြည်း ဖြစ်ပေါ်လာနေပါပြီ။ ပြီးခဲ့တဲ့ နွေရာသီက မြန်မာနိုင်ငံ ဒေသအချို့မှာ အပူချိန် စံချိန်တင်မှုတွေ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ နွေရာသီရေရှားပါးမှုကြောင့် တောထဲမှာနေတဲ့ သမင်လေးတွေ၊ မျောက်တွေဟာ ရေပြတ်လပ်တဲ့ ပြဿနာတွေ ကြုံခဲ့ကြပါတယ်။ မိုးများရေရှား […]

ကိုဗစ်အလွန်ကို မျှော်ကြည့်ခြင်း

diz_admin

December 26, 2020

ကိုဗစ်-၁၉ လို့ အမည်ရတဲ့ သည်ရောဂါကို ကျွန်တော်တို့တွေ မုန်းလှပြီ။ ခု သည်စာကို ရေးနေတဲ့ ခဏမှာသော်မှ နှာခေါင်းစည်းတွေတပ်ပြီး ဆေးခန်းမှာ လူနာကြည့်နေရင်း ကိုယ့်ကိုယ်ကိုယ်သော်မှ လှောင်ပိတ်မိနေသလိုပါပဲ။ ဘယ်လူနာကများ ထူးပြီး ကိုဗစ် ဖြစ်နေလေမလဲ ဆိုတဲ့အတွေးနဲ့ အဖျား နဲ့ ချောင်းဆိုးတဲ့ လူနာတွေ လာတိုင်း သံသယတွေနဲ့ ကြည့်နေရသလို ကိုယ်သည် အချိန်မရွေး ပိုးတွေ့လူနာနဲ့ ထိစပ်သူ (Contact Person) ဖြစ်လာနိုင်တာ အမြဲတွေးနေကြရတယ်။ နေ့တဓူဝ ပုံမှန် အလုပ်တွေလည်း သည်နေ့အထိ ပုံမှန် မဖြစ်သေးပါဘူး။ အဆိုးဆုံးက စာအုပ် ချဉ်ခြင်းတပ်တဲ့ စာဖတ်သူအဖို့ ခါတိုင်း မနက် လေယာဉ် ဆိုက်တာနဲ့ နေ့စဉ်ထုတ် သတင်းစာလေး၊ ဂျာနယ်လေးတွေ ပြေးဝယ်ပြီး ဖတ်နေကျ စာအုပ်တွေ၊ […]