BREAKING
December 22, 2024

အက်ဆေး

ဆောင်းတွင်း ရွာသော မိုးအောက်မှ နွေသို့အလွမ်းများ

diz_admin

July 1, 2020

ရက်သတ္တပတ်တစ်ခုလုံး မစဲဘဲ တသည်းသည်း ရွာနေသော မိုး…။ တောင်ဝင်ရိုးစွန်းမှ အလည်လာသော လေများက ပကတိ အေးစက်စက်နှင့်လူကိုလာကလူကျီစယ်တတ်သည်။ နယူးဇီလန်၏ ဆောင်းကားသည်လို အုံ့မှိုင်းမှိုင်း အေးစက်စက်နှင့် စခဲ့ပြီ။ ကျွန်တော်နေထိုင်ရာ ဝယ်လင်တန်မြို့လေးမှာ ယေဘုယျအားဖြင့် လေအမြဲတိုက်သော အရပ်မို့ မိုးရွာသော နေ့ရက်များဆိုလျှင် အေးစက်စိုစွတ်လျက် အိမ်အပြင် မထွက်ရဲလောက်အောင်ပင် ဖြစ်ရသည်။ လွန်ခဲ့သော ရက်များက ဝိတိုရိယတက္ကသိုလ်၏ စာမေးပွဲများ၊ လူမှုရေးကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့၍ အိမ်ရှေ့နားက ဝိတိုရိယ တောင်ကြီးဆီ လမ်းလျှောက် မထွက်ဖြစ်ခဲ့တာပင် ကြာပြီ။ အိမ်မှ လှမ်းမြင်ရသည့် ဝိတိုရိယတောင်ကြီးကတော့ မိုးဒဏ် လေဒဏ် အအေးဒဏ်များအကြား စိမ်းစိမ်းစိုစို တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေမပျက် ရှိနေသည်။ ဆောင်းရောက်တော့လည်း နွေကို လွမ်းမိပြန်ပါသည်။ ကျွန်တော် နယူးဇီလန်ကို စရောက်ချိန်က နွေနှောင်းပိုင်းလောက် […]

လျစ်လျူရှုမိသော

diz_admin

June 1, 2020

ခေါင်းကိုတစ်ချက်သပ်လိုက်တာနဲ့ လက်ထဲမှာ ပါလာတဲ့ ဆံပင်တစ်ထွေး ကြီးကို ကျွန်မငေးကြောင်ပြီး ကြည့်နေမိတယ်။ ဘန်ကောက်မြို့ရဲ့ ဟိုတယ်အခန်း တစ်ခုထဲမှာ ကျွန်မတစ်ယောက်တည်း။ လက်တစ်ဖက်က ြွကပြွ်ကပ်အိတ် တစ်လုံး ကိုကိုင်ပြီး ကျန်လက်တစ်ဖက်က ခေါင်းပေါ်က ဆံပင်တွေကို သပ်ချနေ တယ်။ ြွကပြွ်ကပ်အိတ်ထဲမှာ ဆံပင်အကျွတ် တွေက အထွေးလိုက်။ ခေါင်းပေါ်မှာတော့ ဆံပင်တွေက ကျိုးတိုးကျဲတဲပဲ ကျန်တော့ တယ်။ လက်ထဲမှာပါလာတဲ့ ဆံပင် တစ်ထွေးကြီးကို ငေးကြည့်ရင်း အတွေး တွေက တိမ်မျှင်ပါးပါးတစ်စလို ဟိုသည် လွင့်ဝဲလို့။ ကျွန်မ ဒီဆံပင်တွေကို နှမြောနေတာ လား။ ဒါလည်း မဟုတ်သေးဘူး ထင် တယ်။ ကျွန်မက ဆံပင်ကို ဘယ်တုန်းကမှ မြတ်နိုးတန်ဖိုးထားခဲ့သူမှ မဟုတ်တာ။ တန်ဖိုးမထားရုံမက ဆံပင်ကို ရွံရှာတဲ့ နေရာမှာ […]

အိမ်နောက်ဖေး ဈေးဆိုင် ပြန်တည်ကြမယ်

diz_admin

May 4, 2020

“ကမ္ဘာကြီးဟာ လူတွေရဲ့လိုအပ်ချက် အတွက် လုံလောက်ပေမယ့် လူတွေရဲ့ လောဘအတွက် မလုံလောက်ပါ” (မဟတ္တမဂန္ဒီ) လူတိုင်းအတွက် အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်ကတော့ စားဝတ်နေ ရေး ပါပဲ။ ဒါပေမယ့် လူတွေဟာ လောဘ နောက်လိုက်ပြီး ဇိမ်ခံပစ္စည်းတွေနဲ့ စားဝတ်နေရေးကို အကျယ်ချဲ့နိုင်သမျှ ချဲ့ကြတော့ သဘာ၀ပတ်ဝန်းကျင်တွေ ပျက်စီး၊ ဂေဟစနစ်တွေ ပျက်စီးလာပြီး ဖောက်ပြန်လာတဲ့ ဥတုဘေးဒဏ်တွေကို ပြန်ခံကြရပြန်တယ်။ အခုဆိုရင် ဥတု ဘေးဒဏ်အပြင် ကူးစက်ကပ်ရောဂါရဲ့ ဘေးဒဏ်ကိုလည်း တစ်ကမ္ဘာလုံး ခံနေ ကြရပြီ။ ကျွန်မတို့ရဲ့ ဘ၀နေထိုင်မှုပုံစံကို ဒီလိုပဲ ရှေ့ဆက်သွားမလားဆိုတာ ကျွန်မ တို့ ပြန်စဉ်းစားသင့်ပြီလို့ ထင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုကမ္ဘာ ကြီးကို တည်ဆောက်ဖို့အတွက် လူသား တွေဟာ အဆမတန်တဲ့ သယံဇာတတွေကို ထုတ်ယူသုံးစွဲရင်း […]

အိမ်တွင်းအောင်းကာလ အတွေးများ

diz_admin

April 28, 2020

လွတ်လပ်စွာသွားလာနေထိုင်နေတဲ့ အနေအထားတစ်ခုကနေ ရုတ်တရက် ရပ်တန့်လိုက်ရတဲ့အခါ ဘယ်လိုများ ဖြစ်သွားနိုင်မလဲလို့ ကျွန်မ တွေးမိပါတယ်။ တွေ့နေကျ မိတ်ဆွေအပေါင်းအသင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ မတွေ့ဘဲ နေရတဲ့အခါ ခံစားချက်တွေက ဘယ်လို ပြောင်းလဲသွားမှာပါလိမ့်။ ရုန်းကန် လှုပ်ရှားနေတဲ့ လူပင်လယ်လှိုင်းလုံးကြီး ကနေ ရုတ်တရက် သွေခွာပြီး ရပ်တန့် ပစ်လိုက်တဲ့အခါ စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံ၊ မိမိကိုယ်ကိုယ်နဲ့ အခြားသူ တွေအပေါ် ရှုမြင်သုံးသပ်ပုံက ရှုထောင့် တစ်မျိုး ပြောင်းသွားနိုင်ပါသလား။ အခုလည်း အဲဒီလို ရပ်တန့်လိုက်ရတဲ့ အနေအထားကို ကျွန်မကိုယ်တိုင် ရင်ဆိုင် ဖြတ်သန်းနေရပြီ။ ဒီအချိန်မှာ ကျွန်မ ဘယ်လိုအတွေးမျိုးကို တွေးနေမိပါလိမ့်။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ အတွေး တွေကို ကောက်ယူစုသိမ်းရင်း ထပ်ပြီး အတွေးနယ်ချဲ့နေမိပြန်ပါတယ်။ “အကျယ်ချုပ်” ဆိုတဲ့စကားလုံးကို […]

တစ်ခါက ဗလာစာအုပ်လေးတွေ

diz_admin

April 7, 2020

လွန်ခဲ့သော တနင်္ဂနွေနေ့က သူငယ်ချင်း တစ်ယောက်ဆီသို့ အလည်သွားရင်း တွေ့ခဲ့ရသည့် မြင်ကွင်းတစ်ခုက ရင်ထဲ မကောင်း။ စိတ်မကောင်းခြင်း၏ အနောက်တွင် သတိရလွမ်းဆွတ်ခြင်းကလည်း အလို အလျောက် ကပ်ပါလာသည်။ အဟောင်းတို့ ပြန်မသစ်နိုင်တော့ဘဲ အလေအလွင့်ဘ၀ ရောက်ကြရသည်ကို မြင်ရခြင်းကြောင့် ဖြစ်သည်။ ဟိုး . . . ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို . . .။ ။ ။။ ။ ငယ်ငယ်က အစ်ကိုကြီး၊ ညီလေး နှစ်ယောက်နှင့်အတူ မြိတ်မြို့ ကန်ခေါင်း ရပ်ကွက် မန္တလေးကျောင်းလမ်းရှိ ဖေဖေ့ အစ်ကိုနှင့် ညီမတို့၏ အိမ်တွင်နေကာ ကျောင်းတက်ခဲ့ရသည်။ တက်သည့်ကျောင်းက ဗဟိုကျောင်း (ယခု အ.လ.က(၆))။ သီတင်းကျွတ်၊ ဒီဇင်ဘာ၊ နွေရာသီ ကျောင်းပိတ်ရက် ကဲ့သို့သော […]

အိမ်မက်ထဲက နတ်အိမ်တောင်

diz_admin

January 8, 2020

နေအထွက်ကိုငေးခဲ့တယ်။ နယ်စပ်စည်းမျဉ်းတွေဆိုတာ လူသားရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်နိုင်စွမ်းမှ မရှိဘဲကိုလေ။ (၁) ၁၉၈၉ ခုနှစ် နိုဝင်ဘာလ၊ ထိုင်း-မြန်မာ နယ်စပ် နတ်အိမ်တောင် လမ်းတစ်နေရာ ဖေဖေဟာ နှစ်ခါလည်ကို နည်းနည်းကလေးသာလွန်သေးတဲ့ ကျွန်တော့်ကိုပုခုံးပေါ်မှာ ပိုးပြီး နယ်စပ်ကိုဖြတ်ကျော်မယ့် တောလမ်းတစ်လျှောက်တရွေ့ရွေ့တစ်လှမ်းခြင်းလှမ်းကာ ခရီးဆက်နှင်နေတယ်။ မေမေကတော့ လသားအရွယ် ကျွန်တော့်ညီလေးကို ချီလို့ပေါ့။ ကျွန်တော့်အထက် လေးနှစ်အရွယ်အစ်မကတော့ သူ့အဝတ်အစားတချို့ထည့်ထားတဲ့ ကျောပိုးလွယ်အိတ်သေးသေးကလေးကိုလွယ်ပြီး ဖေ့ဖေ့ရှေ့ကတန်းစီသွားနေတဲ့ အစ်ကိုတွေရဲ့ခြေလှမ်းတွေကို အမီလိုက်ဖို့ ကြိုးစားနေလေရဲ့။ သူ့ပါးစပ်ပေါက် သေးသေးကလေးကတော့ မေမေအော်အော်ဆိုလေ့ရှိတဲ့ “ဒုက္ခဟာ ပျားရည်လို ချိုတယ်” ဆိုတဲ့ သီချင်းစာသားတစ်ပိုင်းတစ်စကို မပီကလာ ပီကလာအသံကလေးနဲ့ အော်ဆိုလို့။ ကံပေါက်ကနေထွက်လာကြတာ နှစ်ရက်လွန်လို့ သုံးရက်မြောက်နေ့ရောက်ခဲ့ပေပြီ။ စစ်တပ်ကင်းစခန်းတွေကို အာရုံလွှဲဖို့ ကံပေါက်-ကလိန်အောင် ကားလမ်းအတိုင်းမဟုတ်ဘဲ လမ်းမကြီးရဲ့ဘေး တောလမ်းတွေတစ်လျှောက်ခြေကျင်လာခဲ့ကြတာ။ ရေး-ထားဝယ်လမ်းမကြီးကို […]